NEWS

မြန်မာပလာဇာလုံခြုံရေးလက်မှထွက်ပြေးလွတ်မြောက်လာတဲ့လူငယ်

CoverLogo
3.9K Views

"ကျွန်တော်ခုထိ သူတို့ကန်ထားတဲ့အရှိန်နဲ့ ရင်ဘတ်တွေအောင့်နေတယ် "လို့ ဒီကနေ့မြန်မာပလာဇာကဆန္ဒပြပွဲမှာပါဝင်ပြီးလွတ်မြောက်လာတဲ့ Evan(LGBT Yangon Community)က MLN ကိုပြောပါတယ်။


ဒီကနေ့ညနေပိုင်း ရန်ကင်းမြို့နယ်ထဲကမြန်မာပလာဇာမှာ "စစ်ကောင်စီဒေါက်တိုင်ဟူသမျှဖြိုဖျက်ကြ" ခေါင်းစဥ်နဲ့ လူငယ်တွေပြုလုပ်တဲ့သပိတ်ကို ပလာဇာလုံခြုံရေးမန်နေဂျာနဲ့လုံခြုံရေးဝန်ထမ်းအများအပြားကဖြိုခွင်းခဲ့လို့ ဆန္ဒပြလူငယ်တွေ ထိုးကြိတ်ရိုက်နှက်ခံခဲ့ရတာတွေရှိခဲ့ပါတယ်။ ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး သပိတ်မှာပါဝင်ပြီးလုံခြုံရေးဝန်ထမ်းဆိုသူတွေရဲ့လက်ထဲကထွက်ပြေးလွတ်မြောက်လာတဲ့လူငယ်တဦးက-


"ပထမကျွန်တော်တို့ Strike လုပ်ဖို့စီစဥ်ထားတာမဟုတ်ဖူးပန်းဖလက်ကြဲမယ်ပေါ့ ဒါပေမယ့်စကားစပြောတဲ့အချိန် ၄၅ စက္ကန့်လောက်မှာပဲ သူတို့ရောက်လာတော့ကျွန်တော်တို့ပြေးလိုက်ရတယ်"လို့ Evan ကပြောပါတယ်။
ဒီလိုအုံနဲ့ကျင်းနဲ့ဝိုင်းဝန်းလိုက်စဥ်မှာပဲသပိတ်မှာပါဝင်တဲ့လူငယ်တွေအမျိုးသမီးတွေအားလုံးနီးပါးထိခိုက်ဒဏ်ရာတွေရကုန်ပါတယ်။


"ကျွန်တော်ကမြေညီထပ်ကိုပြေးတဲ့အချိန်အဲ့မှာလုံခြုံရေးကအများကြီး အုံစောင့်နေတာအဲ့ထဲက ကျွန်တော့်ကို လုံခြုံးရေးအယောက်၂၀ လောက်ကဝိုင်းချုပ်ပြီးကန်တော့ ကျွန်တော်ပစ်လဲပြီးမျက်မှန်ကျိုးသွားပြီး ဘာမှမမြင်ရတော့ဘူး။ လုံခြုံရေးတယောက်ဆိုမင်းကိုစစ်တပ်လက်ထဲအပ်မယ်ပြောတာ"လို့ Evan က MLN ကိုဆက်ပြောပါတယ်။
ဒီလိုဝိုင်းဝန်းကန်ကျောက်ထိုးနှက်ပြောဆိုတာတွေကြောင့် ထွက်​ပြေးတဲ့ အမျိုးသမီးတွေပါ ဒဏ်ရာရရှိသွားခဲ့တယ်လို့လဲသိရပါတယ်။


"ကျွန်တော်ဆိုလက်တွေ ကောင်မလေးတယောက်ကတော့လူမြင်ကွင်းမှာဆိုတော့လူတွေဝိုင်းအော်လို့သက်သာသွားတယ် အကိုတယောက်ဆိုခြေထောက်ကခုထိမထောက်နိုင်တော့ဘူး"လို့သူကဆက်ပြောပါတယ်။
ဒီလိုမဆိုင်ပဲဝင်ရောက်ဖမ်းဆီးတဲ့သူတွေကိုပြည်သူတွေကရှုံ့ချကန့်ကွက်နေတာတွေကဒီကိစ္စအပြီးမှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။

"ဒီလူတွေကတော်လှန်ရေးမှာမကူညီရင်တောင်မနှောင့်ယှက်သင့်ဘူးဗျ၊ ကျွန်တော့်ကိုဆိုစစ်တပ်လပ်ထဲအပ်မယ်ပါပြောတာဒီလူတွေက"လို့Evanကပြောပါတယ်။ Evan ကိုရိုက်နှက်ပြီးမြန်မာပလာဇာရုံးခန်းကိုခေါ်ဆောင်သွားစဥ်မှာပဲဘေးလူတဦးရဲ့ညှိနှိုင်းပေးမှု့ကြောင့်လွတ်မြောက်ခဲ့ရတယ်လို့သိရပါတယ်။
ဒါပေမယ့် Evan ရဲ့ပိုက်ဆံအိတ်ကတော့ပြန်မပါလာခဲ့တော့ပါဘူး။ ဒီအကြမ်းဖက်မှု့ဖြစ်စဥ်အပေါ် Myanmar Plaza ရဲ့ရပ်တည်မှု့နဲ့လုံခြုံရေးဝန်ထမ်းတွေအပေါ် Yangon Revolution Force ကအပြင်းအထန်ရှုံ့ချထားတဲ့အပြင်ပြည်သူတွေကလဲ Myanmar Plaza ကို လူမှု့ရေးပြစ်ဒဏ်ပေးတဲ့အနေနဲ့ Boycottလုပ်ကြဖို့တိုက်တွန်းလုပ်ဆောင်နေတယ်လို့သိရပါတယ်။


 


Related posts

Cover
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရသူအများဆုံးနိုင်ငံဖြစ်လာ
Nov 22, 2024
Cover
စားအုန်းဆီပြင်ပပေါက်ဈေးတစ်ပိဿာ ကျပ် (၁၅၀၀၀) အထိရောင်းချနေ
Nov 20, 2024
Cover
ကုန်ဈေးနှုန်းကြောင့် ထောင်ဝင်စာ​ပေးပို့သူ​တွေအခက်​တွေ့
Nov 18, 2024
Cover
စမတ်ကတ် အတုပြုလုပ်ကာ ပတ်စပို့လျှောက်ထားပေးသူ ၂၀ ကျော်ဖမ်းဆီးခံရ
Nov 17, 2024
Cover
တန်​ဆောင်မုန်း လပြည့်ည ရန်ကုန်မှာ ပံ့သကူ​​ကောက်သူများ​နေ
Nov 15, 2024
Cover
တရုတ်ကန့်သတ်ချက်ကြောင့် ပြည်တွင်းကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်လာ
Nov 15, 2024
Cover
တနင်္သာရီတိုင်းမှာ တလအတွင်းပြည်သူ ၁၉ ဦး သတ်ဖြတ်ခံခဲ့ရပြီး စစ်ရှောင်ပြည်သူ ၆ သောင်း ကျော်အထိ ရှိနေ
Nov 14, 2024
Cover
လှိုင်သာယာအနောက်ပိုင်းမြို့နယ်တွင် EPC ဝန်ထမ်းအချို့ ငွေကြေးတောင်းခံပြီး ဓါတ်အားခ လျော့နည်းအောင် အကြံဖန်ပြုလုပ်တာ ပေါ်​ပေါက်လို့ တိမ်း​ရှောင်​နေရတယ်လို့ သတင်းထွက်နေ
Nov 13, 2024