NEWS

ဒီဇင်ဘာ ၃ ရက်နေ့ သတင်းများစုစည်းမှု

CoverLogo
1.1K Views

လှိုင်သာယာမြို့နယ်အတွင်း အလွတ်သဘော အခြေချနေထိုင်သူတွေ (ကျူးကျော်) ကို အတင်းအဓမ္မ နှင်ထုတ်ခြင်းနဲ့ နေအိမ်တွေကို ဖြိုခွင်းခြင်းတွေကို ချက်ချင်းရပ်တန့်ဖို့ မြန်မာစစ်တပ် အကြီးအကဲကို ကုလသမဂ္ဂက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။ “အတင်းအကြပ် နှင်ထုတ်တာဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာပဲ” ဟု ၎င်းတို့က ဆိုပါတယ်။

ဒီကနေ့ ပြည်တွင်းမှာလုပ်ကိုင်နေတဲ့ဆက်သွယ်ရေးအော်ပရေတာတွေက စစ်ကောင်စီရဲ့ဖိအားပေးမှု့ကြောင့်အင်တာနက်သုံးစွဲခတွေတိုးမြှင့်ကောက်ခံတော့မယ်လို့ ဆိုပါတယ်။အော်ပရေတာတွေဖက်ကဒီကိစ္စတွေကိုအတည်ပြုချက်ထုတ်ပြန်တာမျိုးမရှိပေမယ့်သုံးစွဲသူတွေဆီကိုရောက်ရှိလာတဲ့ message တွေအရသိရပါတယ်။ဒီပုံစံအတိုင်းဆိုသုံးစွဲသူတွေအနေနဲ့ အင်တာနက် 1MB ကို ၁ကျပ် နဲ့ပြား၈၀အထိပေးဆောင်ရဖို့ရှိနေပါတယ်။

ပြည်တွင်းခုခံတော်လှန်မှု့သတင်းများ

ဒီကနေ့မှာပဲ ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ထူလွှီးဘီလာကျေးရွာနှင့် ခြေတော်ရာဘုရားအနီးတွင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ် ရေးတပ်ဖွဲ့(KNDF)က ထုတ်ပြန်ထားပါတယ်။
ယနေ့ နေ့လည် ၁နာရီခန့်မှစတင်၍ ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နာရီဝက်ကျော်ကြာမြင့်ခဲ့ကြောင်း၊  နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ပြင်းထန်သည့်အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်၊
ထိုတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ထူလွှီးဘီလာကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ် ငါးလုံးကို မီးရှို့ဖျက်စီးခဲ့သည်ဟု KNDFက ဆိုပါတယ်။

မနေ့က ရန်ကုန်-မန္တလေး အမြန်လမ်းမှာ စစ်ယာဉ်တန်းကို ကျောက်ဆည် PDF များ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၄၃ မိုင်၊ ၅ ဖာလုံတွင် အင်အား ၃၀ ကျော် လိုက်ပါသည့် စစ်ကောင်စီယာဉ်တန်းကို ကျောက်ဆည် PDF တပ်ဖွဲ့က ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် မိုင်း ၆ လုံးခွဲ တိုက်ခိုက်ခဲ့တာလို့ ကျောက်ဆည် PDFကသတင်းထုတ်ပြန်ထားတာပါ။


ယနေ့မှာလဲ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် လယ်ခြား၊ ရှားတောကျေးရွာများကို မီးတင်ရှို့ ကာ PDF စခန်း တစ်ခု သိမ်းရန်လာသည့် အကြမ်းဖက် ဖက်ဆစ် စစ်ကြောင်းကို Ranger Kalay တပ်ဖွဲ့က  နံနက် ၈ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် နင်းမိုင်း၊ ဆွဲမိုင်းနှင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးကြောင်း Ranger Kalay တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကုန်၊လှိုင်မြို့နယ်၊ ပိတောက်ချောင်းရဲစခန်းမှ နယ်ထိန်း ရဲတပ်ကြပ်ကြီး ခင်မောင်ဝင်း ပစ်သတ်ခံရ​​ပါတယ်။လှိုင်မြို့နယ်  ပိတောက်ချောင်းရဲစခန်းမှ ရဲတပ်ကြပ်ကြီး ခင်မောင်ဝင်းသည် ယနေ့ နံနက် ၈ နာရီအချိန် လှိုင်မြို့နယ် ပိတောက်ချောင်း ၅ ရပ်ကွက်စျေး မြရတနာလမ်းပေါ်သို့ စျေးဝယ်လာစဉ် သေနတ်သမား ၃ ဦးက   သေနတ်ဖြင့် ၃ ချက်ပစ်ခတ်သွားသဖြင့် ဝဲနားထင် ၁ ချက်၊ နောက်စေ့ ၁ ချက်၊ နောက်ကျော ၁ ချက် ဒဏ်ရာများဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရပါတယ်။

မြိုင်မြို့နယ်၊ ဗဟင်းရဲစခန်းကို ယမန်နေ့ညနေပိုင်း PDF များက ဝင်ရောက်ပစ်ခတ်ရာ ရဲ ၆ ဦးသေဆုံးသွားကြောင်း၊ လက်ရှိတွင် ဗဟင်းရဲစခန်းမှူး သေဆုံးသူများတွင် ပါဝင်သည်ဟု သိရှိထးပေမယ့်အတည်ပြုချက်မရသေးဘူးလို့တိုက်ခိုက်ခဲ့တဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းဌာနတွေကိုထုတ်ဖော်ပြောဆိုပါတယ်။


ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ  ဖာပွန်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၊ လက်ပါးစေ BGF တပ်ဖွဲ့များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြား နိုဝင်ဘာလအတွင်း ရင်ဆိုင်တိုက်ပွဲ ၁၅၁ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ၁ ဦး၊ တပ်ခွဲမှူး ၁ ဦးအပါအဝင် ၁၀၃ ဦးသေဆုံးခဲ့ပြီး အခြားတပ်ရင်းမှူး ၁ ဦးနှင့် တပ်ခွဲမှူး ၁ ဦးအပါအဝင် ၈၈ ဦး ဒဏ်ရာရကြောင်း KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်ပါတယ်။

သပိတ်တိုက်ပွဲများ

ပုံမှန်ဆိုသလိုပဲ ရန်ကုန် မန္တလေး စစ်ကိုင်း မုံရွာ တနသာ်ရီအစရှိတဲ့မြို့ကြီးတွေအပါအဝင်နေရာအနှံ့အပြားမှာပြည်သူတွေကစစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက်ပြောက်ကြားနည်းနဲ့ဆန္ဒထုတ်ဖော်နေဆဲပါ။

ဒါကတော့ ဒီကနေ့ အတွက် သတင်းများစုစည်းမှုပါ။


Related posts

Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026
Cover
အလုပ်ကိုင်အခွင့်အလမ်း ၂၅၀၀ခန့်ရရှိမည့် လုပ်ငန်းအသစ် ၁၇ခု ကို စစ်ကော်မရှင် ခွင့်ပြု
Feb 27, 2026
Cover
ရန်ကုန်ရှိ ဖင်လန်သံရုံး ဖေဖေါ်ဝါရီ ၂၈ ရက်မှ စတင်ပိတ်သိမ်းမည်။
Feb 25, 2026
Cover
မှတ်ပုံတင်အတု ဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှုများရှိနေဟုဆို
Feb 21, 2026