NEWS

ဒီဇင်ဘာ ၂ ရက်နေ့ သတင်းများအကျဉ်းချုပ်

CoverLogo
1.2K Views

ကုလသမဂ္ဂမှ မြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်ရှိနေမယ့်သတင်း အပါအဝင် သတင်းအချုပ်ကို တက်ဆက်ပေးသွားမှာပါ။

ဒီကနေ့ မနက်ပိုင်းကတော့ မနေ့ကမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ ကိုယ်စားလှယ်နေရာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တာအတွက်အတည်ပြုလို့ရခဲ့ပါတယ်။ အဲ့ဒါကတော့စစ်ကောင်စီခန့်အပ်တဲ့ကိုယ်စားလှယ်နေရာကိုကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီက ပယ်ချလိုက်ပြီးတော့ NUG ရဲ့သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်ရှိနေမယ်ဆိုတာအတည်ပြုနိုင်ပြီလို့သိရပါတယ်။

နွေဦးတော်လှန်ရေးကာလမှာ စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူပေါင်း ၁၃၀၂ ဦးရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်လိုက်ပါတယ်။

ပြည်တွင်းခုခံတော်လှန်မှု့သတင်းများ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးရွာဘက်မှ အရပ်သားဟန်ဆောင်ပြီး ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ယာဉ်တစ်စီးကို ဒီဇင်ဘာလ ၁ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဇီးဖြူကုန်းရွာထိပ်၌ ShweBo Fighter One အဖွဲ့နှင့် ညီနောင်မဟာမိတ်အဖွဲ့များက မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။
မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီတပ်သားများစီးနင်းလာသည့် အဆိုပါကားသည် နေရာတွင် ရပ်တန့်သွားခဲ့ကာ အနည်းဆုံး ၃ ဦး သေဆုံးနိုင်ပြီး အတည်ပြု၍ မရသေးကြောင်း ရွှေဘို Fighter One ထံမှ သိရှိရပါတယ်။

ကချင်ပြည်နယ်၊ မိုးညှင်းနှင့်အင်းတော်ကြီး တိုက်ပွဲများတွင် စစ်တပ်ဘက်မှ အရာရှိများအပါအဝင် ၃၂ ဦးသေဆုံးပြီး လက်နက်များကို KIA နှင့်ပူးပေါင်းအဖွဲ့များက သိမ်းဆည်းမိကြောင်း KIA သတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့ မိုးညှင်းခရိုင်၊ အင်းတော်ကြီးမြို့နယ် KIA တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း ၂၆ ရှေ့တန်း ဝေခါညောင်ထောက်ဘက် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိ တစ်ဦးအပါအဝင် စစ်သား ၂၀  ဦးသေဆုံးကြောင်း ၊ စစ်ကောင်စီဘက်က   ဝေလုံတောင်ကြောတလျှောက် လေယာဥ်များပျံဝဲသွားခဲ့ကြောင်း၊ အလားတူ KIA တပ်မဟာ  ၈ မိုးညှင်းနှင့်နန်းမားကြားရှိ ကွင်းကြီးရွာသို့  ချီတက်လာသည့် စစ်သား ၁၂ ဦး ရွာဦးကျောင်းနားတွင် တိုက်ခိုက်ခံရပြီး သေဆုံးသွားကြောင်း၊ အဆိုပါတိုက်ပွဲများတွင် လက်နက်များ သိမ်းဆည်းရမိကြောင်း သိရှိရပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရွှေဂဲရိုးကျေးရွာအနီး စစ်ရေးလှုပ်ရှားလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၁ တပ်ဖွဲ့၊ ကျိုက်ထို PDF ပူးပေါင်းတပ်ဖွဲ့ကြား ယနေ့ ဒီဇင်ဘာလ ၂ ရက် နံနက် ၈ နာရီ ၂၅ မိနစ်မှ ၁၀ နာရီခွဲခန့်ထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ ၅ ဦး ဒဏ်ရာရကြောင်း ကျိုက်ထိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရပါတယ်။

