NEWS

ပြည်သူများရဲ့ဖိအားပေးတောင်းဆိုမှု့ကြောင့်စစ်ကောင်စီကိုယ်စားလှယ်တက်ရောက်မယ့်အာဆီယံစာရင်းကိုင်ညီလာခံကနေ JICPA ထပ်မံနှုတ်ထွက်

CoverLogo
2.7K Views

စစ်ကောင်စီကိုယ်စားလှည်တက်​ရောက်မယ့်​အာဆီယံစာရင်းကိုင်များညီလာခံမှာဂျပန်စာရင်းကိုင်အဖွဲ့တခုဖြစ်တဲ့JICPAထပ်မံနှုတ်ထွက်သွားတယ်လို့သိရပါတယ်။

ဒါကနိုင်ငံတကာစာရင်းကိုင်အဖွဲ့တခုဖြစ်တဲ့ အမေရိကန်စီမံမှု့ဆိုင်ရာစာရင်းကိုင်အဖွဲ့ IMA နှုတ်ထွက်ပြီးနောက်ပိုင်းမှာဆက်လက်နှုတ်ထွက်သွားတာဖြစ်ပြီးသြဇီနဲ့နယူးဇီလန်အဖွဲ့တွေကတော့ကနဦးထဲကနှုတ်ထွက်သွားကြတာပဲဖြစ်ပါတယ်။


မြန်မာလူထုရဲ့ အဆက်မပြတ် ဖိအားပေးမှုများကြောင့် စစ်ကောင်စီနဲ့ ဆက်နွယ်မှုများရှိတဲ့ အာဆီယံစာရင်းပညာရှင်ညီလာခံကနေ ဂျပန်နိုင်ငံလက်မှတ်ရပြည်သူ့စာရင်း ပညာရှင်များအဖွဲ့ (JICPA) နှုတ်ထွက်သွားပါပြီ။

အဖွဲ့ဝင် ၂၀,၀၀၀ ကျော် ပါဝင်တဲ့ ဂျပန်နိုင်ငံရဲ့ အထင်ကရစာရင်းပညာရှင်အဖွဲ့တစ်ခု ဖြစ်တဲ့ JICPA ဟာ စစ်ကောင်စီရဲ့ စာရင်းစစ်ချုပ် ဒေါက်တာကံဇော် ပါဝင်မှာဖြစ်တာကြောင့် အာဆီယံစာရင်းပညာရှင်များအဖွဲ့ချုပ် ညီလာခံကနေ ယခုကဲ့သို့ နှုတ်ထွက်သွားတာဖြစ်ပြီးတော့ JICPA အဖွဲ့ဟာ အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ရပ်တည်တဲ့ စတုတ္ထမြောက် နိုင်ငံတကာ စာရင်းပညာရှင်အဖွဲ့ဖြစ်ပါတယ်။

JICPA ရဲ့ ကိုယ်စားလှယ် မစ်ခ်ဖူကူဒါက မြန်မာနောင်းသတင်းမီဒီယာကို မှတ်ချက်ပေးရာမှာ“အလေးအနက် စဉ်းစားပြီးတဲ့နောက်မှာ ညီလာခံကနေ ကျွန်တော်တို့ရဲ့ နှုတ်ထွက်တဲ့အကြောင်း AFA ကို စိတ်မကောင်းစွာနဲ့ အသိပေးခဲ့ပါတယ်။ … ကမ္ဘာ့လုံးဆိုင်ရာ ကျွမ်းကျင်မှုပညာရပ်တစ်ခုကို ထောက်ပံ့ကူညီဖို့က ကျွန်ုပ်တို့ရဲ့ အရေးပါတဲ့ မဟာဗျူဟာတစ်ရပ်ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ AFA အတွက် ကူညီပံ့ပိုးမှုတွေကို မတူညီတဲ့ပုံစံတစ်ရပ်နဲ့ သေချာပေါက် တက်တက်ကြွကြွ ဆက်လက် ပေးအပ်သွားမှာ ဖြစ်ပါတယ်” လို့ Justice for Myanmar ကသတင်းထုတ်ပြန်ပါတယ်။

JICPA ရဲ့ နှုတ်ထွက်မှုဟာ မြန်မာလူထုလူတန်းစား အသီးသီးပါဝင်တောင်းဆိုတဲ့ လှုပ်ရှားမှုတစ်ခုရဲ့ ရလာဒ်ပဲ ဖြစ်ပြီးတော့. အကြမ်းဖက်မြန်မာစစ်ကောင်စီကို မဖယ်ရှားရင် AFA ညီလာခံက နှုတ်ထွက်ကြဖို့ JICPA နဲ့ အခြားသော နိုင်ငံတကာစာရင်းပညာရှင်အဖွဲ့များကို တောင်းဆိုတဲ့ လက်မှတ်ရေးထိုးတောင်းဆိုမှုမှာ အခုချိန်အထိ လူပေါင်း ၁၃,၀၀၀ က ပါဝင်လက်မှတ်ရေးထိုးထားပါပြီးဖြစ်တယ်လို့လဲသိရပါတယ်။

ဒီလှုပ်ရှားတောင်းဆိုမှုအပေါ် တုန့်ပြန်တဲ့အနေနဲ့ အမေရိကန်အခြေစိုက် စီမံမှုစာရင်းပညာရှင်အဖွဲ့ (IMA)၊ ဩစတြေးလျ လက်မှတ်ရ စာရင်းပညာရှင်အဖွဲ့  (CPA Australia) အပြင် ဩစတြေးလျနဲ့ နယူးဇီလန်စာရင်းပညာရှင်များ အဖွဲ့တို့ကလည်း နှုတ်ထွက်ခဲ့ပြီး ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ယူကေနိုင်ငံရဲ့ အဆင့်မြင့်စာရင်းပညာရှင်နှစ်ဖွဲ့က အဲ့ဒီညီလာခံမှာ “အခမ်းအနား မိတ်ဖက်များ” အဖြစ် ဆက်လက်ပါဝင်ဖို့ ရှိနေပါတယ်။ နိုင်ငံတကာစာရင်းပညာရှင်များ အဖွဲ့ချုပ်ကလည်း ဒေါက်တာကံဇော်နဲ့အတူ ဟောပြောသူများအဖြစ် ပါဝင်ဖို့ရှိနေပါတယ်။ 


Related posts

Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026
Cover
အလုပ်ကိုင်အခွင့်အလမ်း ၂၅၀၀ခန့်ရရှိမည့် လုပ်ငန်းအသစ် ၁၇ခု ကို စစ်ကော်မရှင် ခွင့်ပြု
Feb 27, 2026
Cover
ရန်ကုန်ရှိ ဖင်လန်သံရုံး ဖေဖေါ်ဝါရီ ၂၈ ရက်မှ စတင်ပိတ်သိမ်းမည်။
Feb 25, 2026
Cover
မှတ်ပုံတင်အတု ဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှုများရှိနေဟုဆို
Feb 21, 2026