NEWS

ဒီဇင်ဘာလ စတုတ္ထတပတ်တာ ကုန်ဈေးနှုန်းများစုစည်းမှု

CoverLogo
484 Views

ပြည်တွင်းမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ ကျဆင်းမှုမရှိဘဲ စံချိန်တင် အမြင့်ဆုံးဈေးနှုန်းတွေ နဲ့သာဆက်ရှိနေပါတယ်။ 

ဒီလိုအမြင့်ဈေးမှာရှိနေတဲ့အတွက် ကြောင့်  ဝင်ငွေနည်းပါးတဲ့အခြေခံပြည်သူတွေ စားဝတ်နေရေး ပိုမိုအခက်တွေ့လာရပါတယ်။ 

ပြည်တွင်းက ဈေးတွေမှာ ပြည်ပထုတ်ကုန်အချို့ပစ္စည်းပြတ်တာ၊ ဝယ်ယူမရတာအထိ ရှိနေပြီး ပြည်တွင်း ထုတ်ကုန်တွေ အစားထိုးဝင်ရောက်နေပေမယ့် ဈေးနှုန်းကတော့ အမြင့်မှာသာရှိနေတာပါ။

အခုလို မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းအခြေအနေကို နှိုင်းယှဉ်သိရှိနိုင်ဖို့  ယခုတပတ်တာ ဒီဇင်ဘာ ၂၃ရက်နေ့  ကနေ ဒီဇင်ဘာ ၂၉ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့   ရွှေဈေး ငွေဈေးနဲ့ အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က  စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့ကနေ ဒီဇင်ဘာ ၂၉ ရက်အထိ ဆီဆိုင်များတွင် ရောင်းချလျှက်ရှိတဲ့ စက်သုံးဆီဈေးနှုန်းဟာ  ၉၂ တစ်လီတာလျှင် ၃၁၁၀ကျပ် ၉၅ တလီတာ ၃၂၂၀ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ  ၂၆၅၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ  ၃၂၉၀ ကျပ်အဖြစ်သတ်မှတ်ထားပါတယ်။

ဒီဇင်ဘာ ၂၇ရက်ကနေ ဒီဇင်ဘာ ၂၉ရက် အထိဈေးနှုန်းကတော့ ၉၂တစ်လီတာလျှင် ၃၀၁၀ ကျပ် ၉၅ တလီတာ  ၃၁၂၀ကျပ်၊ ရိုးရိုးဒီဇယ်တလီတာ  ၂၆၃၅ ကျပ်၊ ပရီမီယံဒီဇယ်တလီတာ  ၃၂၆၀ ကျပ်ဖြစ်သတ်မှတ်ထားတာဖြစ်လို့  ယခင်ကထက်အနည်းငယ် ကျဆင်းလာတာတွေ့ရပါတယ်။ 

စက်သုံးဆီဈေးနှုန်းဟာအပတ်စဉ် သောကြာနေ့တိုင်းမှာ ပြောင်းလဲမှုရှိနေတာပဲဖြစ်ပြီး စက်သုံးဆီပြင်ပပေါက် ဈေးကတော့ ၉၂ တလီတာ   ၃၂၀၀ ကျပ်မှ  ၃၅၀၀ ကျပ်နှုန်းအတိုင်းသာအရောင်းဝယ်ဖြစ်နေတာတွေ့ရပါတယ်။ 

တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့ ဒီဇင်ဘာ ၂၃ရက်နေ့ရဲ့ကမ္ဘာ့ ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၆၅၃ ရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကသတ်မှတ်တဲ့  အခေါက်ရွှေပေါက်ဈေးဟာကျပ် ၅၂သိန်း၄  သောင်းကျော်ဖြစ်ကာ ဒီဇင်ဘာ ၂၄ရက်နေ  ၅၂ သိန်း၆သောင်းကျော်၊ ဒီဇင်ဘာ ၂၇ရက်မှာ ၅၂ သိန်း၉ သောင်းဖြစ်ကာ ဒီဇင်ဘာ ၂၉ရက်နဲ့ ၂၉ရက်နေ့မှာတော့ ၅၂သိန်း၈သောင်း သတ်မှတ်ထားတယ်လို့ရွှေလုပ်ငန်းရှင်များအသင်းရဲ့  သတ်မှတ်ဈေးနှုန်းအရ သိရပါတယ်။ 

