NEWS

နိုဝင်ဘာ ၁၂ ရက်နေ့ Myanmar Labour News ရဲ့သတင်းအနှစ်ချုပ်

CoverLogo
1.7K Views

ရန်ကုန်လေဆိပ်မှာ စစ်ကောင်စီတပ်တွေရဲ့ဖမ်းဆီးခံလိုက်ရတဲ့အမေရိကန်ဂျာနယ်လစ်Danny Fenster ကိုစစ်ကောင်စီက နိုင်ကြည်ပျက်၊ ဗီဇာစည်းကမ်းဖောက်ဖျက်မှု့၊ အကြမ်းဖက်တိုက်ဖျက်ရေးအက်နဲ့သာမက၁၇-၁နဲ့ပါပေါင်းပြီးထောင်ဒဏ် ၁၁ နှစ်ချမှတ်လိုက်တဲ့သတင်းနဲ့အစပြုပါတယ်။

နိုင်ငံရေးလေ့လာသူတွေကတော့စစ်ကောင်စီကအမေရိကန်နဲ့နိုင်ငံရေးကစားလိုတဲ့အတွက်ဒီလိုလုပ်လိုက်တာဖြစ်တယ်လို့သုံးသပ်ပါတယ်။

နောက်ထပ်သတင်းတပုဒ်ကတော့စစ်ကောင်စီနဲ့ BGF တပ်တွေ ၂ ရက်အတွင်းကရင်ပြည်နယ်ဖာပွန်ခရိုင်ထဲမှာ ၈၄ ယောက်သေပြီးအယောက် ၁၁၀ နီးပါးဒဏ်ရာရသွားတဲ့သတင်းပါ။

နှစ်ဖွဲ့လုံးကိုKNLAကဗျင်းလိုက်တာဖြစ်တယ်လို့သိရပါတယ်။

နောက်ထက်သတင်းတပုဒ်ကတော့ မကွေးတိုင်းနတ်မောက်ခရိုင်ထဲကစခန်းမရွာထိပ်မှာဂိမ်းဆော့နေတဲ့လူငယ်တွေကိုစစ်ကောင်စီတပ်ကဝင်ပစ်လို့ ၁၇ နှစ်အရွယ်မောင်ဝေသူအောင်လည်ပင်းမှာကျည်ထိပြီးပွဲခြင်းပြီးသေဆုံးခဲ့တာပါ။

စစ်တပ်ကဖြစ်စဥ်ဖြစ်ခဲ့တဲ့နိုဝင်ဘာ ၁၁ ရက်နေ့ညကပဲမောင်ဝေသူအောင်ရဲ့အလောင်းကိုကောက်သွားပြီးဒီကနေ့မှပြန်ပေးလို့မိသားစုဝင်တွေကအလောင်းကိုသဂြိုလ်လိုက်ရပါတယ်။

နောက်ဆက်တွဲအနေနဲ့ မောင်ဇော်ဝေအောင်ကိုပစ်သတ်ခဲ့တဲ့နေ့ကပဲဖမ်းဆီးခံလိုက်ရတဲ့မောင်ဟိန်းမြတ်သူဆိုတဲ့လူငယ်လေးကခုထိသတင်းအစအနပျောက်နေဆဲလို့ သိရပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့မှာပဲစစ်ကောင်စီတပ်တွေဟာစစ်ကိုင်းအရာတော်မြို့နယ်ထဲရှိရှောက်ခါးရွာကပြည်သူတွေရဲ့နေအိမ် ၁၁ လုံးနဲ့ဆိတ်တဲတွေကိုမီးရှို့ဖျက်ဆီးခဲ့ပြီးဒီပဲယင်းခရိုင်ထဲကအောင်စည်မြကျေးရွာမှာလဲစစ်ကောင်စီတပ်တွေဝင်ရောက်ရမ်းကားလို့ ဒီကနေ့ နိုဝင်ဘာ ၁၂ ရက်နေ့အထိပြည်သူ ၁၀၀၀ နီးပါးစစ်ဘေးရှောင်နေကြရပါတယ်။

