NEWS

မော်လမြိုင်မှာ ဆီဆိုင် မီးလောင်ပေါက်ကွဲလို့ ယာဉ်မောင်းသေဆုံးပြီး မီးသတ်အပါအဝင် ၂၀ ကျော် ဒဏ်ရာရ

CoverLogo
690 Views

မွန်ပြည်နယ် မော်လမြိုင် ရိုးဂိုးကျေးရွာမှာ နိုဝင်ဘာ ၇ရက် ညပိုင်းက ဆီဆိုင်မီးလောင်ပေါက်ကွဲခဲ့လို့ ယာဉ် မောင်းသေဆုံးခဲ့ပြီး မီးသတ်ဝန်ထမ်းတွေအပါအဝင် ၂၀ကျော် ဒဏ်ရာရခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ 

မော်လမြိုင်-မုဒုံကားလမ်းနံဘေးရှိ မင်းသန့် စက်သုံးဆီအရောင်းဆိုင်မှာ နိုဝင်ဘာ ၇ရက် ညနေ ၅နာရီ မိနစ် ၂၀ခန့်မှာ ဆီသိုလှောင်ကမ်းထဲသို့ ဆီဘောက်ဆာကားပေါ်မှ ဆီချနေချိန်မှာ မီးလောင်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

ဆီဘောက်ဆာကားမီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်တွေက မီးငြိမ်းသတ်ကာ လူမှုရေးအသင်းအဖွဲ့တွေက ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေစဉ် ဆီသိုလှောင်ကန် ထပ်မံပေါက်ကွဲခဲ့တာလို့ သိရပါတယ်။ 

ဆီဘောက်ကား ယာဉ်မောင်းဖြစ်သူမှာ မီးလောင်ပေါက်ကွဲစဉ် ရရှိခဲ့တဲ့မီးလောင်ဒဏ်ရာတွေကြောင့် မော်လမြိုင်ဆေးရုံမှာ ကုသနေစဉ် နိုဝင်ဘာ ၈ရက် မနက်အစောပိုင်းမှာ သေဆုံးခဲ့ပါ တယ်။ 

ဒါ့အပြင် မီးလောင်ပေါက်ကွဲမှုကြောင့် မီးသတ်တပ်ဖွဲ့ ဝင် ၈ ဦးအပါအဝင် လူ ၂၀ကျော်မီးလောင်ဒဏ်ရာတွေ အသီးသီးရရှိခဲ့ပါတယ်။ 

ဆီဆိုင်မီးလောင်မှုကို မီးသတ်တပ်ဖွဲ့က နိုဝင်ဘာ၇ရက် ည ၇နာရီကျော်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၁၀နာရီခန့်တွင် မီးငြှိမ်းနိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ 

ပုံစာ- မီးလောင်နေသော ဆီဆိုင်ကို နိုဝင်ဘာ ၇ရက်ညပိုင်းတွင် မီးသတ်များ မီးငြိမ်းသတ်နေစဉ်။ ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်

 


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026