NEWS

နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်

CoverLogo
299 Views
 
နိုင်ငံတဝန်းရှိ အကျဉ်းထောင် ၃၁ခု မှ နိုင်ငံရေး အကျဉ်းသား ၃၆၁၃ဦးသာ ပြန်လွတ်သေးတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က မတ်လ၃ရက် မှာ ထုတ်ပြန်ပါတယ်။
 
မတ်လ၂ရက် တောင်သူလယ်သမားနေ့မှာ စစ်ကော်မရှင်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) နှင့်၅၂(က)ဖြင့် တရားစွဲဆိုးခံထားရသူ ၁၂၄၈၇ဦး အပါအဝင် အကျဉ်းထောင်၊အချုပ်ထောင် စခန်း အသီးသီးမှာ အဖမ်းခံထားရတဲ့ အကျဉ်းသား၊အကျဉ်းသူ ၇၃၃၇ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
လက်ရှိမှာ မတ်လ၃ရက် နေ့လည် ၁နာရီ အထိ အတည်ပြု ထားသော စာရင်းတွေအရ. ပေါင်းတည်အကျဉ်းထောင်မှ ကျား(၁၆)ဦး နှင့် မ(၆)ဦး၊သာယာဝတီအကျဉ်းထောင်မှ ကျား (၅၉ )ဦးနှင့် မ( ၃၃ )ဦး ၊ ဒိုက်ဦးအကျဉ်းထောင်မှ ကျား(၁၇၇)ဦး နှင့် မ(၆၂)ဦး၊ မအူပင်အကျဉ်းထောင်မှ ကျား(၃၈)ဦး နှင့် မ(၆)ဦး၊ ကော့သောင်းအကျဉ်းထောင်မှ ကျား၊မ စိစစ်ဆဲ (၆)ဦး၊ပခုက္ကူအကျဉ်းထောင်မှ ကျား၊မ စိစစ်ဆဲ (၈၀)ဦး၊ကလေးအကျဉ်းထောင်မှ ကျား(၈၁)ဦး နှင့် မ(၂၅)ဦး ၊ ပြည်အကျဉ်းထောင်မှ ကျား (၄၈)ဦး၊ နှင့် မ (၁၄)ဦး ၊သထုံအကျဉ်းထောင်မှ ကျား(၆၂)ဦး ၊ မြိတ်အကျဉ်းထောင်မှ ကျား(၁၈)ဦးနှင့် မ(၁၇)ဦး၊မြစ်ကြီးနားအကျဉ်းထောင်မှ ကျား (၁)ဦး နှင့် မ(၂)ဦး၊အင်းစိန်အကျဉ်းထောင်မှ မ (၅)ဦး -(ဆက်လက်အတည်ပြုရန်ရှိ)၊ရွှေဘိုအကျဉ်းထောင်မှ ကျား၊မ စိစစ်ဆဲ (၈၂)ဦး၊ကသာအကျဉ်းထောင်မှ ကျား (၂၀)ဦး နှင့် မ(၇)ဦး၊ကျိုက်မရောအကျဉ်းထောင်မှ ကျား (၈၇)ဦး နှင့် မ(၇၃)ဦး၊သရက်အကျဉ်းထောင်မှ ကျား၊မ စိစစ်ဆဲ (၃၀)ဦး၊ဟင်္သာတအကျဉ်းထောင်မှ ကျား(၁၀၀)ဦး နှင့် မ(၂၀)ဦး၊ အိုးဘိုအကျဉ်းထောင်မှ ကျားအချုပ်(၁၀)ဦး၊ မအချုပ်(၇၈)ဦး နှင့် ကျား(၆၇၀)ဦး မ(၁၇၄)ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။
 
ထပ်မံပြီး ရမည်းသင်းအကျဉ်းထောင်မှ ကျား၊မ စိစစ်ဆဲ (၉၃)ဦး၊လွိုင်ကော်အကျဉ်းထောင်မှ ကျား၊မ စိစစ်ဆဲ (၁၁၀)ဦး၊မြင်းခြံအကျဉ်းထောင်မှ ကျား (၃၁)ဦး နှင့် မ (၁၈)ဦး၊ မိတ္ထီလာအကျဥ်း‌ထောင်မှကျား (၁၄)ဦး နှင့် မ(၉)ဦး၊ပုသိမ်အကျဥ်း‌ထောင်မှ ကျား(၆၇)ဦး နှင့် မ (၂၁)ဦး ၊ထားဝယ်အကျဉ်းထောင်မှ ကျား(၈၀)ဦး နှင့် မ (၂၈)ဦး၊မိုးညှင်းအကျဥ်း‌ထောင်မှ ကျား(၂) ဦး နှင့် မ(၄)ဦး၊ နေပြည်တော်အကျဉ်းထောင်မှ ကျား(၁၈)ဦး၊မြောင်းမြအကျဉ်းထောင်မှ ကျား၊မ စိစစ်ဆဲ (၆၈)ဦး၊ မုံရွာအကျဉ်းထောင်မှ ကျား(၂၀၀)ဦး နှင့် မ(၄၇)ဦး၊ဂန့်ဂေါအချုပ်ထောင်မှ ကျား၊မ စိစစ်ဆဲ (၆၀)ဦး၊ မကွေးအကျဉ်းထောင်မှ ကျား(၂၅၁)ဦး နှင့် မ(၈၈)ဦး၊ တောင်လေးလုံး(ခ)ညောင်ရွှေအကျဉ်းထောင်မှ ကျား(၂၀၀)ဦး နှင့် မ(၈၄)ဦး တို့ လွတ်မြောက်ကြောင်း PPNMက ထုတ်ပြန်ထားပါတယ်။
 
အကျဉ်းထောင်အသီးသီးတွင်ပုဒ်မ ၅၂(က)နှင့်ပုဒ်မ၅၀(ည) ဖြင့်အဖမ်းခံထားရသူတွေမှာ လွတ်ငြိမ်းစာရင်းတွင် အမည်ပါသော်လည်းမလွတ်လာသေးသူများရှိတယ်လို့ ဆိုပါတယ်။
 
စစ်ဆေးစောင့်ကြည့်မှုအရ ဒိုက်ဦးထောင်၊မြင်းခြံထောင်၊ပေါင်းတည်ထောင်၊မအူပင်ထောင်၊အိုးဘိုထောင်၊အင်းစိန်ထောင်တို့အပါအဝင် အကျဉ်းထောင် အများစုမှာ ပုဒ်မ ၅၂(က)နှင့်ပုဒ်မ၅၀(ည)ဖြင့် အဖမ်းခံထားရသူတွေ လွတ်မြောက်လာခြင်းမရှိသေးတာကြောင့် ချက်ချင်းလွှတ်ပေးရန် နဲ့ အခြား နိုင်ငံရေး ပုဒ်မ များဖြင့် အဖမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား များ အားလုံးကို ခြွင်းချက်မရှိ လွတ်ပေဖို့ PPNMမှ တောင်းဆိုထားပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026