ပြင်ပရွှေဈေးကွက်မှာတော့ ဒီဇင်ဘာ၂၃ရက်နေ့ ပြင်ပအခေါက်ရွှေဈေးနှုန်းတွေဟာ  ၆၁ သိန်း ၃သောင်းကျပ်ဖြ စ်ပြီး ၂၄ ရက်နေ့မှာတော့  ၆၁သိန်း၁သောင်း၊  ၂၅ရက်နေ့မှာ ၆၁သိန်းဖြစ်ကာ ၂၆ ကနေ ၂၉ရက်နေ့အထိမှာတော့  ၆၁ သိန်း၂သောင်းဖြစ်တယ်လို့ ဈေးကွက်ပေါက်ဈေးအရ သိရပါတယ်။

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်ဈေးများမှာ ဒီဇင်ဘာ၂၃ရက်မှ ဒီဇင်ဘာ ၂၉ရက်အထိ တစ်ဒေါ်လာလျှင် ၄၄၅၀ ကျပ်နှုန်းဖြင့် ယခင်သတ်မှတ်ဈေးအတိုင်းသာ ဆက်လက်ဈေးငြိမ်နေတာဖြစ်သလို ပြီးခဲ့တဲ့တစ်ပတ်တာလုံးမှာလည်း အဆိုပါဈေးနှုန်းနဲ့ပဲဆက်လက်ဈေးငြိမ်နေတာဖြစ်ပါတယ်။ 

ဒါကြောင့်  အဆိုပါဈေးနှုန်းနဲ့ဈေးငြိမ်နေတာ  လေးပတ်ဆက်တိုက်ကြာမြင့်နေတာဖြစ်လို့ ယခုလဒီဇင်ဘာတစ်လတာလုံးမှာ အဆိုပါဈေးတန်းနဲ့ဈေးငြိမ်နေတာတွေ့ရပါတာပဲဖြစ်ပါတယ်။ 

နိုင်ငံခြားငွေပြင်ပပေါက်ဈေးတွေဟာ  အကောင့်အချင်းချင်းလွှဲပြောင်းမှုနဲ့အရွက်ရောင်းဝယ်မှုအရ ပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။ ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၅၉၃ကျပ်လို့သာ အတိအလင်းပြသထားပေမဲ့ ၄၂၀၀ကျော် နှုန်းနဲ့ဖြတ်နေတာပဲဖြစ်တယ်လို့   သိရပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  ယခုတပတ်တာ ဒီဇင်ဘာ ၂၃ရက်မှဒီဇင်ဘာ ၂၉ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၇၂၈၀ ကျပ် ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတာကြောင့် ယခင်ကနှုန်းထားထက် အနည်းငယ်မြင့်တက်လာတာတွေ့ရပါတယ်။ 

ရည်ညွှန်းဈေးအနိမ့်ဆုံးသက်သားသောနှုန်းထားဖြင့် သမဝါယမစနစ်နဲ့ စားဆီဝယ်ယူနိုင်ဖို့စီစဉ်ထားပေ မဲ့လည်းစားဆီ  ပြင်ပဈေးကွက်တွင်လည်း  တစ်ပိဿာ ၁၂၀၀၀  ကျပ်ကနေ   ၁၃၀၀၀ အထိ အမြင့်ဈေးမှာသာ ဆက်လက်တည်ရှိနေပြီး စားဆီကုန်သည်များကလည်းဖုန်းကြိုတင်ဆက်မှာယူခြင်းဖြင့် ရောင်းချပေးနေတာတွေပြု လုပ်နေတာဖြစ်ပေမဲ့လည်း  စားအုန်းဆီပြင်ပပေါက်ဈေးဟာ အမြင့်ဈေးသာဆက်လက်ရှိနေတာပဲဖြစ်ပါတယ်။ 

