NEWS

ဒေါ်လာနှင့် ရွှေဈေး အနည်းငယ်မြင့်တက်လာ

CoverLogo
417 Views

အောက်တိုဘာ စတုတ္ထပတ်အတွင်း အမေရိကန်ဒေါ်လာနှင့် ရွှေဈေးအနည်းငယ် မြင့်တက်လာတယ်လို့ စုံစမ်း သိရှိရပါတယ်။ 

အောက်တိုဘာ တတိယပတ်အတွင်း အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သား ၆၁သိန်း အထိရှိ​ပေမယ့် 
အောက်တိုဘာ ၂၃ရက်က စတင်ပြီး တဖြည်းဖြည်း ပြန်လည်မြင့်တက်လျှက်ရှိပြီး လက်ရှိတွင် အကယ်ဒမီရွှေ ၁ ကျပ်သားလျှင် ၆၅သိန်းကျော်အထိရှိလာတာဖြစ်ပါတယ်။ 

ယခုရက်ပိုင်းအတွင်း ရွှေဈေးအတက်မြန်နေတာ​ကြောင့်လည်း ရွှေဆိုင်အချို့ကို စုံစမ်းစစ်ဆေးရေးအဖွဲ့(စ သုံးလုံး)က ရှောင်တခင်ဝင် ရောက်စစ်ဆေးမှုရှိနေတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း အမေရိကန် ဒေါ်လာ ပြင်ပပေါက်ဈေး ၁ ဒေါ်လာ ၄၂၀၀- ၄၄၀၀ကျပ်အတွင်း အဝယ်အရောင်းရှိခဲ့ပြီး လက်ရှိ အောက်တိုဘာ စတုတ္ထပတ်အတွင်း  ၄၅၀၀-၄၇၀၀ ကျပ် ဝန်းကျင်အထိ ဈေးတက်လျှက်ရှိ ပါတယ်။ 

တရုတ်-မြန်မာ နယ်စပ်ဂိတ်များကို တရုတ်နိုင်ငံဘက်က အောက်တိုဘာ ၂၂ရက်က စတင်ပြီး ယာယီ ပိတ်ပစ် ခဲ့တာ ဖြစ်ပြီး အဆိုပါ တရုတ်နယ်စပ်ဂိတ် ပိတ်ခံရမှုကို အကြောင်းပြုပြီး ဒေါ်လာဈေးကစားမှုများ ရှိလာသဖြင့် ဒေါ်လာဈေးတက်လာရခြင်း ဖြစ်တယ်လို့ ဒေါ်လာ ရောင်းဝယ် ပြုလုပ်နေသူ တစ်ဦး ပြောပါတယ်။ 

“တရုတ်နယ်စပ်ဂိတ် ပိတ်လိုက်ပြီးထဲက ဒေါ်လာဈေးက နည်းနည်းချင်း တက်လာတယ်။ ရှင်းရှင်း ပြောရရင် ဈေးကစား ကြတာပေါ့။ ဟိုအရင် ၆၀၀၀ ကျော် ၇၀၀၀ ကျော် အထိ ဈေးတက်ခဲ့တုန်းက ပိုက်မိထားတဲ့သူတွေ လည်း ရှိနေတော့။ အခုချိန်မှာ ဈေးကစားပြီး ဒေါ်လာဈေးကို ပြန်ဆွဲတင်ကြတာ။  အရင်အပတ်ကထက် သုံးလေးရာ တက်လာတယ်။ ရှေ့လျှောက် ထပ်တက်လာမလား ပြန်ကျမလား စောင့်ကြည့်ရမယ်” လို့ ဒေါ်လာ ဝယ်ရောင်းပြုလုပ်နေသူ ကိုမင်းမင်း(အမည်လွှဲ) က ဆိုပါတယ်။  

ဒေါ်လာအနည်းငယ် မြင့်တက်လာမှုကြောင့် နိုင်ငံခြားက မှာယူတင်သွင်းရသော ကုန်ပစ္စည်းများ ၊ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်း ဈေးနှုန်းများလည်း မြင့်တက်လာနိုင်ဖွယ်ရှိ​နေပါတယ်။ 

 

 


Related posts

Cover
တစ်အိမ်တစ်ယောက်မဲစာရင်း လာကြည့်ဖို့ စစ်ကော်မရှင်ရဲ့ UEC ဖိတ်ခေါ်
Oct 01, 2025
Cover
အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသများကို ဖြတ်ကျော်နိုင်ဟုမိုး/ဇလထုတ်ပြန်
Sep 29, 2025
Cover
အပူပိုင်းမုန်တိုင်း "ဘူအလွိုင်" ကြောင့် တိုင်းနှင့်ပြည်နယ်များတွင် အောက်တိုဘာ ၂ရက် အထိ မိုးကြီးနိုင်
Sep 28, 2025
Cover
ငမိုးရိပ်ရေလှောင်တမံ ရေပြည့်မှတ်ရောက်ရန် ပေဝက်ခန့်သာ လိုတော့ဟုဆည်မြောင်းဝန်ကြီးဌာနအသိပေး
Sep 26, 2025
Cover
ပါရာစီတမော သောက်သုံးမှု မူလညွှန်ကြားချက်မပြောင်းလဲဘူးလို့ ကမ္ဘာကျန်းမာရေးအဖွဲ့ထုတ်ပြန်ထား
Sep 24, 2025
Cover
စစ်တောင်း၊ ပဲခူး၊ သံလွင်နှင့်ဘီလင်းမြစ် တို့ ၆နာရီမှ ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်ရောက်ရှိမည်ဟု မိုးဇလ အသိပေး
Sep 24, 2025
Cover
တိုင်ဖွန်းမုန်တိုင်း ရာဂါဆာ အရှိန်ကြောင့် နေရာအနှံ့ မိုးကြီးမှု သတိပြုရန်လို
Sep 22, 2025
Cover
ဒိုက်ဦးနှင့် သာယာ၀တီအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူများ အရေပြားကူးစက်ရောဂါ ဆိုးရွားစွာခံစားနေရဟုဆို
Sep 17, 2025