ယမန်နေ့ကစပြီး မြို့အဝင်အထွက်လမ်းတွေကိုစစ်တပ်ကပိတ်ဆို့ထားတဲ့ ရန်ကုန်တိုင်းထဲက ကွမ်းခြံကုန်း-ကော့မှူးနဲ့တွံတေးမြို့နယ်ထဲကရွာအချို့စီးနင်းခံရပြီး ဖမ်းဆီးခံရသူတွေလဲရှိနေတယ်လို့မြေပြင်သတင်းပေးပို့ချက်တွေအရ MLN ကသိရပါတယ်။
တွံ့တေးမြို့နယ်ထဲကစမ်းရွာကို ဒီကနေ့မနက်ထဲကစစ်ကောင်စီတပ်တွေဝင်ရောက်ပိတ်ချလိုက်ပြီး ဝင်ရောက်စီးနင်းကာအိမ်ပေါက်စေ့ အသက်မပြည့်သေးသူတွေကလွဲရင်ယောကျာ်းလေးတွေနဲ့အမျိုးသမီးတွေကိုပါဆွဲချဖမ်းဆီးနေတာတွေရှိနေတယ်လို့ဆိုပါတယ်။
ဒေသတွင်းသတင်းအချက်အလက်တွေအရ
တွံတေးနယ်၊ ကံဘဲ့ရွာတွင် အခြေချနေသည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိသူနှင့် တပ်သား ၁၁ ယောက် ကိုင်ဆောင်လက်နက်များနှင့်အတူ နိုဝင်ဘာလ ၂၁ ရက် ယနေ့နံနက်အစောပိုင်းက ထွက်ပြေးမှုဖြစ်ပွားကြောင်း၊၎င်းထွက်ပြေးစစ်သားများနောက်သို့ အပူတပြင်းလိုက်လံရှာဖွေနေကြကာ လက်ရှိ လမ်းပိတ်စစ်ဆေးမှုတွေလည်းပြုလုပ်နေတယ်လို့ ထုတ်ပြန်ပြောဆိုနေတာတွေရှိပေမယ့် MLN ကသီးခြားအတည်ပြုချက်တော့ရယူနိုင်ခြင်းမရှိသေးပါဘူး။
အဆိုပါစမ်းရွာအနီးမှာရှိတဲ့မိုင်တဲတာဝါတိုင်အစောင့် ၂ ယောက်ယမန်နေ့ကပဲပစ်ခတ်ခံရလို့နေရာမှာတင်ပွဲချင်းပြီးသေဆုံးထားပါသေးတယ်။
စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းကတော့ဒီလိုပိတ်ဆို့စစ်ဆေးနေတာဟာပြည်သူ့ရာကွယ်ရေးတပ်တွေရှိနေတာကြောင့်လုပ်တာဖြစ်တယ်လို့ရပ်ရွာတွင်းသတင်းတွေထုတ်လွှင့်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။