ဆန်ဈေးနှုန်းတွေကတော့ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည် ၈၈၀၀၊ တောင်ပျံရှယ် တစ်ပြည် ၇၅၀၀၊ မြောင်းမြပေါ် ဆန်းတစ်ပြည် ၆၅၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စသဖြင့်အစားစားရှိရာ  အခြေခံ အလုပ်သမားတွေနဲ့အများစု၀ယ်ယူစားသုံးတာကတော့ မြောင်းမြပေါ်ဆန်းနဲ့တောင်ပျံရှယ်၀ယ်ယူတာဖြစ်သလို ရွှေဘိုပေါ်ဆန်းနဲ့ ဆန်ကြမ်းနဲ့ရာနှော၀ယ်ယူကြတယ်လို့လည်း သိရပါတယ်။ 

အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေကတော့  ချဉ်ပေါင်ရွက်တစ်ထောင်ဖိုး ၃ စီး၊ ဗူးရွက်တစ်စီး ၁၀၀၀ ကျပ်၊ ကန်စွန်းရွက်တစ်စီး ၈၀၀ ကျပ်၊ ဆူးပုတ်ရွက်အနုတစ်စီး ၁၀၀၀ကျပ်၊ မျှစ်အနည်းဆုံး ၁၀၀၀ကျပ်၊ ၊  ငြုပ်သီးစိမ်း အနည်းဆုံး ၅၀၀ကျပ်(တစ်ခါခပ်သာ)၊ နံနံပင် တစီး ၅၀၀ကျပ်၊ ကြက်ဥ တလုံး ၅၀၀အလုံးသေး၊ ဘဲဥတလုံး ၇၀၀၊မုံလာဥတစီး ၁၀၀၀၊ ခဝဲသီးတစ်တောင့် ၈၀၀၊ ဂေါ်ရခါးညွှန့် တစီး ၁၃၀၀ကျပ်၊ ဂေါ်ရခါးသီး တလုံး ၅၀၀၊ ပဲသီး ၁၃၀၀(အစီးသေး)၊  အာလူး တစ်ပိဿာ ၆၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၆၀၀၀၊ ပဲပင်ပေါက် အနည်းဆုံး ၁၀၀၀ ဖိုးသာ၊ ခရမ်းချဉ်သီး တစ်ပိဿာ ၅၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၂၅၀၀၀၊ ဂျင်းအနည်းဆုံး ၁၀၀၀ ကျပ် ဖြစ်ပါတယ်။ 

အသားဈေးနှုန်းတွေအနေနဲ့ ကြက်သားတစ်ပိဿာ ၁၇၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၂၅၀၀၀၊ ဝက်သား ၁ ပိဿာ ၃၀၀၀၀ ကျပ်နဲ့ ဝက်သား၊ ဆိတ်သား၊ ဘဲသား ၊ ငါးအနည်းဆုံး ၅၀၀၀ ကျပ်ဖိုးသာ၀ယ်ယူရတယ်လို့ ဈေးကွက်အရ သိရပါတယ်။ 

ဆေးဈေးနှုန်းတွေထဲမှာတော့ အသုံးမ်ားတဲ့ ပါရာစီတေမာ တစ်ကတ်  ၁၃၀၀ ( တလုံး ၁၅၀) ၊ သန္ဓတေားဆေး တစ်ကတ် ၄၅၀၀ ကျပ် ၊ သွေးပေါင်ကျဆေးတစ်ကတ် ၂၇၀၀ ၊ အစာကြေဆေး တစ်ကတ် ၃၀၀၀ ၊ အမျိုးသမီးသုံးပစ္စည်း တစ်ထုတ် အရည်အသွေးနိမ့် ၂၇၀၀  ကျပ်ဖြစ်နေပါတယ်။

တပတ်တာကုန်ဈေးနှုန်းတွေကို ယွန်းဆက်က စုစည်းပေးထားတာပါ။

#MyanmarLabourNews


Related posts

Cover
တပတ်တာ ကုန်ဈေးနှုန်း စုစည်းချက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 31, 2026
Cover
စက်သုံးဆီ အကျပ်အတည်း နဲ့ တပတ်အတွင်း စျေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 23, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026