NEWS

ရန်ကုန်တိုင်းတွင် တစ်ရက် ၈ နာရီ မီးဖြတ်ပြီး အလှည့်ကျစနစ်ဖြင့်သာ လျှပ်စစ်မီးပေး

CoverLogo
224 Views

ရန်ကုန်တိုင်း ဒေသကြီး က မြို့နယ်တွေ မှာ လျှပ်စစ်မီးကို တစ်ရက် ၈နာရီ မီးဖြတ်ပြီး အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီး ပေးလျက်ရှိတယ်လို့ လျှပ်စစ်ဝန်ကြီးဌာန မှ နီးစပ်သူတွေ ထံ က သိရပါတယ်။ 

တရက်လျှင် အနည်းဆုံး နှစ်ကြိမ်မီးပျက် ပြီး တကြိမ်လျှင် လေးနာရီကြာကာ တရက်လျှင် ရှစ်နာရီ မီးဖြတ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

"အရင်က လေးနာရီ မီးပေးတယ် လေးနာရီ မီးဖြတ်တယ် အခုက မီးဖြတ်မယ့်အချိန်က ၈နာရီ ဖြတ်မယ် လေးနာရီ မီးပေးတယ် အဲ့လို ပုံစံ ဖြစ်သွားတယ် ""လို့ လျှပ်စစ်ဝန်ကြီးဌာန မှ နီးစပ်သူ တစ်ဦးကပြောပါတယ်။ 

အခုလို လေးနာရီမီးလာ ၈နာရီမီးဖြတ် ပေမယ့် တစ်ချို့ မြို့နယ်တွေမှာ မီးလာချိန်မှာ လေးနာရီ ပင်လျှပ်စစ်မီး မရရှိဘူးလို့ သိရပါတယ်။ 

""လှိုင်သာယာ မှာက လျှပ်စစ်မီး ရရှိမှုအခြေနေ က အတော်လေး အခြေနေ ဆိုးနေတယ် တချို့ ရပ်ကွက်တွေ ဆို တစ်ရက် ကို လေးနာရီ​တောင် လျှပ်စစ်မီး မရဘူး ဖြစ်နေတယ်""လို့ လှိုင်သာယာမြို့နယ် မှ ဒေသခံ အမျိုးသား တစ်ဦးကပြောပါတယ်။ 

ဒါ့အပြင် စက်မှုဇုန်များ လျှပ်စစ်မီးရရှိမှု မှာလည်း တစ်ရက်ကို လေးနာရီသာ မီးရရှိတဲ့ အတွက် စက်ရုံ အလုပ်ရုံ အချို့ ဆက်လက် လည်ပတ်ရန် ခက်ခဲလာတယ်လို့ လုပ်ငန်းရှင် တွေထံက သိရပါတယ်။ 

 


Related posts

Cover
အဖမ်းအဆီးတွေကြောင့် အလုပ်သွားလာရေးအတွက် စိုးရိမ်သောကများနေရ
Dec 30, 2024
Cover
လူအသွားအလာနည်းပါးလာပြီး‌ ဈေးဆိုင်များအရောင်းအဝယ်ကျဆင်းလာ
Dec 23, 2024
Cover
အစိုးရဝန်ထမ်းတွေ တဆက်တည်းရုံးပိတ်ရက်ယူပါက စနေနေ့ရုံးပြန်တက်ပေးရန် သတ်မှတ်
Dec 23, 2024
Cover
ဝန်အားမနိုင်မနင်း ဖြစ်လို့ဟုဆိုကာ ရန်ကုန်တိုင်းအတွင်း မီးပျက်ချိန် ၄ နာရီ ထပ်တိုး
Dec 20, 2024
Cover
ပေါ်တာဆွဲသည့်သတင်းများကြောင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များ အခက်တွေ့နေ
Dec 18, 2024
Cover
အင်တာနက်ဒေတာ သုံးစွဲမှုကုန်ကျစရိတ် ၂ ဆမြင့်တက်လာ အကန့်အသတ်မရှိ ဒေတာအသုံးပြုခွင့်ရောင်းချမှုပါရပ်ဆိုင်း
Dec 12, 2024
Cover
လျှပ်စစ်မီး ရရှိမှုနည်းလာလို့ အလုပ်သမားတွေ အခက်တွေ့
Dec 07, 2024
Cover
ကော်စေ့စက်ရုံမီးလောင်မှု ၈နာရီကျော်ကြာအထိ မီးငြှိမ်းသတ်ခဲ့ရ
Dec 06, 2024