NEWS

နိုင်ငံခြားငွေဈေးပြန်တက်လာပြီး၊ ရွှေဈေးနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်လာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)

CoverLogo
17 Views
 
 
၂၀၁၆ခုနှစ်အစပိုင်းလဖြစ်တဲ့ ဇန်နဝါရီလ လယ် ၁၂ရက်မှ ၁၆ရက်အထိ တစ်ပတ်တာအတွင်း မြန်မာပြည်မှာ စက်သုံးဆီမှာဓာတ်ဆီဈေးအနည်းငယ်အကျပြတာကလွဲလို့ ရွှေ၊ဒေါ်လာနိုင်ငံခြားသုံးငွေကြေးဈေးကွက်တွေနဲ့ ပြည်တွင်းကုန်ဈေးနှုန်းအခြေအနေတွေ ယခင်တစ်ပတ်တာကထက်အဆမတန်ဈေးမြင့်လာနေပါတယ်။
 
ဒီအကြောင်းကို Myanmar Labour News ရဲ့ တစ်ပတ်ကြာ ကုန်ဈေးနှုန်းအကြောင်းတင်ပြနေတဲ့ ကဏ္ဍကနေ စုစည်းဖော်ပြလိုက်ပါတယ်။
 
ဇန်နဝါရီလ၁၂ရက်ကနေ ၁၆ ရက်အတွင်း အတက်ကြမ်းလာတာက ရွှေဈေးဖြစ်သလို ၊လက်ရှိမှာ ဒေါ်လာဈေးကလည်း ‌ငွေကျပ် ၃၀၀၀ကျော် ဝန်းကျင်ကနေ၄၀၀၀ကျော် အထိ ဈေးခုန်တက်လာသလို စားသောက်ကုန်တွေထဲမှာလည်းသိသာတာတွေက ယခင်က မနက်အဆာပြေ ပဲပြုပ်တောင်အနည်းဆုံးငွေကျပ်၅၀၀ဈေးဝယ်လို့ရနေရာကနေ ယခုလက်ရှိတစ်ပတ်ကြာအတွင်း စားတော်ပဲဈေးတက်လာလို့ ငွေကျပ်၁၀၀၀ ဖိုးအနည်းဆုံးရောင်းချလာတယ်လို့ဝယ်ယူစားသုံးသူတွေကပြောပြလာကြပါတယ်။
 
စက်သုံးဆီဈေးနှုန်း
 
ယနေ့ ဇန်နဝါရီ၁၆ရက်နေ့ ရန်ကုန်လက်ကားအထိုင်ဈေးအနေနဲ့ ရောင်းချ နေတဲ့ စက်သုံးဆီဈေးနှုန်းတွေက ၉၂တစ်လီတာ ၂၂၉၀ကျပ် ၊ ၉၅ တစ်လီတာ ၂၃၃၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၁၆၅ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၅၁၀ကျပ်ဖြစ်ပါတယ်။
 
အဲဒီမတိုင်မီ ဇန်နဝါရီ၁၅ရက်နဲ့တစ်ပတ်အတွင်းက စက်သုံးဆီဈေးဟာ ၉၂တစ်လီတာ ၂၃၂၅ကျပ်၊ ၉၅ တစ်လီတာ ၂၃၈၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၁၃၅ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၂၅၄၅ကျပ် ဖြစ်ခဲ့တာကြောင့် စက်သုံးဆီဈေးဟာ တစ်ပတ်အတွင်း ဓာတ်ဆီဈေးက ၃၅ကနေ၄၅ကျပ်နှုန်း‌ ဈေးအကျရှိကာဒီဇယ်ဈေးက တော့၃၀က‌ေန၃၅ကျပ်နှုန်း
ဈေးတွေပြန်တက်လာပါတယ်။
 
ပြင်ပစက်သုံးဆီဈေးက တော့တစ်လီတာ ၃၀၀၀ နဲ့အထက် ပတ်ချာလည်‌ ဈေးနဲ့ရောင်းချတာကို တွေ့ရပါတယ်။
 
