NEWS

ဘိလပ်မြေဈေးကြီးမြင့်မှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းအချို့ရပ်နားရ

CoverLogo
872 Views
 
ဘိလပ်မြေတစ်အိတ် ကျပ် ၄၀၀၀၀ ကျော်အထိ ဈေးပေါက်နေပြီး ဈေးကွက်အတွင်းမှာ ဝယ်ယူ မရဖြစ်နေလို့ ဆောက်လုပ်ရေးလုပ်ငန်းအချို့ ရပ်နားထားရတယ်လို့ ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။
 
"မနေ့ကအထိ တစ်အိတ်ကို ၃၈၀၀၀ ပေးဝယ်နေကြရတုန်း။ ကန်ထရိုက်သမားတွေလည်း ဒီဘိလပ်မြေ ဈေးနဲ့လုံးဝမကိုက်ဘူး။ ပိုင်ရှင်က ပစ္စည်းဝယ်ပေးပြီး လက်ခသမားတွေကတော့ အိမ်ရှင်ဝယ်ပေးရင်လုပ်၊ မဝယ်သေးလို့ ရပ်ထားရင် ပန်းရံသမားတွေလည်း အလုပ်နား နေကြရတာပဲ။ ဒီဘိလပ်မြေဈေးနဲ့က ဘယ်လိုမှမကိုက်လို့ နားထားကြတာကများတယ်" လို့ လက်ခစား လုပ်ကိုင်နေသူ အလုပ်သမားခေါင်းဆောင်တဦးက ပြောပါတယ်။
 
ဘိလပ်မြေဈေးနှုန်းတွေ မြင့်တက်ပြီး ဝယ်မရဖြစ်နေတာတွေက သင်္ကြန်ကာလ မတိုင်ခင်ကတည်းက ဖြစ်ပြီး ကြိုတင်စုဆောင်းတာမရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းအချို့ ရပ်နားနေရတယ်လို့ သိရပါတယ်။
 
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်က နိုင်ငံအတွင်း မြို့နယ် ၅၇ မြို့နယ်မှာ သက်ရောက်မှုရှိခဲ့ပြီး လူနေအိမ်ပေါင်း ၆၀၀၀၀ ကျော်နဲ့ ရုံးဌာန၊ ဘာသာသာရေးအဆာက်အဦ တွေ အများအပြား ထိခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဘိလပ်မြေစက်ရုံ ၉ ရုံရှိတဲ့အထဲက ငလျင်ကြောင့် စက်ရုံ ၃ရုံလည်ပတ်နိုင်တာမရှိလို့ ဘိလပ်မြေထုတ်လုပ်မှုလျော့နည်းပြီး ဝယ်လိုအားများနေတာလည်း ဖြစ်ပါတယ်။
 
"ကျွန်တော်တိုတော့ မနားရဘူး။ အိမ်ရှင်ကဝယ်ပေးတယ်။ မနေ့က ၃၈၀၀၀ နဲ့ ၃အိတ်ပါ လာတယ်။ ဆောက်တာကလည်း ၃ထပ်၊ နားတော့ မနားရဘူး။ အိမ်ရှင်က သူ့ဟာသူကြံဖန်ဝယ်နေတာ။ တစ်ချို့ လုပ်ငန်းခွင်တွေတော့ နားနေကြရတယ်လို့ ကြားရတယ်" လို့ ဆောက်လုပ်ရေး အလုပ်သမား တစ်ဦးက ပြောပါတယ်။
 
ဘိလပ်မြေတစ်အိတ် ကျပ် ၁၇၀၀၀ နဲ့ ရောင်းချ ရမယ်လို့ စစ်ကောင်စီက ဈေးနှုန်းသတ်မှတ်ထားပြီး ဘိလပ်မြေရောင်းချမှုတွေကို လိုက်လံစစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ် ခဲ့တာ ကြောင့် ဈေးကွက်အတွင်း အကန့်သတ်နဲ့ ရောင်းချနေတာကို တွေ့ရပါတယ်။

Related posts

Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026