ဘာသာရေးကျောင်းတွေတိုက်ခိုက်ခံရမှု့အနေနဲ့ကတော့ PKRF-Information Center ကထုတ်ပြန်ချက်အရစစ်ကောင်စီတပ်တွေလက်နက်ကြီးလက်နက်ငယ်နဲ့ပစ်ခတ်ခဲ့လို့ကရင်နီပြည်နယ် ကက်သလစ်ဘာသာဘုရားကျောင်း၇ ကျောင်းပျက်ဆီးခဲ့ပြီလို့သိရပါတယ်။(ပျက်ဆီးသွားတဲ့ဘုရားကျောင်းတွေကိုပုံနှင့်တကွ​ဖော်ပြထားပါတယ်)အဲ့ဒီဘုရားကျောင်းတွေဟာဖယ်ခုံဘုရားကျောင်း၊ ကယန်းသာယာ၊ ဒီမော့ဆိုစိန့်ဂျိုးဇက်၊ ဒေါင်ငံခါးငြိမ်းချမ်းရေးဘုရင်မ၊ ဒီမောဆိုနှစ်ခြင်း၊ ဖရူဆိုနဲ့၆မိုင်ဘုရားကျောင်းတွေဖြစ်ပါတယ်။

ဒီကနေ့ရန်ကုန်ဖက်ပြန်လှည့်ကြည့်မယ်ဆိုရင်နေ့စဥ်နဲ့အမျှပေါက်ကွဲမှု့ဖြစ်နေတာသိပ်မထူးဆန်းပေမယ့်သာကေတဖက်မှာယဥ်စီးကားအချင်းချင်းရှေ့နောက်လိုက်ပစ်တာဖြစ်ခဲ့တယ်လို့မျက်မြင်တွေကဆိုထားပါတယ်။ဘယ်အဖွဲ့ရယ်လို့အတည်မပြုနိုင်သေးပါဘူး။

သန်လျင်နဲ့တော့ဒဂုံဖက်မှာပေါက်ကွဲမှု့ရှိခဲ့တယ်လို့လဲသိရပါတယ်။ကျန်တာကတော့ EPC တွေဟာစစ်တပ်ရံပြီးသဃ်န်းကျွန်းဖက်မှာအင်နဲ့အားနဲ့မီတာလိုက်ဖြတ်နေတယ်လို့သိရပါတယ်။

နောက်ထပ်ရန်ကုန်ရဲ့ဒီကနေ့ထူးခြားဖြစ်စဥ်ကတော့စစ်ကောင်စီနဲ့ပေါင်းပြီးလှိုင်သာယာကျူးရှင်းတုန်းကဦးဆောင်ခဲ့တဲ့လှိုင်သာယာနယ်ခံလူမိုက်တဦးဖြစ်တဲ့ခင်စိန် သူစီးတဲ့ကားပေါ်မှာပဲပစ်သတ်ခံလိုက်ရပါတယ်။

ဖြစ်စဥ်က

လှိုင်သာယာမြို့နယ်၊  ဗိုလ်အောင်ကျော်လမ်း၊ ရွှေရင် အေးဈေးထိပ်၊ အမှတ် ၁၂ ကျောင်းရှေ့မှာပဲ လူမိုက်ခင်စိန် မောင်းလာသောကားကို ဆိုင်ကယ်သမား ၂ ဦးက ပစ်ခတ်သွားခြင်းဖြစ်ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ လူမိုက်ခင်စိန်သည် မကြာသေးမီအချိန်ကပဲစစ်ကောင်စီရဲ့  လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူဖြစ်ကြောင်း၊ လှိုင်သာယာ ၁၈ ရပ်ကွက်မှ လူမိုက်ကြီး ခင်စိန်သည် လက်ရှိတွင် စစ်တပ်နှင့်ပူးပေါင်း၍ ဧည့်စာရင်းစစ်ခြင်းနှင့် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေတဲ့သူလို့ဒေသခံတွေကဆိုထားပါတယ်။

ဒါကတော့ Myanmar Labour News ကရရှိထားတဲ့ဒီကနေ့သတင်းအနှစ်အချုပ်။


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026