ရွှေဈေးနှုန်း
 
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းက သတ်မှတ်တဲ့ ရွှေ တကျပ်သားရဲ့ ဈေးနှုန်းက‌‌ ဒီကနေ့မှာ ကျပ် ၆၀,၀၀၀၀၀ ကျပ် ဈေးရှိလာပြီး အဲ့ဒီ့ဈေးဟာ ယခင် တစ်ပတ်ကြာက ဈေးအတိုင်းပဲဖြစ်ပါတယ်။
ရွှေ ပြင်ပပေါက်ဈေးအ‌ေနနဲ့က‌ေတာ့ ၁၆ပဲရည်အခေါက်ရွှေတစ်ကျပ်သားကိုပြီးခဲ့တဲ့နှစ်ရက်ခန့်ကသိန်း၁၀၀နီးပါးဖြစ်တဲ့ ၉၉သိန်း‌ ကျော်အထိပေါက်ဈေးမှာရှိခဲ့ကာ ယ‌ေန့ဇန်နဝါရီ၁၆ရက်မှာတော့ ရွှေတစ်ကျပ်သား၉၈သိန်းမှ ၉၆သိန်းအထိပေါက်ဈေးနဲ့ ဈေးနည်းနည်းအကျပြကာယခင်တစ်ပတ်ကြာက ၉၄သိန်းဈေးထက်တော့ယခု အတက်ဈေးနဲ့ရှိနေဆဲပါ။
 
နိုင်ငံခြားငွေဈေးကွက်
 
အမေရီကန် ဒေါ်လာနဲ့ နိုင်ငံခြားငွေကြေးတွေကတော့ ယခုတစ်ပတ်မှာသိသိသာသာကြီးမြင့်တက်လာပါတယ်။
ယခင်တစ်ပတ်ကြာက အမေရီကန် ၁ဒေါ်လာကို မြန်မာငွေ၃၀၀၀ကျပ်ကျော်ရှိရာကနေ လက်ရှိမှာ ၄၀၀၀ကျပ်ကျော်ဈေးတက်လာပါတယ်။
 
အမေရိကန်ဒေါ်လာ၁‌ ဒေါ်လာဈေးက ဒီကနေ့ ဇန်နဝါရီ၁၆ရက်မှာ ရောင်းဈေး ၄၀၃၀ကျပ်၊ ဝယ်ဈေး ၄၀၈၀ကျပ်ဖြစ်ရာထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၂၉ကျပ်ကျော်၊ ဝယ်ဈေး ၁၃၂ကျပ် ကျော် ၊ ယွမ်းငွေကရောင်းဈေး၅၇၈ကျပ်၊ ဝယ်ဈေး ၅၉၃ကျပ်၊ ဂျပန်ယန်းဈေးက ရောင်းဈေး၂၅၀နဲ့ဝယ်ဈေး၂၅၀ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။
စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကိုရောင်းဈေး ၃၁၈၀ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ဝယ်ဈေးကတော့၃၁၄၀ကျပ်ဈေးမှာတည်ရှိကာစင်ကာပူ‌ ဒေါ်လာဟာယခင်တပတ်ကြာဈေးထက်‌ တော့ငွေကျပ်၁၀၀ကျော်ဈေးတက်လာတာပဲဖြစ်ပါတယ်။
 
အခြေခံစားသောက်ကုန်ဈေးနှုန်းများ
 
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်း ကဒီတစ်ပတ်မှာ တော့ စားအုန်းဆီ၁ပိဿာကို ၆၁၀၀ကျပ်ဈေးသတ်မှတ်ထားတာကြောင့် ယခင်တစ်ပတ်ကြာက ၆၀၆၀ကျပ်ဈေးထက် ငွေကျပ်၄၀ ဈေးထပ်တက်လာပါတယ်။
 
ပြင်ပဈေးကွက်မှာတော့ ဆီအသင်းသတ်မှတ်ဈေးတစ်ပိဿာကို ၆၁၀၀ကျပ်နှုန်းနဲ့ပဲ အခြေခံကာတစ်ပိဿာ ကျပ် ၁၀ဝ၀၀ ကျော် အထိပေါက်ဈေးနဲ့ရောင်းချနေကြပါတယ်။
 
ပဲဆီ၊ နေကြာဆီနဲ့ အခြားဆီဈေးနှုန်းတွေကတော့ ငွေကျပ်၂၀၀၀၀ ဝန်းကျင်မှာပဲ ဈေးအစားစားရှိနေတယ်လို့ဆိုပါတယ်။
 
ဆန်ဈေး
 
ဆန်ဈေးအနေနဲ့က တော့ ဆန်ချောဈေးမှာ ရွှေဘိုပေါ်ဆန်းအမြင့်ဆုံးထူးထူးရှယ်က တစ်ပြည်ကို ငွေကျပ် ၉၅၀၀ကျပ်မှ ၁၀၀၀၀ကျပ်အထိ ရှိပြီး အခြားဆန်တွေကတော့တောင်ပျံရှယ် တစ်ပြည် ၈၅၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၈၀၀၀နဲ့ ဆန်ကြမ်းအလတ်စားတွေအနေနဲ့ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စတဲ့ ပေါက်ဈေးအတိုင်း ရှိနေပါတယ်။
 