ပြည်သူများဖမ်းဆီးတိုက်ခိုက်ခံရမှု့

တောင်ကြီးမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ Asia Light အနီး၌ ယနေ့ ဒီဇင်ဘာလ ၂ ရက်၊ ညနေ ၂ နာရီခွဲကျော်ခန့်က မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာ ရသူများ ရှိခဲ့ကြောင်း  သိရပါတယ်။ ထိခိုက် ဒဏ်ရာ ရသူများမှာ အမျိုးသမီး တစ်ဦးနှင့် ၎င်း၏ သားဖြစ်သူတို့ ဖြစ်ကြောင်းနှင့် ဒဏ်ရာ ရသူများကို ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ‌ဒေသခံများက ပြောဆိုနေကြပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ ဒုက္ခသည်စခန်းမှ ပြည်သူများနှင့်လူငယ်များကို စစ်တပ်က ပေါ်တာဆွဲခြင်း စစ်မှုထမ်းရန် အတင်းအဓမ္မ လူစုဆောင်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံပြည်သူများက သတင်းဌာနတွေကိုထုတ်ဖော်ပြောဆိုပါတယ်။အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ပလက်ဝမြို့နယ် ပလက်ချောင်းအတွင်းရှိ အင်းခိုရွာ၊ဆီးဖလောင်းရွာ၊ တမန်းသားရွာ ကျေးရွာသုံးရွာမှ စစ်မှု ထမ်းမည့် လူ ၅၀ စုဆောင်းပေးရန်နှင့် အဆိုပါ စုဆောင်းသည့်လူများကို စစ်တပ်တွင် မဖြစ်မနေ တာဝန်ထမ်းရန် ၊  ထို့ပြင် ပလက်ဝမြို့ အထက်ပိုင်းရှိ စိမ်းစင်းရွာမှ အသက်၄၀နှင့် ၁၈နှစ်ကြား ကျေးရွာသား ၃၀ဦးကို ပြည်သူ့စစ်အဖြစ် တာဝန်ထမ်းဆောင်ရန်နှင့် စစ်တပ်ကို ကူညီရန်  ကျေးရွာကို ဖိအားပေးလျက်ရှိကြောင်း ဒေသခံများက ခေတ်သစ်သတင်းဌာနကို အတည်ပြုပြောဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ဖမ်းဆီးခံရသော The Voice အယ်ဒီတာဟောင်း၊ သတင်းသမား ကိုအောင်မျိုးထက်ကို ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၂ နှစ် စစ်ကောင်စီတရားရုံးက ချမှတ်လိုက်ကြောင်း MPFI-D ၏ သတင်းထုတ်ပြန်ချက်အရ  သိရှိရပါတယ်။နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကန့်ဘလူမြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်ခြင်းဖြစ်ပြီး ကိုအောင်မျိုးထက်ကို ဧပြီလ ၂၀ ရက်နေ့တွင် လက်ဖက်ရည်ဆိုင်နေစဉ် စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။ကိုအောင်မျိုးထက်သည် The Voice နှင့် တနင်္သာရီဂျာနယ်တို့တွင် သတင်းသမားအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး ISP-Myanmar တွင် သုတေသနအယ်ဒီတာအဖြစ် အလုပ်လုပ်နေသူဖြစ်ကြောင်း၊MPFI-D အနေဖြင့် ကိုအောင်မျိုးထက်ကို စစ်တပ်က ထောင်ဒဏ်ချမှတ်ခြင်းကို ကန့်ကွက်ပြီး သတင်းသမား အားလုံး အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

အလုပ်သမားရေးရာ

ထိုင်းနိုင်ငံမှာ MOU နဲ့တရားဝင် အလုပ်လုပ်ခွင့်ပေးမယ်ဆိုတဲ့သတင်းအတုတွေထုတ်ပြီး အလုပ်သမားတွေခေါ်ယူနေတဲ့ပွဲစားနဲ့ အမည်ခံအလုပ်သမားရေးတက်ကြွလှုပ်ရှားသူတွေရဲ့လုပ်ရပ်တွေရပ်တန်းကရပ်ကြဖို့နဲ့အလုပ်လုပ်ကိုင်လိုသူတွေအနေနဲ့ထိုင်းဖက်ကပြန်မဖွင့်သေးတဲ့အတွက်အယုံလွယ်ပြီးငွေမပေးကြဖို့ ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားရေးကူညီဆောင်ရွက်ပေးနေတဲ့ကိုရဲမင်း AAC ကပြောဆိုလိုက်ပါတယ်။


ပြည်ပရေးရာ

စစ်ကောင်စီ၏ သံတမန် အောင်သူရိန်ကို မြန်မာနိုင်ငံကိုယ်စားပြုခွင့်မပေးသော ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီ၏ ဆုံးဖြတ်ချက်ကို ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ပြုကော်မတီ CRPH က ကြိုဆိုကြောင်း ကြေ ညာချက်တစ်ရပ် ထုတ်ပြန်ပါတယ်။


ဒါကတော့ဒီကနေ့တနေ့တာသတင်းများအနှစ်ချုပ်ပါ။ သတင်းအချက်အလက်တွေကိုပြည်တွင်းသတင်းဌာနတွေကနေထုတ်နှုတ်ဖော်ပြပါတယ်။

 


Related posts

Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026
Cover
အလုပ်ကိုင်အခွင့်အလမ်း ၂၅၀၀ခန့်ရရှိမည့် လုပ်ငန်းအသစ် ၁၇ခု ကို စစ်ကော်မရှင် ခွင့်ပြု
Feb 27, 2026
Cover
ရန်ကုန်ရှိ ဖင်လန်သံရုံး ဖေဖေါ်ဝါရီ ၂၈ ရက်မှ စတင်ပိတ်သိမ်းမည်။
Feb 25, 2026
Cover
မှတ်ပုံတင်အတု ဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှုများရှိနေဟုဆို
Feb 21, 2026