NEWS

ပွင့်ဖြူ မုန်းဇလဲကျေးရွာ မီးလောင်မှုကြောင့် အိမ်ခြေ ၄၀၀ ကျော် ဆုံးရှုံး လူသေဆုံးမှုရှိဟုဆို

CoverLogo
613 Views
 
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာ မီးလောင်မှုကြောင့် အိမ်ခြေ ၄၀၀ ကျော် မီးလောင်ဆုံးရှုံး ခဲ့ပြီး လူသေဆုံးမှုပါရှိတယ်လို့ ဒေသခံတွေ ထံ က သိရပါတယ်။
မတ်လ မတ်လ ၁၂ ရက် ညနေ ၃နာရီခန့်က မီးစတင်လောင်ကျွမ်းခဲ့တာမှာ မီးလောင်ကျွမ်းမှု များတဲ့ အတွက် ညနေ ၅နာရီ ၁၅မိနစ် ခန့်မှသာ မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ (၄၅၀)ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ (၁၈၀၀)ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
""ဒီမနက် မီးလောင်ပြင် ရှင်းလင်းရေး လုပ်တဲ့ အချိန်မှ မီးလောင်ပြင်က နေအိမ် တစ် အိမ်မှာ အသက် ၆၉ နှစ်အရွယ် အမျိုးသား တစ်ဦး ရဲ့ အလောင်း ကိုတွေ့ရတယ်လို့ မြေပြင်မှာ ကူညီပေးနေတဲ့ အဖွဲ့ တွေ လှမ်းပြောတယ် မီးလောင်တဲ့ အချိန် လေက တိုက်တော့ မီးကူးတာအရမ်းမြန်တယ် အဲ့တော့ တချို့ သက်ကြီးရွယ်အိုတွေ မကျန်းမာသူတွေ ပြေးထွက်ဖို့ မလွတ်သွားတာ ရှိနိုင်တယ် မီးလောင်ပြင် ရှင်းလင်းရေးကတော့ လုပ်နေဆဲပဲ မီးဘေးသင့်ပြည်သူတွေကို လည်း အလှူရှင်တွေရဲ့လှူဒါန်းငွေနဲ့ လိုအပ်တာတွေ ကူညီပေးနေပါတယ် နေအိမ်တွေ ပြန်လည် တည်ဆောက်ရေးကတော့ အခုအခြေနေ က မလွယ်ကူလှဘူး ဒီဘက်မှာက စစ်ဘေးရှောင် နေရတဲ့ ရွာတွေလည်းရှိတော့ အခက်ခဲဖြစ်နေသူတွေများတယ်"" လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မုန်းဇလဲ ကျေးရွာ မှာ အိမ်ခြေ ၇၀၀ကျော်ရှိပြီး လူဦးရေ ၃၀၀၀ ကျော် နေထိုင်တဲ့ ရွာကြီး တစ်ရွာ ဖြစ်တယ်လို့ သိရပါတယ်။
မီးဘေးသင့်သူတွေ အတွက်သောက်သုံးရေအပါအဝင် စားဝတ်နေရေး အတွက် အကူညီ တွေ လိုအပ်နေကာ လှူဒါန်း လိုသူတွေ အနေနဲ့ ထောက်ပံ့လှူဒါန်းနိုင်တယ်လို့ သမ္မာဆန္ဒကရုဏာရှင် လူမှုကူညီရေးအသင်း(ပွင့်ဖြူ) ထံ မှသိရပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026