ကြက်ဥ၊ဘဲဥ ဈေးတွေကတော့ ယခင်ထက်၅၀ကျပ်လောက်ခုန်တက်လာရာအရင် ကြက်ဥတစ်လုံး၄၅၀ကျပ်ကနေ၅၅၀ကျပ်ဈေးမှကြက်ဥတစ်လုံး၅၀၀ကျပ်ကနေ၆၀၀ကျပ် နဲ့ ဘဲဥတစ်လုံး ၆၅၀ ၊ဆေးဘဲဥတစ်လုံး ၈၀၀ကျပ်နဲ့ ငုံးဥ ၁၀လုံးကို ‌၁၀၀၀ကျပ်ဈေးရှိနေပါတယ်။
 
မနက်အဆာပြေစားသုံးမှုတွေထဲက လူအများစားသုံးမှုများတဲ့ အစားအစာတွေထဲမှာ ထမင်းကြော်တစ်ပွဲကိုကြက်ဥနဲ့ငွေကျပ်၃၅၀၀မှ ၄၀၀၀ကြား ၊မုန့်ဟင်းခါး၊အုန်းနို့ခေါက်‌ဆွဲ အလွတ်တစ်ပွဲကို ငွေကျပ်၂၅၀၀မှ ၁၅၀၀ကြား၊ လက်ဖက်ရည်၊ကော်ဖီတစ်ခွက်ကို ငွေကျပ်၂၅၀၀မှ ၁၅၀၀ကြား နဲ့ ပဲပြုတ်တစ်ဆယ်သားကို ငွေကျပ်၁၅၀၀မှ ၁၂၀၀ကြား စသဖြင့် ဈေးအမျိုးမျိုးသတ်မှတ်လာကြပါတယ်။
 
" ကုန်ဈေးနှုန်းက တစ်ပတ်အတွင်းပြောင်းလဲသွားတယ် မနက်ကပဲ အဆာပြေအတွက်ပဲပြုတ်ဝယ်တာ အနည်းဆုံး ၅၀၀ဖိုး အခုမရတော့ဘူးတဲ့ ၊ပဲ‌ေဈးတက်လို့ ၁၀၀၀ဖိုးပဲအနည်းဆုံးရောင်းတော့တယ်ပြောတယ်။ အခြားဟာတွေလည်းဈေးထဲမှာ နည်းနည်းစီလိုက်တက်လာနေတာပဲ၊ရတဲ့လခတော့ တိုးလာတာရှိမနေပါဘူး"လို့ ရန်ကုန်မြို့နေလုပ်သားပြည်သူတစ်ဦးကပြောပါတယ်။
 
စားဖိုဆောင်သီးနှံတွေ အနေနဲ့ကတော့ ကြက်သွန်နီဟာ ဒီကာလအတွင်းမှာ ကုန်ချိန်အသစ်ပေါ်တဲ့အချိန်ဖြစ်လာလို့ ဈေးကျလာပေမယ့် ယခင်တစ်ပတ်ကြာဈေးအရ ကြက်သွန်နီ အလုံးသေးတစ်ပိဿာ ငွေကျပ်၁၀၀၀ ဈေးကနေ ၄၀‌၀ကျပ်ဈေးပိုလာကာ တစ်ပိဿကို ကြက်သွန်အလုံးသေး၁၄၀၀ကျပ်ဈေးဖြစ်လာသလို အခြားကြက်သွန်နီအရွယ်အစားတွေအနေနဲ့လည်း တစ်ပိဿာ၁၅၀၀ကျပ် မှ ၂၅၀၀ကျပ်အထိဈေးအများဆုံးဈေးကွက်ဖြစ်နေကြောင်းသိရပါတယ်။
ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်နဲ့အထက် အာလူးတစ်ပိဿာ ၇၀၀၀ကျပ်၊ ဂျင်းတစ်ပိဿာ ၃၃၀၀ကျပ်၊လက်ဖက်စို တစ်ပိဿာ ၁၂၀၀၀ကျပ်၊လက်ဖက်ခြောက်တစ်ပိဿာ ၂၄၀၀၀ကျပ်၊ နှစ်ပြန်ကြော် တစ်ပိဿာ၁၄၀၀၀ကျပ် ဈေးတွေအတိုင်းပဲရှိနေပါတယ်။
 
