NEWS

မတင်မမဦး(အမျိုးသမီးနဲ့ကလေးသူငယ်အခွင့်အရေးဆိုင်ရာကူညီစောင့်ရှောက်ရေးအဖွဲ့ခေါင်းဆောင်-နယူဇီလန်)နှင့်တွေ့ဆုံမေးမြန်းခြင်း။

CoverLogo
1.9K Views

"ကိုယ့်အမေ ကိုယ့်နှမ ကိုယ့်အဖွား ကိုယ့်ဘဝထဲကအမျိုးသမီးတယောက်လို့ မျက်လုံးထဲမြင်ပြီးကိုယ်ချင်းစာတရားထားပါလို့" ကျူးလွန်နေတဲ့သူတွေကိုပြောချင်တယ် မုဒိန်းဆိုတာစစ်နဲ့လဲမဆိုင်ဘူးအမျိုးသမီးတွေကိုပစ်မှတ်ထားတိုက်ခိုက်စရာမလိုဘူး။လူကြီးလူကောင်းဆန်ဆန်ပေါ့၊ နိုင်မယ့်သူကနိုင်မှာပဲ"

ဒီကနေ့ နို၀င်ဘာ ၂၅ မှာ ကျရောက်တဲ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးများ အကြမ်းဖက်မှု့ပပျောက်ရေးနေ့မှာ လက်ရှိမြန်မာပြည်မှာစစ်အုပ်စုရဲ့အကြမ်းဖက်မှု့ခံနေရတဲ့အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့လှုပ်ရှားမှု့တွေ ဆောင်ရွက်ပေးနေမှု့အခြေအနေတွေကိုမတင်မမဦး(အမျိုးသမီးနဲ့ကလေးသူငယ်အခွင့်အရေးဆိုင်ရာကူညီစောင့်ရှောက်ရေးအဖွဲ့ခေါင်းဆောင်-နယူဇီလန်)နှင့်Myanmar Labour Newsက တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

MLN- မြန်မာနိုင်ငံမှာစစ်အာဏာရှင်တွေရဲ့ဖိနှိပ်ရက်စက်မှု့တွေခံစားနေရတဲ့အမျိုးသမီးတွေကိုဘာများပြောခြင်လဲခင်ဗျ။

TMMO-ကျွန်မတို့ရဲ့မြန်မာနိုင်ငံကြီးထဲမှာပြည်သူတွေကစစ်အာဏာရှငိစနစ်ကလွတ်မြောက်ဖို့အဓိကပဲ၊ ပြီးတော့ကျွန်မတို့ မြန်မာအမျိုးသမီးတွေကြောက်ရွံ့ခြင်းမှကင်းပါစေလို့ ဆုတောင်းပေးတယ်အမျိုးသမီးတယောက်အနေနဲ့ ရင်ဘောင်တန်းပြီးလွတ်လပ်စွာရှင်သန်ခွင့်ရစေချင်တယ်၊ အမျိုးသမီးတယောက်အနေနဲ့မွေးဖွားလာရတဲ့ဘဝမှာ ပညာတတ်ခွင့်အလုပ်လုပ်ပိုင်ခွင့်နဲ့ မိသားစုတွေထဲမှာဘဝကိုရဲရဲဝံ့ဝံ့မျက်နှာဖော်ပြီးရင်ဆိုင်နိုင်တဲ့သူတွေဖြစ်ပါစေလို့ကျွန်မ ပထမဦးဆုံးဆုတောင်းပေးချင်တယ်။

MLN- အမတို့အဖွဲ့အနေနဲ့ရောဘာတွေလှုပ်ရှားနေပါသလဲ။

TMMO-ကျွန်မတို့ကအခု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့အမျိုးသမီးနဲ့ကလေးသူငယ်စောင့်ရှောက်ရေးဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်နဲ့ပူးပေါင်းဆောင်ရွက်တာတွေလုပ်နေတယ်။

မြန်မာပြည်ကကလေးငယ်နဲ့အမျိုးသမီးတွေအတွက်ဒီနှစ်ခရစ္စ်စမတ်မှာလက်ဆောင်ပေးဆို့ပြင်ဆင်နေတယ် ရန်ပုံငွေလဲတဖက်ကရှာနေတယ်၊ ဒီကကလေးသံမတ်တွေရောမြန်မာပြည်က ကလေးနဲ့အမျိုးသမီးတွေကိုကူညီပေးဖို့အသံထုတ်ဖော်ပြောဆိုတာတွေအွန်လိုင်း ရန်ပုံငွေရှာဖွေရေးစျေးရောင်းချတာတွေလုပ်နေပါတယ်။

