ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသ တွင် နိုဝင်ဘာလ ၂၁ ရက် ည တညတည်း ဒေသခံ တစ်ဆယ်ကျော်ကို စစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ဖမ်းဆီးထိန်းသိမ်းခံရသူများတွင် ရပ်ကွက်မှူးဟောင်းများ ၊ ဒေသရေပေးဝေရေး နှင့် အမှိုက်သိမ်းစနစ် ကော်မတီဝင်ဟောင်းများ ၊ သာမန်အရပ်သားများ နှင့် CDMဆရာမတဦး ပါဝင်သည်ဟု ဒေသခံများထံမှ သိရသည်။ "သူတို့က ဘာကိုဖမ်းချင်တာလဲမသိဘူး ရေကော်မတီဝင်တွေရော ရပ်ကွက်မှူးတွေရော ရေကော်မတီတွေရော ဖမ်းတာဆိုတော "ဟု ဖမ်းဆီးထိန်းသိမ်းရသည့် အကြောင်းရင်းကို အတည်ပြုမရသေးကြောင်း ဒေသခံတဦးက ဆိုပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံရထားသူများကို ရေတပ်စခန်းတခုအတွင်း စစ်ဆေးမေးမြန်းလျက်ရှိပြီး ယခုချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပါ။
ဖမ်းဆီးထိန်းသိမ်းခံရသူများအထဲမှ ရေကော်မတီအချို့၏ အသက်အိုးအိမ်စည်းစိမ်းကို တာဝန်မယူကြောင်း ရေဖြူမြို့နယ် ပျုစောထီးအဖွဲ့က ပြီးခဲ့သည့် ဇွန်လက ထုတ်ပြန် ခြိမ်းခြောက်ခဲ့ဖူးသည်။
ကံပေါက်ဒေသ ရေပေးဝေရေးကော်မတီ နှင့် အမှိုက်သိမ်းစနစ်ကို အောက်တိုဘာလတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအဖွဲ့ မှ ငွေသားနှင့်ဘဏ်စာရင်းတို့ပူးတွဲ၍ မူလကော်မတီဝင်ဟောင်းများထံမှ သိမ်းယူသည့် ဖြစ်စဉ်တခုလည်း ဖြစ်ဖူးခဲ့သည်။