NEWS

မြန်မာက ဆာလောင် အာဟာရချို့တဲ့မှုတွေအတွက် ကိုရီးယားက ကန်ဒေါ်လာ ၁၀ သန်း ရန်ပုံငွေပံ့ပိုး

CoverLogo
138 Views
 
ကိုရီးယားသမ္မတနိုင်ငံနဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ဟာ မြန်မာက ဆာလောင်အာဟာရချို့တဲ့မှုတွေအတွက်“REACH” လို့ အမည်ပေးထားတဲ့ အရေးပေါ်အကူအညီပေး‌ရေး လုပ်ငန်းအစီအစဥ်တစ်ရပ်ကို စတင်လိုက်ရာ ကိုရီးယားကကန်ဒေါ်လာ ၁၀ သန်း ရန်ပုံငွေပံ့ပိုးပေးလိုက်တယ်လို့သိရပါတယ်။
 
REACH အရေးပေါ်အကူညီပေးရေးအစီစဉ်ဟာ
ပဋိပက္ခနဲ့ ငလျင်ဒဏ်သင့်ဒေသတွေက လူဦးရေ သုံးသိန်း ဝန်းကျင်ကို နှစ်လစာ စားနပ်ရိက္ခာတွေ နဲ့/ သို့မဟုတ် စားနပ်ရိက္ခာဝယ်ယူနိုင်ဖို့ မိုဘိုင်းလ်ပိုက်ဆံ သို့မဟုတ် ဘောက်ချာကတစ်ဆင့် ငွေသားအထောက်အပံ့တွေ ပေးအပ်သွားမှာဖြစ်ရာ နောက်ထပ်အ‌ေနနဲ့ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေနဲ့ ကလေးငယ်တွေ စုစုပေါင်း လူဦးရေ ၂၄,၀၀၀ တို့ကိုလည်း အာဟာရချို့တဲ့မှု ကာကွယ်ရေးနဲ့ ကုသရေး အကူအညီတွေ ပေးအပ်သွားမယ်လို့ဆိုထားပါတယ်။
 
" မြန်မာနိုင်ငံမှာ စံချိန်တင်မြင့်တက်နေတဲ့ ဆာလောင်မွတ်သိပ်မှုအခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ ဘေးဒုက္ခရောက်နေကြသူ ပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ဖို့ကို REACH အစီစဉ်ရေးဆွဲပြီး အထောက်အပံ့တွေကို ဒေသခံမိတ်ဖက်အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ (NGOs) နဲ့ လက်တွဲပြီး အကူအညီလိုအပ်နေသူတွေဆီ တိုက်ရိုက်ပေးအပ်သွားမှာဖြစ်ပါတယ်။"လို့ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ လူ ၃ ဦးလျှင် ၁ ဦးနှုန်းနဲ့ စုစုပေါင်း လူဦးရေ ၁၆ ဒဿမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရပြီးအဲဒီထဲကမှ လူဦးရေ ၂ ဒဿမ ၈ သန်းဟာ ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရတဲ့ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရတယ်လို့ WFP က ထုတ်ပြန်ဖော်ပြထားပါတယ်။
 
အခြေခံစားနပ်ရိက္ခာရဲ့ ပျမ်းမျှကုန်စျေးနှုန်းဟာ ၂၀၂၁ ခုနှစ်အစောပိုင်းကာလနဲ့ ယှဥ်မယ်ဆို အခုအခါ လေးဆအထိ တိုးမြင့်လာတဲ့အတွက် မြန်မာနိုင်ငံက ချို့တဲ့လူတန်းစားတွေဟာ အငတ်ဘေးနဲ့ရင်ဆိုင်နေကြရပါတယ်။
 
ဒါကြောင့် REACH အစီအစဥ်က ဆာလောင်မွတ်သိပ်မှုကို အပြင်းထန်ဆုံးခံစားနေကြရတဲ့ အထူးသဖြင့် သွားလာရခက်ပြီး ဝေးလံခေါင်းပါးတဲ့ဒေသတွေမှာ စားနပ်ရိက္ခာအကူအညီပေးအပ်သွားနိုင်စေဖို့ရည်ရွယ်ထားတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)ကဖော်ပြထားပါတယ်။

Related posts

Cover
NUG အလုပ်သမားဝန်ကြီးဌာန အပါ ဝန်ကြီးဌာန ၃ ခုကို ပေါင်းစည်းဖွဲ့မည်
Nov 30, 2025
Cover
စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဦးအောင်ကျော်ဟိုး လှိုင်သာယာမြို့နယ်ပြည်သူ့လွှတ် တော်နေရာ အတွက် ရွေးကောက်ပွဲဝင်ပြိုင်
Nov 30, 2025
Cover
နိုင်ငံခြားသားနှင့် ထိမ်းမြားလက်ထပ်ကျမ်းကျိန်လွှာပြုလုပ်မှု စိစစ်တင်းကြပ်
Nov 30, 2025
Cover
ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံ မကာအိုဒေသမှ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များအတွက် ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာ ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့်ပြု
Nov 21, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025
Cover
ပဲခူးမြို့အတွင်း ခရီးသည်တင်ယာဉ်လိုင်းများ ဖြတ်သန်းခွင့်မပေးတော့သဖြင့် ခရီးသွားများ အခက်တွေ့
Nov 15, 2025
Cover
ရန်ကုန်မှာ တိုက်ခန်းဝယ်ယူခွင့် စာရွက်စာတမ်းအတုနဲ့ လိမ်လည်မှုတွေရှိလာ
Nov 04, 2025
Cover
ရန်ကုန်လေဆိပ်ကို ညပိုင်းအချိန် ၂လကြာပိတ်မယ်လို့ကြေညာ
Oct 30, 2025