NEWS

မြန်မာရှိ လူ ၃ ဦးလျှင် ၁ ဦး နှုန်း ဝမ်းရေးမဖူလုံမှုနှင့် ရင်ဆိုင်နေရဟု WFP ထုတ်ပြန်

CoverLogo
306 Views
 
မြန်မာနိုင်ငံရှိ လူဦးရေ ၃ ဦး တွင် ၁ ဦး မှာ ၀၀လင်လင်မစားနိုင်ဘဲ ဝမ်းရေးမဖူလုံမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)ကစက်တင်ဘာ၅ရက်က ထုတ်ပြန်ပါတယ်။
 
အခြေခံ စားနပ်ရိက္ခာ ပျမ်းမျှကုန်ဈေးနှုန်းဟာ ၂၀၂၁ ခုနှစ် အစောပိုင်းကာလနဲ့ နှိုင်းယှဉ်ပါက လေးဆအထိ မြင့်တက်လာတဲ့ အတွက် ပြည်သူတွေမှာ အခြေခံအကျဆုံး စားသောက်ဖွယ်ရာကိုပင် မဝယ်စားနိုင်တဲ့ အခြေအနေကို ရောက်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
 
နောက်ဆုံးထွက်ရှိထားတဲ့ Hunger Hotspots Report အရ မြန်မာနိုင်ငံရှိ လူ ၃ ဦးလျှင် ၁ ဦးနှုန်းဖြင့် စုစုပေါင်း လူဦးရေ ၁၆ ဒဿမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရပြီး၊ ၂၀၂၄ ခုနှစ်မှာရှိခဲ့တဲ့ လူဦးရေ ၁၃ ဒဿမ ၃ သန်းကနေ သိသိသာသာ တိုးမြင့်လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် လူဦးရေ ၂ ဒဿမ ၈ သန်းဟာလည်း ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရတဲ့ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။
 
""နယ်ဒေသတွေ မပြောနဲ့ ရန်ကုန်လို နေရာ မှာတောင် ထမင်း နပ်မမှန်တဲ့ သူတွေ အများကြီးပဲ ဒီလိုဖြစ်အောင် စစ်ကောင်စီက လုပ်ထားတာ ပြည်သူတွေ စားဝတ်နေရေးကြပ်တည်းနေရင် နိုင်ငံရေးဘက်မလှည့် နိုင်တော့အောင်အခုက အခြေခံပြည်သူတွေ မှာ ဝင်ငွေနဲ့ ထွက်ငွေ မမျှတ တော့ အာဟာရပြည့်အောင်စားဖို့ထက် ဗိုက်၀ဖို့တောင် မနည်းရုန်းကန်နေရတာ""လို့ ရန်ကုန်မြို့နေပြည်သူတစ်ဦးကပြောပါတယ်။
 
WFP ရဲ့ ထုတ်ပြန်ချက်ထဲ မှာ မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံးတွင် ဆာလောင်မွတ်သိပ်မှုကို ပြင်းထန်စွာ ရင်ဆိုင်နေရတဲ့ လူဦးရေ ပဉ္စမမြောက်(ငါးခုမြောက်) အများဆုံးရှိနေတဲ့ နိုင်ငံဖြစ်လာတယ်လို့ ဖေါ်ပြထားပါတယ်။

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026