NEWS

မြန်မာနိုင်ငံ၏ လူဦးရေ ဆယ်စုနှစ်အတွင်း ပထမဆုံး အကြိမ် လျော့ကျလာဟု စစ်ခေါင်းဆောင်ပြော

CoverLogo
1K Views
 
မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ်​လျော့ကျလာတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့က ကျင်းပတဲ့ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ထုတ်ပြန်ပွဲမှာပြောခဲ့ပါတယ်။
 
၂၀၀၀ ပြည့်နှစ် မတိုင်မီကာလ တွေမှာလူဦးရေ သိသိသာသာတိုးတက်လာခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက် ကောက်ယူခဲ့တဲ့ ၂၀၂၄ ခုနှစ်သန်းခေါင်စာရင်းအရ လူဦးရေဟာ အနည်းငယ် လျော့ကျလာတယ်လို့ ဆိုပါတယ်။
 
အခုလို လူဦးရေလျော့ကျလာတာဟာ မွေးဖွားနှုန်းကျဆင်းခြင်း၊ ရွှေ့ပြောင်းသွားလာမှု မြင့်မားလာခြင်းနှင့် မိသားစုပုံစံ
များ ပြောင်းလဲလာခြင်းတို့ကြောင့်ဖြစ်ကာ စိန်ခေါ်မှုတခုဖြစ်သကဲ့သို့ အခွင့်အလမ်းတခုဟုလည်း မှတ်ယူနိုင်တယ်လို့ ၎င်းကပြောပါတယ်။
 
၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အစီခံစာအရ စာရင်းမကောက်ယူနိုင်တဲ့ ဒေသတွေ အတွက် ခန့်မှန်းလူဦးရေ ၁၉ဒသမ ၂သန်း အပါအ၀င် မြန်မာနိုင်ငံ၏ လူဦးရေ စုစုပေါင်းသည် ၅၁ဒသမ၄သန်းဖြစ်ပြီး စုစုပေါင်းလူဦးရေ တွင် အမျိုးသား၄၇ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၅၃ ရာခိုင်နှုန်း ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
 
ပြည်ပရွှေ့ပြောင်းသွားလာမှုအနေဖြင့် စာရင်းကောက်ယူခဲ့သော အိမ်ထောင်စုများ၏ဖြေဆိုမှုအရ ပြည်ပ၌နေထိုင်သူ မြန်မာနိုင်ငံသား ၁ ဒသမ ၁၂ သန်းကျော်ရှိပြီး ထိုင်းနိုင်ငံတွင် ၆၉ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ကာ မလေးရှားနိုင်ငံတွင်၁၂ရာခိုင်နှုန်း၊ စင်္ကာပူနိုင်ငံတွင် ၅ရာခိုင်နှုန်းရှိတယ်လို့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီးမှ ရွှေ့ပြောင်းနေထိုင်သူတွေဟာ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ အမေရိကန်နိုင်ငံ စတဲ့ နိုင်ငံစုံသို့ ရွှေ့ပြောင်းကြသလို ချင်းပြည်နယ်မှ ရွှေ့ပြောင်းနေထိုင်သူများရဲ့ ၄ဝ ရာခိုင်နှုန်းနီးပါးဟာ အမေရိကန်နိုင်ငံတွင် နေထိုင်ကြကြောင်း၊ ပြည်ပသို့ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ထက်ဝက်ကျော်ဟာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး တို့မှဖြစ်တယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်။
 

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026