NEWS

မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့

CoverLogo
271 Views
 
မြန်မာနိုင်ငံ အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ သက်ဆိုင်ရာ နိုင်ငံတွေအလိုက်လွှဲပြောင်းပေး ခဲ့တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
 
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်ကနေ အောက်တိုဘာလအထိ တရားမဝင် ဝင်ရောက်နေတဲ့ ပြည်ပနိုင်ငံသား ၉၄၃၉ ဦးကို စစ်ဆေးဖေါ်ထုတ်ခဲ့ပြီး အဲ့ဒီထဲက ၉၃၃၇ ဦးကို ထိုင်းနိုင်ငံ က တစ်ဆင့် သက်ဆိုင်ရာနိုင်ငံ တွေ ကို ဥပဒေလုပ်ထုံးလုပ်နည်း တွေ နဲ့ အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့တယ်လို့ဆိုပါတယ်။
 
၎င်းနိုင်ငံခြားသားတွေဟာ ထိုင်းနိုင်ငံအပါအဝင်အိမ်နီးချင်းနိုင်ငံတချို့ကိုတစ်ဆင့်ခံ ဖြတ်သန်းပြီး၊မြန်မာနိုင်ငံအတွင်း နယ်စပ်လမ်းကြောင်း တွေကတစ်ဆင့် တရားမဝင် ဝင်ရောက်ကာ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကို၊ မဲ့ထော်သလေး (KK Park) နဲ့ကျောက်ခတ်နယ်မြေတွေမှာ တရားမဝင် အွန်လိုင်းလောင်းကစားမှု တွေ၊ အွန်လိုင်းလိမ်လည်မှု တွေ၊ ဒုစရိုက်မှု တွေ ကျူးလွန်ခဲ့ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
 
ပြန်ပို့လိုက်တဲ့ နိုင်ငံခြားသား၉၀၀၀ ကျော်ထဲမှာ အိန္ဒိယ၊ တရုတ်၊ ဖိလစ်ပိုင်၊ နီပေါ၊ မလေးရှား၊ ရုရှား၊တောင်အာဖရိကနိုင်ငံ စတဲ့ နိုင်ငံတွေမှ နိုင်ငံသားတွေ ပါဝင်တယ်လို့သိရပါတယ်။
 
ကျန်ရှိတဲ့ ပြည်ပနိုင်ငံသား ၁၀၂ ဦးကို လည်း သက်ဆိုင်ရာ နိုင်ငံ တွေ ကို လွှဲပြောင်းပေးဖို့ အသင့်ဖြစ်နေပြီဖြစ်ပြီး ၊ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရသိရှိရပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026