NEWS

မြို့ကြီး၂၀ ကျော် မှာမြစ်ရေများ စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်ရှိနေ

CoverLogo
330 Views

မြန်မာနိုင်ငံ တဝန်းရှိ မြို့ကြီး ၂၀ကျော် မှာ မြစ်ရေ များ စိုးရိမ်ရေမှတ် ကို ကျော်လွန် ရောက်ရှိနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ရဲ့ ဇူလိုင် ၁၆ရက် မြစ်ရေခန့်မှန်းချက် သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဧရာဝတီမြစ်ရေဟာ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ပြည်၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန် မြို့တို့မှာ စိုးရိမ်ရေမှတ်ကို ကျော်လွန် ရောက်ရှိနေပါတယ်။

ဒါ့အပြင် ဒုဌဝတီ မြစ်ဟာ မြစ်ငယ် မြို့ရဲ့ စိုးရိမ်ရေမှတ် မှာ ကျော်လွန်ရောက်ရှိနေသလို ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်းနဲ့မုံရွာ မြို့တို့မှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

ငဝန် မြစ်ရေဟာ ငါးသိုင်းချောင်းမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်ရှိနေတဲ့ အတွက်စုစုပေါင်း မြို့၂၂မြို့မှာ မြစ်ရေတွေ ဟာ  စိုးရိမ်ရေမှတ် ကို ကျော်လွန်ရောက်ရှိနေတယ်လို့ သိရပါတယ်။

လာမယ့် ၂၄နာရီ အတွင်းမှာ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်၊ ငါးသိုင်းချောင်း မြို့တို့မှာ တော့ မြစ်ရေတွေ ဟာ  မြို့အလိုက် အနည်းဆုံး ၉ စင်တီမီတာကနေအများဆုံး ၃၄ စင်တီမီတာ မြင့်တက်လာမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။


ဓါတ်ပုံများ- MFSD- ရေကြီးနေသည့်နေရာများတွင် ကယ်ဆယ်ရေးများပြုလုပ်စဉ်။


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026