NEWS

နိုဝင်ဘာလ ပထမတပတ်တာ ကုန်ဈေးနှုန်းများစုစည်းမှု

CoverLogo
815 Views

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ်ရေး ပဋိပက္ခတွေ နဲ့  ကုန်စည်စီးဆင်းမှု ပျက်ယွင်းလာတာ ငွေကြေးဖောင်းပွတာ စတဲ့ အထွေထွေအကျပ်အတည်းတွေကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုက နေ့စဉ်နဲ့အမျှ ပြောင်းလဲဖြစ်ပေါ်နေသလို  အဲ့ဒီအပေါ် အခြေခံပြည်သူတွေ လှမ်လှမ်းမမီနိုင်အောင် ဝေးကွာလာနေပါတယ်။ 

ပြည်တွင်းမှာ တရားဝင်သတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခက ၄၈၀၀ ကျပ်သာဖြစ်ပြီး ထောက်ပံ့ကြေး ၁၀၀၀ ကျပ်စီ ၂ ကြိမ်သတ်မှတ်ပေးထားလို့ ၆၈၀၀ ကျပ်နဲ့ လောက်ငှမှုမရှိတာကြောင့် ဝန်ထမ်းတွေနဲ့ အခြေခံလုပ်သားတွေ နေ့စဉ်ဆိုသလို စားဝတ်နေရေးအတွက် ရုန်းကန်ရင်း မငတ်ရုံတမယ် လုပ်ကိုင်စားသောက်နေရတာကိုလည်း မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့်သိရှိနိုင်ပါတယ်။ 

ဒါကြောင့် အောက်တိုဘာ ၂၈ ကနေ နိုဝင်ဘာ ၃ ရက်အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့  ရွှေဈေး ငွေဈေးနဲ့အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က  စုစည်းဖော်ပြပေးလိုက်ပါတယ်။ 

တစ်ပတ်အတွင်း ပြည်တွင်းကစက်သုံးဆီဈေးနှုန်းတွေကတော့ အောက်တိုဘာ ၂၈ ရက်နေ့ကနေ  အောက်တိုဘာ ၃၁ ရက်အထိ စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိတဲ့ဈေးနှုန်းများဟာ ၉၂တစ်လီတာလျှင်  ၃၀၈၀ကျပ် ၉၅ တလီတာ  ၃၂၉၀ကျပ်၊ ရိုးရိုးဒီဇယ် တလီတာ  ၂၆၁၅ ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၃၂၆၀ ကျပ်ဖြစ်သတ်မှတ်ထားတာဖြစ်ပြီး  နို၀င်ဘာ ၁ရက်ကနေ ၃ ရက်အထိဈေးနှုန်းများဟာလည်း ယခင်အပတ်ကအတိုင်းသာ  သတ်မှတ်ထားတာတွေ့ရပါတယ်။  

စက်သုံးဆီဈေးနှုန်းဟာ အပတ်စဉ် သောကြာနေ့တိုင်းမှာ ပြောင်းလဲမှုရှိနေတာပဲဖြစ်ပါတယ်။ပြင်ပပေါက်ဈေးမှာတော့  ၉၂ တလီတာ ၃၈၀၀ ကျပ်မှ  ၄၀၀၀ ကျပ်နှုန်းဖြင့် ပြင်ပပေါက်ဈေးလည်းငြိမ်နေတယ်လို့ သိရပါတယ်။ 

တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့ အောက်တိုဘာ ၂၈ရက်နေ့ရဲ့ကမ္ဘာ့ ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၇၂၈ ရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကသတ်မှတ်တဲ့  အခေါက် ရွှေပေါက်ဈေးဟာ ကျပ် ၅၆ သိန်းကျော်ဖြစ်ကာ အောက်တိုဘာ ၃၀ ရက်နေ့မှာတော့  ၅၆ သိန်း ၆သောင်းကျော်ဖြစ်ခဲ့ပြီး အောက်တိုဘာ ၃၁ရက်နေ့မှာတော့  ၅၇ သိန်းကျော်သတ်မှတ်ထားပြီး နို၀င်ဘာ ၁ ရက်နေ့ကနေ ၃ရက် ယနေ့အထိ ၅၆ သိန်း ၉ သောင်းကျော်ဖြစ်တယ်လို့  သတ်မှတ်ထားတာတွေ့ရပါတယ်။ 
 
ပြင်ပရွှေဈေးကွက်မှာတော့ အောက်တိုဘာ ၂၈ ရက်နေ့ရဲ့  ပြင်ပအခေါက်ရွှေဈေးနှုန်းတွေဟာ  ၆၅သိန်းငါးသောင်းကျပ်ဖြစ်ပြီး အောက်တိုဘာ ၂၉ ရက်မှ အောက်တိုဘာ ၃၁ရက်နေ့အထိ ၆၅သိန်း၊ နိုဝင်ဘာ ၁ ရက်မှ ၃ ရက်ယနေ့အထိ  ပြည်တွင်းအခေါက်ရွှေဈေး ၆၄ သိန်းနှစ်သောင်းဖြစ်တယ်လို့  ဈေးကွက်ပေါက်ဈေးအရသိရပါတယ်။   အသင်းသတ်မှတ်ဈေးနဲ့ ပြင်ပပေါက်ဈေးဟာ ကျပ် ၇ သိန်းဝန်းကျင်သာ ကွာဟတော့တာကိုလည်း တွေ့ရပါတယ်။

