NEWS

မဂ်လာဒုံမြို့နယ်အတွင်းစစ်သားနှင့်ပျူစောထီးများက လယ်ယာမြေများကိုအဓမ္မသိမ်းပိုက်ပြီးအကွက်ရိုက်ရောင်းချဖို့ကြိုးစားနေ

CoverLogo
1.2K Views

ရန်ကုန်တိုင်း မဂ်လာဒုံမြို့နယ်သဃ်န်းကျွန်းကြီးကျေးရွာအုပ်စု၊ ရွှေနံ့သာကျေးရွာအုပ်စုအတွင်းရှိပေါင်းငူ၊ ဥာဏပုလဲနှင့်ဇေကမ္ဘာအုပ်စုဝင်းနှင့်ဆက်စပ်မြေနေရာတွေကိုစစ်ကောင်စီရဲ့အာဏာပိုင်တွေအပါအဝင်စစ်သားနှင့်ပျူစောထီးတို့ကအဓမ္မသိမ်းယူပြီးအကွက်ရိုက်ရောင်းချဖို့ပြင်ဆင်နေတယ်လို့မဂ်လာဒုံအမျိုးသားအစည်းအရုံး MNU ကယမန်နေ့ကသတင်းထုတ်ပြန်ပါတယ်။

အဆိုပါလယ်မြေတွေဟာဒေသခံလယ်သမားတွေပိုင်ဆိုင်တာဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်ထဲကအဓမ္မသိမ်းယူဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့်လယ်ပိုင်ရှင်တွေရဲ့ကန့်ကွက်မှု့ကြောင့်ရပ်တန့်ခဲ့ပေမယ့်ယခုအကြမ်းဖက်စစ်ကောင်စီလက်ထက်မှာရဲ၊ စစ်သား၊ပျူစောထီးတွေနဲ့ဒီဇင်ဘာ ၁၅ ရက်နေ့လောက်မှာစတင်ပြီးအဓမ္မသိမ်းယူအကွက်ရိုက်ပြီးရောင်းချဖို့ကြိုးစားနေတာဖြစ်တယ်လို့ MNU ကဆိုပါတယ်။

အထက်ပါအဓမ္မအသိမ်းဆည်းခံလယ်ယာမြေများနှင့်ပတ်သက်၍ မင်္ဂလာဒုံအမျိုးသားအစည်းအရုံး - MNU ၏ သဘောထားထုတ်ပြန်ချက်ထဲမှာ-
၎င်းအကွက်ရိုက်မြေနေရာများအား သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေဝယ်ယူခြင်းအလျှင်းမလုပ်ဆောင်ကြရန်၊ ဝယ်ယူထားသောသူများအားလည်း နောက်တချိန်တွင်မည်သို့မျှအာမခံချက်ပေးမည်မဟုတ်ဘဲ ၎င်းမြေနေရာမှ ဖယ်ရှားပေးရမည်ဖြစ်သည်၊MNU သည် နစ်နာသူများနှင့်အတူ ရပ်တည်ပြီး ဤသဘောထားသည်လည်း စစ်မှန်သော တရားဥပဒေ၏ သက်သေဖြစ်စေမည်လို့ဖော်ပြပါရှိပါတယ်။

ဓါတ်ပုံ-  CJ


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026