NEWS

ပါရာစီတမော သောက်သုံးမှု မူလညွှန်ကြားချက်မပြောင်းလဲဘူးလို့ ကမ္ဘာကျန်းမာရေးအဖွဲ့ထုတ်ပြန်ထား

CoverLogo
441 Views
 
ပြီးခဲ့တဲ့ စက်တင်ဘာ၂၂ရက် က အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က(Tylenol ဆေး) ပါရာစီတမောလို အကိုက်ခဲပျောက်ဆေး ဟာ ကိုယ်ဝန်ဆောင်တွေသောက်ရင် မွေးလာတဲ့ကလေး အော်တစ်ဇင်ဖြစ်နိုင်ကြောင်းပြောကြားခဲ့တဲ့အပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေငြာချက်ပြန်ထုတ်ရာမှာ ပါရာစီတမော သောက်သုံးချက်အတွက် မူလညွှန်ကြားချက်မပြောင်းလဲဘူးလို့ တုံ့ပြန်ဖော်ပြလာပါတယ်။
 
သမ္မတထရမ့် ရဲ့ ပြောကြားချက် ဟာ သုတေသန တစ်ခုကတွေ့ရှိချက်အရ ပါရာစီတမောလိုဆေးကို မသောက်ဖို့ ကိုယ်ဝန်ဆောင်တွေ ကိုပြောကြားလာတာဖြစ်ကာ ကလေးငယ်တွေကို တိုက်ကျွေးသုံးစွဲရင်လည်း အော်တစ်ဇင်ဖြစ်ဖို့ဆက်စပ်တွေ့ရှိကြောင်းတွေ ပြောလာတဲ့အတွက် ကျန်းမာရေးအဖွဲ့အစည်းတွေဟာ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေအတွက် စိုးရိမ်မှုတွေ မမြင့်တက်ဖို့ အပြိုင်အဆိုင်ပဲ ပါရာစီတမောနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတုန့်ပြန် ဖော်ပြလာကြတာလည်းဖြစ်ပါတယ်။
 
" ထရမ့်ရဲ့ ပါရာစီတမော ကြောင့် အော်တစ်ဇင် ဖြစ်နိုင်တယ်လို့ ပြောတာဟာ အရမ်းမှန်ကန်ကြောင်းပြနိုင်တဲ့ ဟာကမရှိပါဘူး။ သူပြောတဲ့ သုတေသနဆိုတာလည်းတိတိပပမရှိဘဲ သေချာဓာတ်ခွဲခန်းမှာပြုလုပ်ထားတာ မျိုးမဟုတ်ပဲ လူဦးရေစစ်တမ်းလို ကလေးသူငယ်၂ဒဿမ၅သန်းကို လေ့လာထားတဲ့ reserch က သုံးသပ်ချက်ကလိုဟာမျိုး ကနေပြောပြထားတော့ လက်ရှိလည်း ဒီကိစ္စအတွက် ငြင်းခုန်နေကြဆဲဖြစ်တယ်။တိတိပပမဟုတ်တဲ့အတွက် ကမ္ဘာနိုင်ငံတွေနဲ့ မြန်မာက ကျန်းမာရေးနဲ့ဆက်စပ်သူတွေကတော့ ကိုယ်ဝန်ဆောင်တွေ ဆရာဝန်များညွှန်ကြားချက်နဲ့ ပါရာစီတမောကိုသောက်သုံးရင်စိတ်ချရတယ်ဆိုတဲ့ မူလညွှန်ကြားချက်ကို မပြောင်းလဲဘူးလို့ ပြောထားပါတယ်။
 
ကိုယ်ဝန်ဆောင်တွေအနေနဲ့ ဖျားနာလို့ဆေးမသောက်ပဲနေခဲ့ရင်သာ အချင်းသွေးထွက်မှုနဲ့ကလေး ပေါင်မပြည့်လမစေ့ဘဲမွေးဖွားနိုင်မှုတွေ၊ ကလေးပျက်ကျမှုတွေဖြစ်လာနိုင်ပါတယ်"အထွေထွေရောဂါကုဆရာဝန်တစ်ယောက်ကပြောပြထားပါတယ်။
 
ပါရာစီတမော ဆေးဟာ မြန်မာနိုင်ငံက ဆေးဆိုင်တွေမှာ လူအဝယ်အများ ဆုံးအိမ်သုံးဆေးဝါး ဖြစ်ပြီး ဖျားနာအကိုက်အခဲပျောက်ဆေးအဖြစ် အသုံးများပါတယ်။
 
တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း ပါရာစီတမော (အကိုက်အခဲပျောက်ဆ)အသောက်များပါက ကျောက်ကပ်ထိခိုက်ပျက်စီးဆေးတတ်ကြောင်း ကျန်းမာရေးပညာရှင်တွေကပြောထားပါတယ်။
 
ပါရာစီတမောဆိုတာ ကမ္ဘာပေါ်မှာ အသုံးအများဆုံး အကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေးပါ။ မြန်မာနိုင်ငံတွင်းမှာဆိုရင် Biogesic, Para Denk, Paracap, Len Sen တို့လို နာမည်‌တွေနဲ့ ဝယ်ယူနိုင်ပါတယ်။
 
အော်တဇင်ရောဂါနဲ့ Tylenol ဆက်စပ်နေတယ်လို့ အဆုံးသတ်ကောက်ချက်ချထားတဲ့ သုတေသန research အချို့ရှိပေမယ့် ဒါတွေက ခိုင်မာမှုမရှိဘူးလို့ ကျွမ်းကျင်ပညာရှင်တွေ အများစုက အတိအလင်းပြောထားပါတယ်။
 
American Academy of Pediatrics (အမေရိကန် ကလေးအထူးကုဆရာဝန်များအသင်း) ရဲ့ ဥက္ကဌ Dr Susan Kressly ကနေ "Acetaminophen (ပါရာစီတမော)ဆိုတာ ကိုယ်ဝန်ဆောင်တွေအတွက် အဖျားနဲ့ နာကျင်ကိုက်ခဲမှု‌တွေကို ကုသဖို့ အကောင်းဆုံးနဲ့ အန္တရာယ်အကင်းဆုံး ဆေးဖြစ်တယ်လို့ ပြောထားပါတယ်။
 
American College of Obstetricians and Gynaecologists (အမေရိကန် သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်များ အသင်း) ကလည်း ပါရာစီတမော့ acetaminophen ကို ကိုယ်ဝန်ဆောင်ချိန်အတွင်း သောက်သုံးဖို့ အန္တရာယ်မရှိပါဘူးလို့ သတ်မှတ်ထားပါတယ်။
 
" ထရမ့်ရဲ့ ပါရာစီတမော အကြောင်းပြောကြားချက်က သူရဲ့ ကျန်းမာရေးဝန်ကြီး Robert F. Kennedy Jr. ကြောင့်လည်းဖြစ်တယ်လို့ ပြောနေကြတာပါ။
 
Robert Jr ဟာ ပေါက်ကရပြောတတ်သူလို့နာမည်ကြီးကာ ကာကွယ်ဆေးထိုးခြင်းကို ဆန့်ကျင့်တဲ့ anti- vaccine အားပေးသူ တစ်ယောက်ဖြစ်သလို ကာကွယ်ဆေးထိုးတာနဲ့ ပတ်သက်ပြီး မဟုတ်မမှန် သတင်းတွေ၊ conspiracy theory တွေ ဖြန့်ဝေတာ တွေလည်း တောက်လျောက်လုပ်တတ်သူ လို့ နာမည်ထွက်နေတော့ ထရမ့်ရဲ့ပြောစကားကိုအတည်ယူလို့မရဘူးလို့လည်းပြောဆိုနေကြပါတယ်"လို့ အထွေထွေရောဂါကုဆရာဝန်ကဆက်ပြောထားပါတယ်။
 
ပြည်တွင်းက ကိုယ်ဝန်ဆောင်တွေ အနေနဲ့လည်း ဖျားနာတာတွေဖြစ်ပါက ပါရာစီတမောကို အလွန်အကျွံမဟုတ်ပဲ သတ်မှတ်ပမာဏအတိုင်းသောက်သုံးလို့ရနေသေးပြီး ၊ပါရာစီတမောမဟုတ်တဲ့အခြား aspirin ၊ ibuprofen တို့လို အကိုက်ခဲပျောက်ဆေးတွေကမှ ကိုယ်ဝန်ပျက်ကျနိုင်ခြေနဲ့ မွေးရာပါချွတ်ယွင်းမှုဖြစ်ဖို့ပိုများ‌ကြောင်းသိရပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026