ကြက်သားအရသာဟင်းခတ်မှုန့်၊ အချိုမှုန့် ၊ခရုဆီ၊ပဲငံပြာရည်၊ ငရုတ်ကောင်းစတဲ့ ကုန်ခြောက်အမျိုးအစားပစ္စည်းတွေ ဈေးခုန်တက်နေဆဲလို့ဆိုပါတယ်။
 
ခေါက်ဆွဲခြောက်၊ကြာဇံခြောက် လို အထုပ်တွေရဲ့ဈေးကတော့အရင်က ယမ်ယမ်၊ဝါးလားခေါက်ဆွဲတထုပ်ဈေးမှာ၇၀၀ကျပ်ပဲရှိရာကနေယခုအခါဆထုပ်ကိုငွေ၁၀၀၀ကျပ်ရှိပြီး ရှင်းရှင်းကြာဇံခြောက်တထုပ်ဈေး က ယခင် ငွေ၁၂၀၀ကျပ်ကနေယခုအခါ ၁၈၀၀ကျပ်ဈေးအထိရှိလာနေပါတယ်။
 
အခြေခံပြည်သူတွေသောက်သုံးမှုများတဲ့ကော်ဖီမစ်အမျိုးအစားတွေထဲ ပရီမီယာ၊sunday၊စူပါ စတဲ့ပြည်တွင်းထုတ်ကော်ဖီမစ်တွေအနေနဲ့တစ်ထုပ်ချင်းဈေးငွေကျပ်၇၀၀ကနေ ၁၀၀၀ကြားဈေးရှိပြီးပါကင်ဈေးအနေနဲ့ ငွေကျပ်၁၄၀၀၀ ကနေ ၁၇၀‌၀၀ကျပ်ကြားဈေးတွေရှိနေတာပါ။ ယိုးဒယားတံဆိပ် ဘာဒီ၊နက်စ် အခြားကော်ဖီတွေကလည်း တစ်ထုပ်ချင်းကို ငွေကျပ်၈၀၀မှ ၁၃၀၀ကြားဈေးမှာရှိကာ ပါကင်ဈေးအနေနဲ့ ငွေကျပ်၁၅၀၀၀မှ၂၅၀၀၀ကျပ်ကြားဈေးမှာရှိနေပါတယ်။
အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ ချဉ်ပေါင်ရွက်တစ်စီးလျှင် ၇၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၅၀၀၊ ဗူးရွက်တစ်စီး ၁၀၀၀၊ ဆူးပုတ်ရွက်တစ်စီး ၇၀၀ကျပ်နဲ့ ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ် ၅၀၀၀ ကျပ် ၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ ၊ ခဝဲသီး တစ်လုံး ၇၀၀ ကျပ်၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊ ရှမ်းနံနံစတာတွေကတော့ ၁၀၀၀ကျပ်အနည်းဆုံးပေး၀ယ်လာနေရပြီး ဆောင်းသီးနှံထဲဈေးပေါလာတာကတော့ယခင် ပြောင်းဖူး၁ဖူးကို ငွေကျပ် ၁၀၀၀မှ၁၅၀၀ဈေးကနေ ယခု ၁ဖူးကို ငွေကျပ်၅၀၀ကနေ၁၀၀၀ ဈေးဖြစ်လာလို့ ငွေ ၅၀၀ ကျပ်လောက်အရင်ထက်ဈေးအနည်းငယ်လျော့လာသလို ဂေါ်ဖီပန်း၊မုန့်ညှင်း၊မုန်လာဈေးများလည်းအရင်ထက် ဈေးနည်းနည်းစီကျဆင်းလာပါတယ်။
 
ဘုရားပန်းကပ်လှူဖို့ ပန်းစည်းတွေအနေနဲ့လည်း ဂန္ဓမာပန်းအမျိုးအစားလိုက်တစ်စည်းကို၆၀၀၀ကျပ်မှ ၃၀၀၀ကျပ်၊ နှင်းဆီအမျိုးအစားလိုက်တစ်စည်းကို၄၀၀၀ကျပ် မှ ၂၅၀၀ကျပ်၊သပြေတစ်ခက်ကိုအနည်းဆုံး၂၀၀၀ကျပ်မှ ၅၀၀၀ကျပ် အထိဈေးရှိနေပါတယ်။
 
