NEWS

မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကြွေးဟောင်းကျေ မှ ထုတ်ချေးမယ်လို့အသိပေး

CoverLogo
533 Views
 
၂၀၂၅ နှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေတွေကို ယခင်ကချေးငွေတွေရဲ့ အကြွေးကျန်အားလုံးကင်းရှင်းတဲ့ တောင်သူများကိုသာ ထုတ်ချေးပေးသွားမယ်လို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် က အသိပေးကြေညာလာပါတယ်။
ယခင်ချေးငွေ အရင်း၊ အတိုး ကျေစွာ ပေးဆပ်ပြီးတဲ့ တောင်သူတွေထံ မိုးရာသီစိုက်ပျိုးချိန်အမီ မေလ ၁၉ ရက်နေ့မှ စတင်ကာ ငွေတွေကို ထုတ်ချေးပေးနေတယ်လို့ ဆိုပါတယ်။
 
စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီရရှိနိုင်ဖို့ တောင်သူတွေအနေနဲ့ အရင်ကြွေးကျန်များ ပေးချေပြီးပါက မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်၊ သက် ဆိုင်ရာ ခရိုင်/မြို့ နယ်ဘဏ်ခွဲတွေမှာ အမြန်ဆက်သွယ်ကြဖို့ကိုလည်းမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အသိပေးပြောထားပါတယ်။
 
မိုးရာသီစိုက်ပျိုးစရိတ်‌ချေးငွေကို သက်ဆိုင်ရာ ခရိုင်နဲ့ မြို့နယ် ဘဏ်ခွဲများမှ တစ်ဆင့် ထုတ်ချေးနိုင်ပြီး၊ အတိုးနှုန်းအနေနဲ့ ၅ ရာ ခိုင်နှုန်းသတ်မှတ်ထားတယ်လို့သိရပါတယ်။
 
စီမံ/ဘဏ္ဍာဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ မြန်မာနိုင်ငံတစ်ဝန်းလုံးက တောင်သူလယ်သမားတွေထံ စိုက်ပျိုးစရိတ်ချေးငွေတွေကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိပါတယ်။ချေးငွေရယူလိုတဲ့ တောင်သူများအနေနဲ့ စပါးသီးနှံတစ်ဧကကို ငွေကျပ် တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံဖြစ်ပါက တစ်ဧကကို ငွေကျပ် တစ်သိန်းနှုန်းနဲ့ ချေးယူနိုင်တာလည်း ဖြစ်ပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026