NEWS

မိတ္ထီလာတက္ကသိုလ် ဗကသ ဥက္ကဋ္ဌဟောင်း မသဲစုနိုင်နှင့် ဖခင်တို့ကို စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွား

CoverLogo
1K Views

ယနေ့ နိုဝင်ဘာလ၊၂၂ရက်နေ့ ညနေ(၅)နာရီခန့်တွင် မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်)မှ ဥက္ကဋ္ဌဟောင်းဖြစ်သူ မသဲစုနိုင်ကို အကြမ်းဖက်စစ်အုပ်စုမှ သေနတ်ပစ်ဖောက်ခြိမ်းခြောက်ပြီး ဖမ်းဆီးခြင်းခံလိုက်ရတယ်လို့ ဗကသများ အဖွဲ့ချုပ်ကထုတ်ပြန်ပါတယ်။

ထို့ပြင် မသဲစုနိုင်၏  ဖခင် ဖြစ်သူကိုပါ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး နေအိမ်ရှိဖုန်းအားလုံးကိုလဲသိမ်းယူသွားခဲ့ကြောင်းသိရပါတယ်။

မသဲစုနိုင်သည် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ကျောင်းဆရာမတဦးသာ ဖြစ်သော်လည်း အကြမ်းဖက်စစ်အုပ်စုဘက်မှ  မသဲစုနိုင်အား PDFခေါင်းဆောင်ပိုင်း အမျိုးသမီးဟု စွပ်စွဲကာဖမ်းဆီးသွားခဲ့ခြင်းဖြစ်တး်လို့ဆိုပါတယ်။

ထို့ပြင် မည်သည့်နေရာသို့ဖမ်းဆီးခေါ်ဆောင်သွားပြီး မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကိုမူ မသိရှိရသည့်အတွက် အကြမ်းဖက်ဖမ်းဆီးခြင်းခံရသော မသဲစုနိုင်နှင့်အတူ ဖမ်းဆီးခံသူမဖခင်၏ အသက်အန္တရာယ်နှင့်လုံခြုံရေးအတွက် များစွာစိုးရိမ်​ကြောင်း ဗကသများအဖွဲ့ချုပ်ကယ​နေ့ထုတ်ပြန်လိုက်တာပါ။


Related posts

Cover
ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ မှ စပြီး အပိုင်း လိုက် ကျင်းပမည်ဟု စစ်ကော်မရှင် ကြေညာ
Aug 18, 2025
Cover
တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းကို တိုကင်စနစ် ဖြင့် ထုတ်ပေးမည်ဟုဆို
Aug 17, 2025
Cover
နိုင်ငံကူးလက်မှတ်ပြုလုပ်သူ နည်းလာ
Aug 14, 2025
Cover
လွတ်ရက်စေ့ပြီး ထောင်ဗူး၀တွင် ပြန်အဖမ်းခံရသည့် နိုင်ကျဉ်း ၇၄ ဦး အထိ ရှိလာ
Aug 11, 2025
Cover
လာမည့် ၁၀ရက် အတွင်း မြစ်ရေများ လက်ရှိရေအမှတ်ထက် ၁ ပေမှ ၅ ပေအထိ မြင့်တက်မည်
Aug 11, 2025
Cover
နိုင်ငံကူးလက်မှတ် PJ အမျိုးအစား မှ PE အမျိုးအစား သို့ ပြောင်းလဲ ပြုလုပ်ခွင့် ပိတ်ပင်ခံရ
Aug 11, 2025
Cover
တစ်နိုင်တပိုင်လုပ်ငန်းငယ်တွေ အလုပ်သမားခေါ်ဖို့အခက်တွေ့လာ
Aug 11, 2025
Cover
ဆာဗာချိုယွင်းမှုကြောင့်ဆိုကာ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်း ထုတ်ပေးမှု ယာယီရပ်ဆိုင်း
Aug 05, 2025