NEWS

နိုင်ငံခြားသားအချို့ ဘာသာစကားသင်တန်းအမည်ခံဖွင့်လှစ်ကာ မြန်မာအမျိုးသမီးများကို လက်ထပ်ဖို့ စည်းရုံးပြီးလူကုန်ကူးနေဟု စစ်ကောင်စီပြော

CoverLogo
242 Views
 
နိုင်ငံခြားသားအချို့ က မြန်မာနိုင်ငံသို့ အလည်အပတ်ဗီဇာနဲ့ လာကာ ဘာသာစကားသင်တန်း အမည်ခံဖွင့်လှစ်ပြီး မြန်မာအမျိုး သမီးများကို ၄င်းတို့ရဲ့ နိုင်ငံသားတွေနဲ့ လက်ထပ်စေဖို့ စည်းရုံးပြီးလူကုန်ကူးတာတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီလူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကပြောပါတယ်။
 
စက်တင်ဘာ ၄ ရက်က ပြုလုပ်တဲ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
ပြောင်းလဲလာတဲ့ လူကုန်ကူးမှု ပုံစံများအရ အိမ်နီးချင်းနိုင်ငံမှ လူငယ်များဟာ မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက်လာကြပြီး မြန်မာအမျိုးသမီးများအား ချစ်ကြိုက် လက်ထပ်ခြင်းမဟုတ်ဘဲ လှည့်ဖြားလိုသောသဘောဖြင့် ငွေကြေးပေးကာလက်ထပ်ခြင်း၊ တရားရုံးတွင် ထိမ်းမြားမင်္ဂလာ ကျမ်းကျိန်လွှာပြုလုပ်ပြီး ၄င်းတို့နိုင်ငံသို့ တရားဝင် ခေါ်ဆောင်နေတာတွေ စိစစ်တွေ့ရှိရတယ်လို့ဆိုပါတယ်။
 
ဒါ့အပြင် ဒေသတွင်းနိုင်ငံတွေက နိုင်ငံသားတချို့ဟာ မြန်မာနိုင်ငံသို့ အလည်အပတ်ဗီဇာဖြင့် ရောက်ရှိလာခဲ့ ပြီး ဘာသာစကားသင်တန်း အမည်ခံဖွင့်လှစ်ကာ မြန်မာအမျိုး သမီးများကို ၄င်းတို့ရဲ့ နိုင်ငံသားများနှင့် ထိမ်းမြားလက်ထပ်စေရန် စည်းရုံးဆောင်ရွက်ခဲ့တဲ့ ဖြစ်စဉ်တွေ ကိုလည်း အရေးယူထားတာတွေရှိတယ်လို့စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကပြောပါတယ်။
 
"အခုလို ဖြစ်တာတွေက အာဏာသိမ်းခံရတာတွေရဲ့ ဆိုးကျိုးတွေ ဆင်းရဲမွဲတေမှု အလုပ်လက်မဲ့များလာတဲ့ အပေါ် ပြည်ပက လူကုန်ကူးသူ တွေက အခွင့်ကောင်းယူပြီးလုပ်လာကြတာ တစ်ဖက်ကလည်းစည်းရုံးသလို တစ်ဖက်ကလည်း ပိုက်ဆံလိုချင်လို့ လက်ခံတာတွေ ဖြစ်လာတာ အခုဆို တရုတ်မယား အဖြစ်ရောင်းစားခံရတာတွေ ဒုက္ခရောက်နေတာတွေ အများကြီး စစ်ကောင်စီဘက်က ထိထိရောက်ရောက်အရေးမယူဘူး အရေးယူရင်လည်း နိုင်ငံသားပွဲစားကိုပဲ အရေးယူတာတွေ့တယ် တရုတ်နိုင်ငံသား ပွဲစားတွေ ဆိုရင် ပြန်ပို့ပေးတာနဲ့ ထွက်ပြေးလွတ်မြောက်သွားတာနဲ့ သူတို့သတင်းထုတ်ပြန်ချက်တွေမှာမြင်နေရတာပဲ""လို့ အလုပ်သမားအရေးလှုပ်ရှားသူတဦးက မှတ်ချက်ပြုပါတယ်။
 
၂၀၂၄-၂၀၂၅ ဇွန်လ အတွင်း လူကုန်ကူးမှု ၆၇ မှု ကို စစ်ကောင်စီရဲ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့ က ဖော်ထုတ်ဖမ်းဆီးနိုင်တယ်လို့ ဆိုထားပြီး ၄၈ မှုဟာ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရတာ ဖြစ်ပြီး၊ ပြည်တွင်း မှာ ၁၇ မှု၊ လာအို မှာ ၁မှုနဲ့ ကမ္ဘောဒီးယား သို့ ၁ မှု ဖြစ်ပြီး အများစုမှာ အဓမ္မလက်ထပ်ခိုင်းခြင်း ပြည့်တန်ဆာအဖြစ်ခိုင်းစေခြင်းနဲ့ အငှားကိုယ်ဝန်ဆောင်ခြင်းတို့ တွေ့ရှိရကြောင်း သိရပါတယ်။

Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026