NEWS

နိုင်ငံကူးလက်မှတ်အတုပြုလုပ်ပါက အရေးယူမည်ဟု မြန်မာသံရုံး ကြေညာ

CoverLogo
500 Views
 
ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ မိမိတို့ရဲ့နိုင်ငံကူးလက်မှတ်ကို ပြင်ဆင်ထားခြင်း အတုပြုလုပ် ထားခြင်း တို့ကို စိစစ်တွေ့ရှိပါက နိုင်ငံကူးလက်မှတ် အားပယ်ချက်မယ့်အပြင် ဥပဒေအရ အရေးယူသွားမယ်လို့ မြန်မာသံရုံး(ဗန်ကောက်)က မေလ ၂၃ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။
ထိုင်းနိုင်ငံ ရဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း နိုင်ငံကူးလက်မှတ် အတုပြုလုပ်ထားခြင်း ပြင်ဆင်ထားခြင်း တို့ကို နည်းပညာမြင့်စက်များနဲ့ စိစစ်ဖေါ်ထုတ်ဆောင်ရွက်နေသလို မြန်မာသံရုံး မှသက်ဆိုင်ရာ ဌာနများနဲ့လည်း နိုင်ငံကူးလက်မှတ်အချက်အလက် တွေ ကို အချိန်တိုအတွင်း စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ မြန်မာသံရုံးရဲ့ ကြေညာချက် မှာဖေါ်ပြထားပါတယ်။
မိမိတို့ရဲ့ နိုင်ငံကူးလက်မှတ် ကို ကောင်းမွန်စွာ ထိမ်းသိမ်းဖို့ ကိုပါ အသိပေးထားပြီး ပျောက်ဆုံးခဲ့ပါက မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ စိစစ်ခွင့်ပြုချက် ဖြင့်သာ နိုင်ငံကူးလက်မှတ်အသစ် ကို ထုတ်ပေးမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံကူးလက်မှတ်ထဲ ရှိ အချက်အလက်ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း၊ မသက်ဆိုင်တဲ့သူများမှ တံဆိပ်ခေါင်းများကပ်ခြင်း၊ စာမျက်နှာများကိုစုတ်ဖြဲခြင်း၊ အခြားအမှတ်သားများ ဖြည့်စွက်ခြင်း တွေ မပြုလုပ်ဖို့ နဲ့ ပြုလုပ်မှု ကို စိစစ်တွေ့ရှိပါက နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူနဲ့ ဆောင်ရွက်ပေး သူတို့ကို ဥပဒေအရ အရေးယူပြီး နိုင်ငံကူးလက်မှတ်ကိုလည်း ပယ်ဖျက်မယ်လို့ အသိပေးထားပါတယ်။
""ပတ်စပို့ထဲက အချက်အလက်ပြင်ဆင်တာတွေ က ထိုင်းမှ တင်မဟုတ်ဘူး မြန်မာနိုင်ငံအတွင်းမှာလဲ
ရှိတယ် ပြည်ပ ထွက်လို့ အဆင်ပြေအောင် အသက်လျှော့တာတွေ တိုးတာတွေ လုပ်ကျတယ် ဒီလို လုပ်ပေးကျတဲ့သူတွေကလည်း သူတို့အသိုင်းဝိုင်းကသူတွေဘဲ များတယ် ""လို့ ထိုင်းရောက်မြန်မာနိုင်ငံသားတစ်ဦးကပြောပါတယ်။
ထိုင်းရောက်မြန်မာနိုင်ငံသားတွေ အနေနဲ့ အခက်အခဲ တစ်စုံတရာရှိပါက မြန်မာနိုင်ငံသံရုံး ဗန်ကောက်မြို့နဲ့မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့ တို့ကို လူကိုယ်တိုင် လာရောက်ဆက်သွယ်နိုင်တယ်လို့ မြန်မာသံရုံးကကြေညာထားပါတယ်။

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026