ယမန်နေ့ နိုဝင်ဘာ၁၂ရက်ညပိုင်းမှာမကွေးတိုင်း ပုပ္ပါးမှာရှိတဲ့ ဒေါ်ခင်ကြည် Foundation အခမဲ့ကွန်ပျူတာသင်တန်းကျောင်းနဲ့ စာကြည့်တိုက်ကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့က မီးရှို့ဖျက်ဆီးသွားပါတယ်လို့သိရပါတယ်။
ဒီကိစ္စနဲ့ပါတ်သတ်ပြီး"အထဲမှာ ရှိနေတဲ့ Furniture တွေ စာရွက်စာတမ်းတွေ
စာအုပ်တွေ အကုန်ပျက်ဆီးသွားပါတယ်"လို့အလုပ်သမားရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ကိုရဲမင်း(AAC)ကသူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြထားပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေဖျက်ဆီးသွားတဲ့ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွင်းပိုင်းပုံရိပ်များ