ငါးဈေးနှုန်းတွေကတော့ ၂၀၀၀၀ မှ ၂၅၀၀၀ အထိရှိပြီး မည်သည့်ငါးမဆိုအနည်းဆုံး ၅၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်ပါတယ်။
 
ရပ်ကွက်ဈေးများထဲ အစားအများဆုံးအသားဖြစ်တဲ့ကြက်သားက တော့ ငွေကျပ် ၃၅၀၀၀ ကျပ်အထိကနေ ထပ်မံပြီး တစ်ပိဿာကိုငွေကျပ်၃၀၀၀၀ ကနေ ၄၀၀၀၀နှုန်းအထိ စံချိန်တင်မြင့်တက်နေပါတယ်။
 
အမဲသားနဲ့၀က်သားဈေးနှုန်းတွေဟာဆိုရင် ကျပ် ‌၈၀၀၀၀ ကျပ်မှ ၉၀၀၀၀ကျပ်ဈေးကိုရောက်ရှိနေပြီး ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ကျပ် ၉၀၀၀၀ ဈေးအထိကိုရောက်ရှိမြင့်တက်‌ေနလို့ဆိတ်သားဈေးနှုန်းတွေဟာဆိုရင်အခြေခံအလုပ်သမားတွေအတွက် စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။
 
အခြေခံပြည်သူတွေရဲ့ကျန်းမာရေးပြသနာတွေအတွက်အထောက်အပံ့ပြုနေတဲ့ ဆေးနဲ့ဆေးပစ္စည်းဈေးနှုန်းတွေကတော့ တက်ဈေးနဲ့ပဲဝယ်ယူသုံးစွဲနေရဆဲဖြစ်သလို ယခင်ကလက်ဟောင်း ဆေးတွေနေရာမှာလည်း အာနိသင်တူ လက်သစ်ဆေးတွေကိုသာ ဈေးတင်ဝယ်ယူသုံးစွဲလာရတယ်လို့လည်းဆိုပါတယ်။
 
"အခုကာလက ကျန်းမာရေးနှာစေး၊ချောင်းဆိုးဖျားလောက်ဆို ဆေးခန်းမသွားကြတော့ဘူး၊ဆေးဖိုးဝါခက တစ်ခါပြရင်အနည်းဆုံး၃သောင်းကနေ ၇သောင်းလောက်ထိကုန်ကျနေတော့ ၊တစ်အားကြီးဆိုးရွားတဲ့ အခြေအနေလောက်မှသာ မသွားမဖြစ်ဆေးခန်းသွားကြတော့တာ၊ တစ်ခုခုဖြစ်ရင်ဆေးဆိုင်ကဆေးသွားဝယ်သောက်တာတေ။င်အရင်ကဆေးဖိုးတစ်ထောင်မကုန်ဘူး၊အခုတော့ ဆေးဖိုးကတစ်ခါဝယ်ရင် ထောင်ဂဏန်း၊သောင်းဂဏန်းဖြစ်လာနေတော့၊ အချို့ဆိုဆေးတောင်ဝယ်မသောက်နိုင်တော့တဲ့အခြေအနေတွေရှိလာနေပြီလို့"ဆေးဝါးဈေးနှုန်းတွေတက်တဲ့အကြောင်းကို ရန်ကုန်မြို့ကလုပ်သားပြည်သူတစ်ဦးကပြောပြထားပါတယ်။
 
တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။

Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ ၅-ဇန်နဝါရီ၁၁)
Jan 11, 2026
Cover
ပြည်ပက တင်သွင်းရတဲ့ ဆေးဝါးနဲ့ သွင်းကုန်ပစ္စည်းပြတ်လပ်ပြီး ကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 11, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဒီဇင်ဘာ၂၉-ဇန်နဝါရီ၄)
Jan 10, 2026
Cover
ရွှေဈေး၂ သိန်းကျော်ပြန်ကျပြီး ရာသီပေါ်သီးနှံတချို့ စျေးအနည်းငယ်ပြန်ကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 08, 2026
Cover
အချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
Dec 29, 2025
Cover
ရွှေဈေး စံချိန်တင်မြင့်တက် အခြေခံစားသောက်ကုန်တွေလည်း ထင်သလောက်ဈေးမကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Dec 27, 2025
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဒီဇင်ဘာ၁၅-ဒီဇင်ဘာ၂၁)
Dec 22, 2025
Cover
ရွှေဈေး၊ စက်သုံးဆီဈေး ပြန်တက်လာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း) ဒီဇင်ဘာ ၁၉၊ ၂၀၂၅
Dec 20, 2025