NEWS

မြန်မာက ဆာလောင် အာဟာရချို့တဲ့မှုတွေအတွက် ကိုရီးယားက ကန်ဒေါ်လာ ၁၀ သန်း ရန်ပုံငွေပံ့ပိုး

CoverLogo
325 Views
 
ကိုရီးယားသမ္မတနိုင်ငံနဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ဟာ မြန်မာက ဆာလောင်အာဟာရချို့တဲ့မှုတွေအတွက်“REACH” လို့ အမည်ပေးထားတဲ့ အရေးပေါ်အကူအညီပေး‌ရေး လုပ်ငန်းအစီအစဥ်တစ်ရပ်ကို စတင်လိုက်ရာ ကိုရီးယားကကန်ဒေါ်လာ ၁၀ သန်း ရန်ပုံငွေပံ့ပိုးပေးလိုက်တယ်လို့သိရပါတယ်။
 
REACH အရေးပေါ်အကူညီပေးရေးအစီစဉ်ဟာ
ပဋိပက္ခနဲ့ ငလျင်ဒဏ်သင့်ဒေသတွေက လူဦးရေ သုံးသိန်း ဝန်းကျင်ကို နှစ်လစာ စားနပ်ရိက္ခာတွေ နဲ့/ သို့မဟုတ် စားနပ်ရိက္ခာဝယ်ယူနိုင်ဖို့ မိုဘိုင်းလ်ပိုက်ဆံ သို့မဟုတ် ဘောက်ချာကတစ်ဆင့် ငွေသားအထောက်အပံ့တွေ ပေးအပ်သွားမှာဖြစ်ရာ နောက်ထပ်အ‌ေနနဲ့ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေနဲ့ ကလေးငယ်တွေ စုစုပေါင်း လူဦးရေ ၂၄,၀၀၀ တို့ကိုလည်း အာဟာရချို့တဲ့မှု ကာကွယ်ရေးနဲ့ ကုသရေး အကူအညီတွေ ပေးအပ်သွားမယ်လို့ဆိုထားပါတယ်။
 
" မြန်မာနိုင်ငံမှာ စံချိန်တင်မြင့်တက်နေတဲ့ ဆာလောင်မွတ်သိပ်မှုအခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ ဘေးဒုက္ခရောက်နေကြသူ ပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ဖို့ကို REACH အစီစဉ်ရေးဆွဲပြီး အထောက်အပံ့တွေကို ဒေသခံမိတ်ဖက်အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ (NGOs) နဲ့ လက်တွဲပြီး အကူအညီလိုအပ်နေသူတွေဆီ တိုက်ရိုက်ပေးအပ်သွားမှာဖြစ်ပါတယ်။"လို့ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ လူ ၃ ဦးလျှင် ၁ ဦးနှုန်းနဲ့ စုစုပေါင်း လူဦးရေ ၁၆ ဒဿမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရပြီးအဲဒီထဲကမှ လူဦးရေ ၂ ဒဿမ ၈ သန်းဟာ ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရတဲ့ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရတယ်လို့ WFP က ထုတ်ပြန်ဖော်ပြထားပါတယ်။
 
အခြေခံစားနပ်ရိက္ခာရဲ့ ပျမ်းမျှကုန်စျေးနှုန်းဟာ ၂၀၂၁ ခုနှစ်အစောပိုင်းကာလနဲ့ ယှဥ်မယ်ဆို အခုအခါ လေးဆအထိ တိုးမြင့်လာတဲ့အတွက် မြန်မာနိုင်ငံက ချို့တဲ့လူတန်းစားတွေဟာ အငတ်ဘေးနဲ့ရင်ဆိုင်နေကြရပါတယ်။
 
ဒါကြောင့် REACH အစီအစဥ်က ဆာလောင်မွတ်သိပ်မှုကို အပြင်းထန်ဆုံးခံစားနေကြရတဲ့ အထူးသဖြင့် သွားလာရခက်ပြီး ဝေးလံခေါင်းပါးတဲ့ဒေသတွေမှာ စားနပ်ရိက္ခာအကူအညီပေးအပ်သွားနိုင်စေဖို့ရည်ရွယ်ထားတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)ကဖော်ပြထားပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026