NEWS

မြန်မာတစ်နိုင်ငံလုံးရှိ စက်မှုဇုန်များတွင် လျှပ်စစ်မီး  တစ်ရက်လျှင် ၂နာရီသာရရှိမည်ဟုဆို

CoverLogo
677 Views

မြန်မာတစ် နိုင်ငံလုံးရှိ စက်မှုဇုန်များက စက်ရုံအားလုံးကို လျှပ်စစ်မီး တစ်ရက်လျှင် ၂နာရီသာရရှိ‌ေတာ့ မယ်လို့ စက်မှုလုပ်ငန်းရှင်တွေထံကသိရပါတယ်။ယခင်ကတစ်ရက် ကို လျှပ်စစ်မီး လေးနာရီ ရရှိပေမယ့် မေလ၁၉ရက်ကစပြီး 
တစ်ရက် ကို နှစ်နာရီသာပေးတော့မယ်လို့ သက်ဆိုင်ရာမြို့နယ်လျှပ်စစ်ရုံးတွေကတစ်ဆင့် အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။ 

""စာနဲ့ပို့ပြီးအကြောင်းကြားတာတော့မဟုတ်ဘူး။လျှပ်စစ်ရုံးက ဖုန်းနဲ့လှမ်းပြောတာ
ကျနော်တို့ကမှန် စက်ရုံဆိုတော့ ဖြတ်တောက်တာတွေက လျှပ်စစ်မီးရှိမှ အဆင်ပြေတာ မီးစက်နဲ့သုံးဖို့ကျတော့လည်းကုန်ကျတဲ့ ဆီတန်ဖိုးပါထည့်ပေါင်းလိုက်ရင် ကုန်ပစ္စည်းက စျေးနှုန်းကကြီးသွားမယ်။ အဆင်မပြေဘူး အဲ့တော့မီးလာတဲ့အချိန် ကိုပဲ လုပ်ရတာများတယ် အခုလို မီးရချိန်က နည်းသွားတော့ ရေရှည်မှာ ဘယ်လိုလုပ်ရမလဲ တွေးနေရပြီ။မီးမလာလို့အလုပ်ကရပ်ထားရ‌ပေမယ့် အလုပ်သမားခ စက်ရုံငှားခတွေ ပေးနေရမှာပဲ  ကျနော်တစ်ယောက်တည်းတော့မဟုတ်ပါဘူး အခုလို ဖြစ်နေတာတော့ လုပ်ငန်းရှင်တော်တော်များများ ကြုံနေရတဲ့အခက်အခဲတွေပါပဲ "လို့ လှိုင်သာယာစက်မှုဇုန် ၃ မှ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

လက်တလောမှာ လျှပ်စစ်ဓာတ်အားလုံလောက်မှုမရှိတာကြောင့် စက်မှုဇုန်တွေကို ရေရရှိနိုင်ရေးအတွက် (ရေတင်ရန်) တစ်နေ့ ၂ နာရီသာ လျှပ်စစ်မီးပေးတော့တာဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ရုံးက တာဝန်ရှိသူတစ်ဦးက ပြည်တွင်း သတင်းဌာနတစ်ခုကို ဖြေကြားထားတာလည်းတွေ့ရပါတယ်။

"အလုပ်ရှင် တွေက ငွေပိုကုန်လာတော့ အမြတ်နည်းတာတို့အရှုံးပေါ်တာတို့ဖြစ်လာရင် အလုပ်သမားတွေအတွက် လုပ်ခလစာနည်းလာမှာပေါ့နော် လုပ်ငန်းရှင်တယောက်တင်ထားတာဖတ်လိုက်ရတာက မီးပေးတဲ့အချိန်ကလည်းစက်ရုံမဖွင့်ခင်အချိန်လို့ပြောတယ်"လို့ အလုပ်သမားအရေးလှုပ်ရှားသူက ပြောပါတယ်။ 

ယခုလို နိုင်ငံတဝန်းရှိ စက်မှုဇုန်တွေကို လျှပ်စစ်မီးပေးချိန် လျော့ချလိုက်ပေမယ့် ပြည်သူတွေ အတွက် လျှပ်စစ်မီးပေးချိန် ဟာ အချိန်အပြည့်မရရှိသေးပဲ တစ်ရက်ကို၄နာရီမှ ၆နာရီဝန်းကျင်သာ ရရှိတယ်လို့ သိရပါတယ်။

ယခုနွေရာသီမှာ ရာသီဥတုအပူချိန် ပိုများလာပေမယ့် ပြည်သူတွေအနေနဲ့လျှပ်စစ်မီးရရှိမှုကတော့ အချိန်အလွန်နည်းတာကြောင့် ရာသီဥတုအပူဒဏ်ကို ပိုမိုခံစားနေရကာ‌ အပူဒဏ်ကြောင့် အသက်သေဆုံးမှုတွေလည်း များနေတယ်လို့သိရပါတယ်။


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026