NEWS

ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း

CoverLogo
164 Views
 
ပဲခူးမြို့နယ် အတွင်း က မော်တော်ယာဉ်များနဲ့ ဆိုင်ကယ် များ အတွက် စက်သုံးဆီ ထုတ်ယူခွင့် စာအုပ် ပြုလုပ်ပေးဖို့ဆိုကာ ယာဉ်ပိုင်ရှင်များကို မိမိတို့ အပိုင် ရပ်/ကျေးအုပ်ချုပ်ရေးမှုးရုံးများတွင် စာရင်းပေးသွင်းခိုင်းတယ်လို့ ဒေသခံများ ထံမှ သိရပါတယ်။
 
စက်သုံးဆီ ဝယ်ယူရာမှာ အခက်ခဲ မဖြစ်စေဖို့ ယာဉ်လိုင်စင်ရှိသူတွေ ကို စက်သုံးဆီ ထုတ်ယူခွင့် စာအုပ် ပြုလုပ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
""စက်သုံးဆီ ထုတ်ယူခွင့် စာအုပ် ထုတ်ပေးမယ်လို့ပြောတာဘဲ မတ်လ၂၂ရက် နောက်ဆုံးစာရင်းပေးရမယ်ဆိုလို့ ရွာထဲ က လိုင်စင်ရှိတဲ့ ဆိုင်ကယ်၊ ကား ရှိတဲ့ သူတွေ က အုပ်ချုပ်ရေးမှုးရုံးမှာ သူတို့တောင်းတဲ့အချက်အလက်တွေယူပြီးစာရင်းသွားပေးရတယ် စာအုပ်ကတော့ တစ်ပတ်လောက်နေမှရမယ်ပြောတယ် သေချာတော့မသိဘူး အုပ်ကြီးတွေကိုလည်း မနေ့ကမှ အထက်က စာရင်းကောက်ခိုင်းတယ် ဒီနေ့နောက်ဆုံးဆိုတော့ အသဲသန်လုပ်နေရတာ""လို့ ပဲခူးမြို့နယ် မှဒေသခံတစ်ဦးကပြောပါတယ်။
 
စက်သုံးဆီ ထုတ်ယူခွင့်စာအုပ် လျှောက်ထားဖို့ အတွက် ယာဉ်လိုင်စင်မိတ္တူ၊ ယာဉ်အမျိုးအစား၊ ယာဉ်ပိုင်ရှင်အမည် (မှတ်ပုံတင်မိတ္တူ)၊သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်မှူး များ၏ နေထိုင်ကြောင်းနှင့် ပိုင်ရှင်ဖြစ်သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက်တို့ လိုအပ်တယ်လို့ သိရပါတယ်။
 
လက်ရှိ ဖြစ်ပေါ်နေသော စက်သုံးဆီ ရှားပါးမှုအတွက် စစ်ကော်မရှင်မှ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် များကို စုံ၊ မ စနစ်ဖြင့် တစ်ရက်စီ ယာဉ်မောင်းနှင်ခွင့် စက်သုံးဆီ ဝယ်ယူခွင့် ပြုထားသလို စက်သုံးဆီ အရောင်းဆိုင်တွေမှာ မော်တော်ယာဉ်နဲ့ ဆိုင်ကယ် များ အကြိမ်ကြိမ် တန်းစီဝယ်ယူမှုများ လျော့နည်းပပျောက်စေရေးအတွက် တစ်ရက်လျှင် ဆီတစ်ကြိမ်သာ ဝယ်ခွင့်ပေးမယ့် တယ်လီဖုန်း Application အသုံးပြုတဲ့ စနစ်ကို မတ်လ ၁၂ရက် စတင် ပြီးနေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ စမ်းသပ်အသုံးပြုလျက်ရှိကြောင်း သိရပါတယ်။

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026