NEWS

နှစ်ဝက်အတွင်းလူကုန်ကူးမှု ၈၀ အရေးယူခဲ့ဟု စစ်ကောင်စီထုတ်ပြန်

CoverLogo
587 Views
 
ယခု၂၀၂၅ ခုနှစ် ၅ လကျော်ကာလအတွင်း မြန်မာနိုင်ငံမှာ လူကူန်ကူးမှု အမှုပေါင်း ၈၀ ကျော်ကို အရင်နှစ်တွေကထက် တိုးမြှင့်ဖော်ထုတ်ကာအရေးယူနိုင်ခဲ့ကြောင်း စစ်ကောင်စီရဲ့ ပြည်ထဲရေးဌာနကထုတ်ပြန်‌ထားပါတယ်။
 
ယခုနှစ် ဇန်နဝါရီလကနေ ဇွန်လ ၂၀ ရက်အထိ ၅ လကျော်ကာလအတွင်း လူကုန်ကူးမှု အမှုပေါင်း ၈၀ ကိုအရေးယူရာမှာ ဖြစ်ပွားခဲ့တဲ့ အမှုအမျိုးအစားတွေကတော့ အဓမ္မလက်ထပ်စေခြင်း၊ ပြည့်တန်ဆာအဖြစ် အဓမ္မပြုလုပ် စေခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း၊ ကိုယ်ဝန်အငှားဆောင်စေခြင်းအပြင် အခြားနည်းလမ်းတွေနဲ့ ကာမဆိုင်ရာကိစ္စ အဓမ္မပြုလုပ်စေခြင်းတို့ ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။
 
ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်အတွင်း မှာတော့လူကုန်ကူးမှုအနေနဲ့ ၅၃ မှုကို အရေးယူဆောင်ရွက်ခဲ့ရတာကြောင့် ယခု၂၀၂၅ခုနှစ်မှာ ဖော်ထုတ်အရေးယူနိုင်မှုဟာပိုမိုများပြားလာတာဖြစ်ကာ တရုတ်၊ လာအို၊
 
ကမ္ဘောဒီးယား၊ ထိုင်း၊ ဒူဘိုင်းအပါအဝင် ပြည်တွင်းမှာပဲလူကုန်ကူးခံရတဲ့အမှုတွေလည်းရှိနေလို့ ဖော်ထုတ်အရေးယူခဲ့ရတယ်လို့သိရပါတယ်။
လူကုန်ကူးခံရသူတွေအနေနဲ့ တရာမဝင်ပြည်ပထွက်ခွာမှုတွေကနေအများဆုံးဖြစ်ပွားတာကြောင့် နယ်စပ်ဝင်ပေါက်ထွက်ပေါက်တွေကနေ တရားမဝင် သွားရောက်မယ့်သူတွေကို တားဆီးအသိပညာ‌ ပေးဆောင်ရွက်ကာ နေရပ်ဒေသကို ပြန်လည်စေလွှတ်တာတွေကို ဆောင်ရွက်ခဲ့တယ်လို့ ယခုဇွန်လအတွင်းစစ်ကောင်စီရဲ့ နေပြည်တော်ရုံးအမှတ်(၈) မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှာ ကျင်းပတဲ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနဲ့ လူကုန်ကူးခံရသူများကို အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေးမှာ သတင်းထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
 
စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့က နေ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒနဲ့ပတ်သက်တဲ့ အမှုတွေကိုလည်း အရေးယူနေခဲ့ရာ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လ ၂၀ ရက်အထိ ၄၂ မှု ရှိပြီး ယခင်၂၀၂၄ ခုနှစ်အတွင်း မှာတော့ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေနဲ့အမှု ၂၁၈ မှု အထိအရေးယူခဲ့ကြောင်း စစ်ကောင်စီရဲ့သတင်းဖော်ပြချက်အရ သိရပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026