NEWS

ဗကသကျောင်းသားဟောင်းတဦးဖြစ်တဲ့ကိုနှင်းအောင် ကန့်ဘလူမြို့နယ်ထဲမှာသတ်ဖြတ်ခံရ

CoverLogo
2.8K Views

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ရဲ့ ၂၀၁၆ ခုနှစ်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂရဲ့ ရွေးကောက်ခံဗဟိုလုပ်ငန်းကော်မတီဝင် တိုင်းရင်းသားရေးရာတာဝန်ခံဟောင်းတဦးဖြစ်တဲ့ကိုနှင်းအောင်ကိုကန့်ဘလူမြို့နယ်ထဲက ရွာတရွာမှာအရပ်၀တ်လက်နက်ကိုင်ပျူ​စောထီး​တွေကဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ကိုနှင်းအောင်နဲ့နီးစပ်သူတွေကအတည်ပြုသတင်းတွေထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာ ၃ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်ထဲကတင်ဘုတ်ကျေးရွာအနီးကစစ်တပ်လက်ဝေခံအရပ်ဝတ်လက်နက်ကိုင်တွေဖြစ်တဲ့ ပျုစောထီးတွေဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးဒီကနေ့မနက်ပိုင်းမှာပဲသေဆုံးသွားတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတာပါ။

"တက်ကြွရဲရင့်ပြီး မဟုတ်မခံစိတ်ရှိတဲ့သူ။ နောက်ပိုင်း စစ်ရှောင်အရေး၊ အလုပ်သမားအရေး၊ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တခါတလေဆုံကြရတယ်။ စိတ်ရှင်းပြီး၊ တဲ့တိုးသမား၊ ကိုယ်ကျိုးအတ္တနည်းပါးသူမို့ အလုပ်လုပ်ရတာ အတော်လေးပေါ့ပါးရတယ်၊ စိတ်အနှောက်အယှက်မရှိခဲ့ရဘူး။  

အခုတော့၂၀၂၁ဒီဇင်ဘာလ ၃ရက်နေ့ ရွှေဘိုမြို့မှာ မအလစစ်ခွေးလက်ပါးစေ ပျူစောထီးတွေ သတ်ဖြတ်တာကိုခံရတယ်တဲ့။ နိုင်ငံအရေးအတွက် စိတ်စေတနာကြီးတဲ့၊ သိပ်တော်တဲ့ရဲဘော်မို့ အင်မတန်နှမြောမိတယ်"လို့လဲ နိုင်ငံရေးတက်ကြွလှုပ်ရှာသူတဦးဖြစ်တဲ့မအက်စတာကသူ့ရဲ့လူမှု့ကွန်ယက်စာမျက်မှာပေါ်မှာဖော်ပြပါတယ်။

 


Related posts

Cover
လူအသွားအလာနည်းပါးလာပြီး‌ ဈေးဆိုင်များအရောင်းအဝယ်ကျဆင်းလာ
Dec 23, 2024
Cover
အစိုးရဝန်ထမ်းတွေ တဆက်တည်းရုံးပိတ်ရက်ယူပါက စနေနေ့ရုံးပြန်တက်ပေးရန် သတ်မှတ်
Dec 23, 2024
Cover
ဝန်အားမနိုင်မနင်း ဖြစ်လို့ဟုဆိုကာ ရန်ကုန်တိုင်းအတွင်း မီးပျက်ချိန် ၄ နာရီ ထပ်တိုး
Dec 20, 2024
Cover
ပေါ်တာဆွဲသည့်သတင်းများကြောင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များ အခက်တွေ့နေ
Dec 18, 2024
Cover
အင်တာနက်ဒေတာ သုံးစွဲမှုကုန်ကျစရိတ် ၂ ဆမြင့်တက်လာ အကန့်အသတ်မရှိ ဒေတာအသုံးပြုခွင့်ရောင်းချမှုပါရပ်ဆိုင်း
Dec 12, 2024
Cover
လျှပ်စစ်မီး ရရှိမှုနည်းလာလို့ အလုပ်သမားတွေ အခက်တွေ့
Dec 07, 2024
Cover
ကော်စေ့စက်ရုံမီးလောင်မှု ၈နာရီကျော်ကြာအထိ မီးငြှိမ်းသတ်ခဲ့ရ
Dec 06, 2024
Cover
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်လက်မြင့်တက်လာ
Nov 28, 2024