NEWS

ဒီကနေ့မှာတော့ ရန်ကုန်လူထုသပိတ်က အင်တိုက်အားတိုက် ချီတက်ခဲ့ကြတဲ့ သတင်းအပါအဝင် နိုဝင်ဘာ ၂၉ ရက်နေ့တနေ့တာသတင်းအကျဥ်းချုပ်ကိုဖော်ပြပေးသွားမှာပါ

CoverLogo
1.1K Views

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးကာလမှာ စစ်တပ်ကသတ်ဖြတ်လို့ သေဆုံးခဲ့သူပေါင်း ၁၂၉၇ ဦးရှိသွားပါပြီလို့ AAPP ရဲ့မှတ်တမ်းများအရသိရပါတယ်။

Omicron ကိုဗစ်မျိုးကွဲသစ်ကြောင့် ကမ္ဘာလုံးဆိုင်ရာ ကူးစက်မည့် အန္တရာယ် အလွန်မြင့်မား၍ နိုင်ငံများအားလုံး ပြင်ဆင်ကြရန် WHO သတိပေးချက်ထုတ်ပြန်ထားပါတယ်။ WHO က အဖွဲ့ဝင် ၁၉၄ နိုင်ငံကို ကိုဗစ် ကာကွယ်ဆေးထိုးနှံမှုအရှိန်မြှင့်ရန်နှင့် မရှိမဖြစ်လိုအပ်သောကျန်းမာရေးဝန်ဆောင်မှုများကို ဆက်လက်ထိန်းသိမ်းထားရန် တိုက်တွန်းထားပါတယ်။

ပြည်သူ့ခုခံတိုက်ခိုက်မှု့သတင်း

စစ်ကိုင်းတိုင်း၊ တမူးမြို့ ချောင်းနက်ကြီးရဲကင်းမှ လှည့်ကင်းဆိုင်ကယ်ကို Burmese Student Organization (BSO) ကျောင်းသားတပ်ခွဲက တိုက်ခိုက်၊ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး သေနတ် ၂ လက်ရရှိ ခဲ့တယ်လို့သိရပါတယ်။

မန္တလေးမှာလဲ MPT ရုံးမှာ တပ်စွဲထားသော စစ်တပ်ကို PDF ဝင်ပစ်၊ စစ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) က သတင်းထုတ်ပြန်ပါတယ်။

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်တွင် နိုဝင်ဘာလ ၂၈ ရက်နေ့ည ၈ နာရီအချိန်တွင် အမှတ် ၄၄၀ တပ်ရင်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက အချက် ၂၀ ကျော် ပစ်ခတ်သွားကြောင်း ဒိုက်ဦးဒေသခံများက သတင်းဌာနတွေကိုထုတ်ဖော်ပြောဆိုပါတယ်။

ပြည်သူများဖမ်းဆီးခံရမှု့နှင့်ထိခိုက်မှု့အခြေအနေ

မကွေးနှင့် တနင်္သာရီတွင်  စစ်တပ်က သက်ကြီးရွယ်အို အမျိုးသမီးများအပါအဝင် အပြစ်မဲ့ ပြည်သူများကို  ဥပဒေမဲ့ ရိုက်နှက် အကြမ်းဖက် ဖမ်းဆီးခဲ့တယ်လို့ပြည်တွင်းသတင်းဌာနတွေကနေသိရပါတယ်။

ထားဝယ်မြို့၊ ညောင်ရမ်းတောင်ရပ်ကွက်နေ လူငယ်လေးဦးကို နိုဝင်ဘာလ ၂၈ ရက် နံနက် ၅ နာရီဝန်းကျင်တွင်  အကြမ်းဖက် ဖက်ဆစ် စစ်တပ်မှ ရိုက်နှက် ဖမ်းဆီးသွားကြောင်း  ဒေသခံများက ပြောပါတယ်။

အလားတူ ထားဝယ်ရှိ ဇလွန်းရွာတွင်လည်း နိုဝင်ဘာလ ၂၉ ရက်၊ နံနက်(၈)နာရီခန့်က CDM ဝန်ထမ်း ကိုကောင်းမြတ်ကို အကြမ်းဖက် ဖက်ဆစ် စစ်တပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်-မတူပီကားလမ်း၊ ၁၆ မိုင်လမ်းခွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်ထားခဲ့သော မိုင်းနင်းမိပြီး နိုဝင်ဘာလ ၂၉ ရက် ညနေ ၃ နာရီခန့်၌ ဒေသခံ သားအဖ ၂ ဦး ဒဏ်ရာရသွားကြောင်း CDF-Mindat ထံမှ သိရှိရပါတယ်။

အလုပ်သမားရေးရာ

ထိုင်း-မြန်မာနယ်စပ်ကရွှေက္ကိုလ်အိမ်ယာစီမံကိန်းမှာတရုတ်လုပ်ငန်းတွေကပြည်တွင်းကလူငယ်တွေခေါ်ယူပြီးကာမလိမ်လည်တဲ့လုပ်ငန်းတွေအဓမ္မစေခိုင်းတာတွေရှိနေတယ်လို့ MLN ရဲ့စုံစမ်းဖော်ထုတ်ချက်တွေအရသိရပါတယ်။

ပြည်တွင်းတော်လှန်ရေး သပိတ်များ

ရန်ကုန် လှိုင်မှာတော့ ရန်ကုန်လူထုသပိတ်က အင်တိုက်အားတိုက် ချီတက်ခဲ့ကြသလို အထက်မြန်မာပြည်က ကျေးရွာသပိတ် အတော်များများလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး တောင်းဆိုနေကြဆဲပါ။

ဒါကတော့ ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်အတွက် သတင်းအကျဉ်းချုပ်ပါ။


Related posts

Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026