MLN-မြန်မာနိုင်ငံမှာစစ်တပ်က ကျူးလွန်ခံနေရတဲ့ အမျိုးသမီးတွေအတွက်ရောဘာများပြောခြင်ပါလဲခင်ဗျ။

TMMO- မြန်မာပြည်ကအမျိုးသမီးတွေအမျိုးသားတွေရောကမ္ဘာကပါသိစေချင်တာက ကျွန်မတို့နိုင်ငံမှာဒီလိုညှဥ်းဆဲသတ်ဖြတ်မှု့တွေရှိနေတယ်ဆိုတာသိစေချင်တယ် ပြီးတော့မြန်မာပြည်ကအမျိုးသမီးတွေကိုလဲပြောချင်တာက ဖိနှိပ်မှု့ကိုခံစားလာရပြီဆိုရင်စိတ်ကိုခိုင်အောင်ထားဖို့နဲ့ဒီလိုခံစားနေရတဲ့အမျိုးသမီးလေးတွေကိုတိုင်းရင်သားညီအကိုမောင်နှမတွေအားလုံးကူညီပေးစေချင်တယ်။

ဒီလိုခံစားရတဲ့အမျိုးသမီးမှာထရော်မာအများကြီးရှိနေလာတဲ့အတွက်သူ့ရဲ့စိတ်ပိုင်းဆိုင်ရာဝေဒနာကိုကုသဖို့ NUG ရဲ့ဝန်ကြီးဌာနကလုပ်ပေးထားတဲ့စိတ်ပိုင်းဆိုင်ရာကုသမှု့အစီအစဥ်တွေနဲ့ကုသစေချင်ပါတယ်။

MLN-ဒီလိုအမျိုးသမီးတွေအပေါ်အကြမ်းဖက်မှု့ကျူးလွန်တဲ့သူတွေကိုရောဘယ်လိုပြောခြင်လဲ။

TMMO-ကျွန်မအနေနဲ့ပြောချင်တာ လူသားချင်းစာနာပါ ကိုယ့်အမေ ကိုယ့်နှမ ကိုယ့်အဖွား ကိုယ့်ဘဝထဲမှာရှိနေတဲ့အမျိုးသမီးတွေလို့မျက်လုံးထဲမှာမြင်ပြီးကိုယ်ခြင်းစာတရားထားပါလို့ကျူးလွန်သူတွေကိုပြောချင်တယ်၊

ကျမတို့ကတမြေထဲနေတရေထဲသောက်ညီအကိုမောင်နှမတွေလေဒီလောက်ကြီးရက်ရက်စက်စက်မလုပ်သင့်ဘူး၊ မြန်မာပြည်ထဲမှာကျားပဲဖြစ်ဖြစ်မပဲဖစ်ဖြစ်လူသားချင်းစာနာပြီး တန်းတူအခွင့်အရေးပေးရမယ် တန်းတူချစ်ချစ်ခင်ခင်လေးလေးစားစားဆက်ဆံစေချင်တယ် ခုလိုစစ်ဘေးကာလမှာမလိုအပ်ပဲမဆိုင်တာတွေ လုပ်တာတွေကရှင်းရှင်းပြောရရင်မုဒိန်းဆိုတာစစ်နဲ့မဆိုင်ပါဘူး။

MLN-နယူးဇီလန်မှာနေတာလဲကြာပြီဆိုတော့အဲ့ဒီ့ကအမျိုူသမီးတွေရဲ့အခြေအနေနဲ့မြန်မာနိုင်ငံကအမျိုးသမီးတွေရဲ့အခြေအနေကိုဘယ်လိုနှိုင်းယှဥ်သုံးသပ်ချင်ပါသလဲ။

TMMO-ကျွန်မတို့နယူးဇီလန်ပါလီမန်ထဲမှာအမျိုးသမီးတွေအများကြီးရှိတယ် ကျွန်မတို့ရောက်နေတဲ့မြန်မာတွေ ယောကျာ်းမိန်းမနဲ့အမျိုးသမီးတွေရဲ့အခွင့်အရေးဒီမှာအရမ်းပေးတယ် အမျိုးသမီးတွေကိုလဲအများကြီးအားပေးကြတယ် ကျွန်မတို့မြန်မာနိုင်ငံမှာဒီလိုအခြေအနေတွေဖြစ်လာဖို့အတွက်လဲကျမတို့အားခဲထားပါတယ် ဇွဲရှိရှိနဲ့လဲလုပ်သွားမှာပါ။

ခုလိုဖြေကြားပေးတဲ့မတင်မမဦးကို Myanmar Labour News ကကျေးဇူးတင်ပါတယ်။


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026