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်ဈေးများမှာ အောက်တိုဘာ ၂၈ ရက်မှာ တစ်ဒေါ်လာ ၄၆၅၀ဖြစ်ပြီး အောက်တိုဘာ ၃၀ရက်မှာ ၄၅၈၀ကျပ်ဖြစ်ကာ အောက်တိုဘာ ၃၁ရက်မှ နို၀င်ဘာ ၃ရက်ယနေ့အထိ ပေါက်ဈေးဟာ တစ်ဒေါ်လာလျှင် ၄၅၂၀ ၀န်းကျင်နဲ့ဈေးတည်ငြိမ်နေတာဖြစ်ပါတယ်။ 

နိုင်ငံခြားငွေပြင်ပပေါက်ဈေးတွေဟာ  အကောင့်အချင်းချင်းလွှဲပြောင်းမှုနဲ့အရွက်ရောင်း၀ယ်မှုအရ ပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။

ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၅၀၀ ကျော်ဝန်းကျင်လို့သာ အတိအလင်းပြသထားပေမဲ့ ၄၀၀၀ ကျော်မှ ၅၀၀၀ ဝန်းကျင်နှုန်းနဲ့ဖြတ်နေတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  ယခုတပတ်တာ အောက်တိုဘာ၂၈ရက်မှန်ို၀င်ဘာ ၃ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၂၆၅ ကျပ် ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတာကြောင့် ယခင်ကထက် အနည်းငယ်ကျဆင်းလာတာတွေ့ရပါတယ်။ 

ရည်ညွှန်းဈေးအနည်းငယ်ကျဆင်းလာပြီး သမဝါယမစနစ်နဲ့ စားဆီဝယ်ယူနိုင်ဖို့စီစဉ်ထားပေမဲ့လည်းစားဆီ  ပြင်ပဈေးကွက်တွင်လည်း  တစ်ပိဿာ ၁၁၀၀၀ ကျပ်မှ ၁၂၀၀၀ အထိ အမြင့်ဈေးမှာသာရှိနေတာပဲဖြစ်ပါတယ်။

စားဆီကုန်သည်များကလည်းဖုန်းကြိုတင်ဆက်မှာယူခြင်းဖြင့်ရောင်းချပေးနေတာတွေပြုလုပ်နေတာဖြစ်ပေမဲ့လည်း  စားအုန်းဆီပြင်ပပေါက်ဈေးဟာ အမြင့်ဈေးသာဆက်လက်ရှိနေတာပဲဖြစ်ပါတယ်။  

ဒါ့အပြင်အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေကတော့  ချဉ်ပေါင်ရွက်တစ်စီး ၃၀၀ကျပ်၊ ဗူးရွက်တစ်စီး ၁၀၀၀ ကျပ်၊ ပဲသီး တစ်စီး ၇၀၀ ကျပ်၊  ကန်စွန်းရွက်တစ်စီး ၈၀၀ ကျပ်၊ ဆူးပုတ်ရွက်အနုတစ်စီး ၁၀၀၀ ကျပ်၊ မျှစ်အနည်းဆုံး ၁၀၀၀ ကျပ်၊ ခရမ်းသီး အနေတော်အရွယ် ၃လုံး ၁၀၀၀ကျပ်၊  ငြုပ်သီးစိမ်းအနည်းဆုံး ၅၀၀ကျပ်၊ နံနံပင် တစီး ၁၀၀၀ကျပ်၊ ဂေါ်သခါးညွန့် တစ်စီး ၁၃၀၀ကျပ်၊ အာလူး တစ်ပိဿာ ၈၀၀၀ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၅၀၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၂၄၀၀၀၊ ဂျင်းအနည်းဆုံး ၁၀၀၀ ကျပ်၊ ကြက်သားတစ်ပိဿာ ၂၂၀၀၀ကျပ်၊ အမဲသား တစ်ပိဿာ ၂၆၀၀၀၊ ၀က်သား ဆိတ်သား အနည်းဆုံး ၅၀၀၀ ကျပ်ဖိုးသာ၀ယ်ယူရတယ်လို့ ဈေးကွက်အရ သိရပါတယ်။ 

ယခုတပတ်တာရဲ့  ကုန်ဈေးနှုန်းတွေကိုတော့ ယွန်းဆက်က စုစည်းပေးထားတာဖြစ်ပါတယ်။


Related posts

Cover
တပတ်တာ ကုန်ဈေးနှုန်း စုစည်းချက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 31, 2026
Cover
စက်သုံးဆီ အကျပ်အတည်း နဲ့ တပတ်အတွင်း စျေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 23, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026