NEWS

ယိုးဒယားနှင့် တရုတ်ပစွည်းများ ဖမ်ဆီးစစ်ဆေးသည့် သတင်းကြောင့် ရောင်းချသူများစိုးရိမ်နေ

CoverLogo
378 Views
 
စစ်ကောင်စီက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ယိုးဒယားနဲ့တရုတ်ပစ္စည်းတွေကိုဖမ်းဆီးစစ်ဆေးတာတွေလုပ်ဆောင်နေလို့ရောင်းချသူတွေစိုးရိမ်သောကရောက်နေရပါတယ်။
 
အောက်တိုဘာလ(၂၃)ရက်မှာစစ်တပ်၊ ရဲနဲ့စည်ပင်ပူးပေါင်းအဖွဲ့တွေကမန္တ‌​လေး ‌​ဈေးချိုအပါအဝင်ကုန်တိုက်‌​တွေ ၊စတိုးဆိုင်တွေနဲ့အရောင်းဆိုင်တွေကိုဝင်ရောက်စစ်ဆေးပြီးကုန်ပစ္စည်းတွေကိုဖမ်းဆီးသိမ်းဆည်းခဲ့တယ်လို့သတင်းဌာနအချို့မှာဖော်ပြခဲ့ပါတယ်။
"စစ်ဆေးရေးလမ်းကြောင်းရှိတယ်ဆိုလို့ပစွည်းတွေသိမ်းထားတာနှစ်ရက်လောက်ရှိပြီ။ပိုင်ရှင်ကသတင်းကြိုရလို့သိမ်းခိုင်းထားတာပါ"လို့‌ Mini Mark အရောင်းဝန်ထမ်းတစ်ဦးက ပြောပါတယ်။
 
အောက်တိုဘာလ(၉)ရက်နေ့ကနေပြည်တော်မှာတရားမဝင်ကုန်သွယ်မှုတိုက်‌ဖျက်ရေးဦးဆောင်ကော်မတီအစည်းအဝေးကိုလုပ်ဆောင်ခဲ့ပြီးဖမ်းဆီးစစ်ဆေးတာတွေလုပ်ဆောင်ဖို့ညွှန်ကြားချက်ထွက်ပေါ်လာတာပါ။
 
တရားမဝင်ကုန်သွယ်မှုများကို နယ်စပ်ဒေသနှင့် ကုန်သွယ်မှုလမ်းကြောင်းပေါ်က တားဆီးစစ်ဆေးခြင်းအပြင် ပြည်တွင်းသိုလှောင်ရုံများနှင့် ဈေးကွက်များအထိ ဝင်ရောက်စစ်ဆေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်ရမယ်လို့ ဆိုထားပါတယ်။
 
"ဆိုင်ကလိုင်စင်ရှိပါတယ်။ပစ္စည်းတွေကတော့အွန်လိုင်းကကော၊ ကုမ္ပဏီကြီးတွေကကောဝယ်ပါတယ်။ဒါတွေကထိုင်းထုတ်တွေပေါ့။အခုပစ္စည်းတွေဆက်ရောင်းရမလား။ဆိုင်ပိတ်ရမလားဝေခွဲမရဘူး။တခုခုဆိုပစ္စည်းတွေသိမ်းသွားရင်ပြန်မရတော့စိတ်ပူတယ်"လို့ဂတ်မီးဖိုနှင့်ဆက်စပ်ပစ္စည်းရောင်းချသူတစ်ဦးကပြောပါတယ်။
 
လက်ရှိမှာနယ်စပ်ဂိတ်တွေနဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်နေတာကြောင့်ကုန်ပစ္စည်းရှားပါးပြတ်လပ်မှုဖြစ်မှာကိုလည်း‌ပြည်သူတွေကစိုးရိမ်နေကြပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026