NEWS

မနေ့ညလျှပ်စစ်ဓါတ်အားပြတ်တောက်ချိန်မြို့နယ်အချို့မှာစစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းပြီးလူငယ်အချို့ကိုဖမ်းဆီး

CoverLogo
1.4K Views

မနေ့ညကရန်ကုန်တမြို့လုံးနီးပါးလျှပ်စစ်မီးပြတ်တောက်နေချိန်မှာပဲ
ရန်ကုန် လှိုင်မြို့နယ် ၇ ရပ်ကွက်  ဓမ္မသုခကျောင်းလမ်း Royal Thukha ကွန်ဒိုကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းနဲ့ ဝင်ရောက် စီးနင်းခဲ့ပြီး လူငယ်အများအပြားဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။

"အဲ့ဒီ့ကွန်ဒိုနဲ့မျက်နှာခြင်းဆိုင်ကThe Leafကွန်ဒိုကိုပါဝင်မွှေနေတာလူငယ်လေးယောက်လောက်ကိုဖမ်းပြီးရိုက်နှက်နေတာတွေ့တယ်"လို့ဒေသခံတဦးကပြောပါတယ်။

ထို့အပြင်သာကေတမြို့နယ်ထဲမှာလဲ၁၀ မြောက်ရပ်ကွက် အမှတ်(၂)ရဲစခန်းနောက်ဖက်အခြမ်းကနေအိမ်တွေကိုစစ်ကောင်စီတပ်တွေလက်နက်အပြည့်အစုံနဲ့တခန်းစီအကုန်ဝင်စစ်သွားတယ်လို့သိရပါတယ်။

အလံုမြို့နယ်ထဲမှာလဲမနေ့ ည ၈ နာရီ လျှပ်စစ်မီးပြတ်တောက်ချိန် မှာပဲ ရာမလမ်းထဲက သံပုံးတီးတဲ့အိမ်တွေဆီ စစ်တပ်က ရောက်ရှိလာပြီး အိမ်တံခါးများကို ဆောင့်ကန်ခြင်း၊ ဖုန်းများယူစစ်ပြီး လူငယ်၄ဦးကိုဖမ်းဆီးသွားတယ်လို့ဒေသခံတွေရဲ့မြေပြင်သတင်းပေးပို့ချက်တွေအရသိရပါတယ်။

မြောက်ဒဂုံမှာတော့စစ်ကားအကြီးတစီးနဲ့လမ်းပိတ်ဆို့ပြီးဖမ်းဆီးတာတွေရှိခဲ့သလိုလှိုင်မြို့နယ်ထဲမှာလဲဝင်ရောက်ဖမ်းဆီးမှု့တွေရှိခဲ့တယ်လို့သိရပြီးဘယ်သူတွေကိုဘယ်လိုအကြောင်းနဲ့ဖမ်းဆီးသွားတယ်ဆိုတာတော့MLNကသီးခြားအတည်ပြုချက်ရယူနိုင်ခဲ့ခြင်းမရှိပါဘူး။


Related posts

Cover
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့ (ရုပ်သံသတင်း)
Oct 09, 2025
Cover
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့
Oct 09, 2025
Cover
အသက် ၁၈ မှ၂၄ နှစ် ကြားရှိ လူငယ်ငါးသန်းကျော် ပညာသင်ယူမှုနယ်ပယ် တွင်မရှိတော့ဟုဆို
Oct 07, 2025
Cover
ပဲခူး-ရန်ကုန် ယာဉ်လိုင်းမှ ယာဉ်အချို့ သတ်မှတ်ဈေးထက် ယာဉ်စီးခ ပိုမိုကောက်ယူသဖြင့် ခရီးသွားပြည်သူများ အခက်တွေ့
Oct 07, 2025
Cover
အသက် ၁၈ မှ၂၄ နှစ် ကြားရှိ လူငယ်ငါးသန်းကျော် ပညာသင်ယူမှုနယ်ပယ် တွင်မရှိတော့ဟုဆို (ရုပ်သံသတင်း)
Oct 07, 2025
Cover
ပဲခူး-ရန်ကုန် ယာဉ်လိုင်းမှ ယာဉ်အချို့ သတ်မှတ်ဈေးထက် ယာဉ်စီးခ ပိုမိုကောက်ယူသဖြင့် ခရီးသွားပြည်သူများ အခက်တွေ့ (ရုပ်သံသတင်း)
Oct 07, 2025
Cover
အမျိုးသမီး ၈ ဦးကို ဇနီးမယားအဖြစ် ရောင်းစားရန် စီစဉ်သူများကို ထောင် ၁၀ နှစ်စီချ(ရုပ်သံ သတင်း)
Oct 06, 2025
Cover
မြန်မာနိုင်ငံရှိ လူငယ် အမျိုးသမီးများ အလုပ်လုပ်ဖို့ အတားဆီးများစွာ ရင်ဆိုင်နေရဟုဆို
Oct 04, 2025