NEWS

ပြည်တွင်းမှာ ဆန်ဈေးတက်လို့ ဆန်ကွဲစားသုံးမှုရှိနေပေမဲ့  ပြည်ပကို ဆန်တန်ချိန် တစ်သိန်းကျော်တင်ပို့ရန်စီစဉ်နေ

CoverLogo
618 Views

မြန်မာပြည်တွင်း ကုန်ဈေးနှုန်းအဆမတန်ကြီးမာလာမှုက ယခုရက်ပိုင်းအတွင်းသိသာလာသလို ပြည်တွင်းကအဓိကအခြေခံစားကုန်ထဲပါဝင်နေတဲ့ ဆန်ဈေးကလည်း နိုင်ငံအတွင်းမှာပဲ တစ်ဆထက် တစ်ဆမြင့်တက်လာနေပါတယ်။ 

ဒီအခြေအနေမှာ အခြေခံပြည်သူအချို့ ဟာ ဆန်ထက်ဈေးသက်သာပြီး အစားခံတဲ့ ဆန်အရော (ဆန်ကွဲ ) စားသုံးမှုရှိနေပေမဲ့  နိုင်ငံခြားငွေရရှိရာလမ်းတစ်ခုဖြစ်တဲ့ပြည်ပကိုဆန်တင်ပို့မှုအနေနဲ့လည်းယခုလအတွင်းမှာ ဆန်တန်ချိန်ပေါင်း ၁၃၅၉၂၀ ကိုတင်ပို့နိုင်ဖို့ သက်ဆိုင်ရာ မြန်မာနိုင်ငံဆန်စပါးအသင်းကစီစဉ်နေကြောင်းသိရပါတယ်။

လက်ရှိ ပြည်တွင်းဆန်ဈေးကွက်မှာ ဆန်ချော တစ်ပြည်ကို အမြင့်ဆုံးဈေးအနေနဲ့ ၈၅၀၀ ကျပ်အထိဈေးမြင့်တက်နေပြီး ဆန်ကြမ်းအနိမ့်ဆုံး(သို့)ဆန်နဲ့ဆန်ကွဲအရော တစ်ပြည်ကို ၃၀၀၀ ကျပ် အထိဈေးကွက်ဖြစ်ပေါ်နေတာကြောင့် အဆိုပါဈေးနှုန်းဟာ ပြီးခဲ့တဲ့ မေလဆန်းကထက် ဆန်တစ်ပြည်ကို ငွေကျပ် ၁၀၀၀ကျပ် မှ ၁၅၀၀၀ကျပ်အထိဈေးမြင့်လာတယ်လို့ဆိုပါတယ်။

" ဆန်ဈေးတက်လာတာကလည်း လူတွေအတွက်အခက်ခဲပါ။ အခုကလည်း ဆန်မှမဟုတ်ပါဘူးအခြားစားသောက်ကုန်လူသုံးကုန်တွေလည်းအကုန်လိုက်တက်နေတာ။ လိုက်မတက်တာက လစာပဲရှိတော့ အရင်ကချောင်လည်သလောက်ရှိတဲ့လူတွေလည်း ကြပ်တည်းကုန်တယ်။ အစကတည်းကကြပ်တည်းသူတွေဘဝကပိုဆိုးပါတယ်။ ဟိုနေ့ကဆို ဆန်စက် တစ်ခုမှာ ဆန်နဲ့ဆန်ကွဲအရောလေး အရင်က ကြက်စာ၊ ဘဲစာအတွက်ရောင်းပေးရတဲ့ဆန်တွေကို အလုအယက်လာဝယ်ကြတယ်။ တစ်ပြည်ကို ၃၀၀၀ ကျပ်နဲ့ရောင်းပေးတာတောင်သူတို့မှာကျေးဇူးတွေတင်လို့ ဆန်ကွဲတွေလည်း ပြုတ်စားချက်စားနေကြရပါပြီ"လို့ ဆန်အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းနဲ့ပို့ကုန်လုပ်ငန်းရှင်များ ရဲ့သတင်းထုတ်ပြန်ချက်အရ ပြည်ပဆန်တင်ပို့မှုအခြေအနေဟာ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ဆန်နဲ့ဆန်ကွဲတန်ချိန် ၂ဒဿမ၅သန်းတင်ပို့ရန် လျာထားမှုအပေါ် ၂၀၂၄ခုနှစ် ယခုဇွန်လ၄ရက်နေ့က စာရင်းများအရအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းရှစ်ခုတွင် ပြည်ပကိုဆန်တင်ပို့ရန် သင်္ဘော ရှစ်စင်းဆိုက်ကပ်လျှက်ရှိရာ အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှာ ဆန်တန်ချိန်၁၂၅၀၀ ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမှာ ဆန်တန်ချိန်၁၂၅၀၀ နဲ့ယခင် ဗိုလ်အောင်ကျော်ဆိပ်ကမ်း မှာ ဆန်တန်ချိန် ၁၀၀၀၀ ၊ Wilmar ဆိပ်ကမ်းမှာ ဆန်တန်ချိန်၉၈၀၀ ၊ ဆူးလေဆိပ်ကမ်းမှာ ဆန်တန်ချိန်၉၁၁၂၀ နဲ့ စုစုပေါင်းဆန်တန်ချိန် ၁၃၅၉၂၀ ကို ယခုလအတွင်းတင်ပို့သွားမယ်လို့သိရပါတယ်။

ထပ်မံပြီးလည်း လာမယ့်ကာလအနည်းအငယ်အတွင်း အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွေကို ဆန်တန်ချိန် ၇၄၀၀၀ တင်ပို့ဖို့အတွက် ဆန်တင်မယ့်သင်္ဘော၄စင်းထပ်ရောက်လာမှာဖြစ်ကြောင်း ပြည်ပကိုဆန်တင်ပို့မယ့်သတင်းများအရသိရှိရပါတယ်။

Photo-MOI


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026