NEWS

ဒိုက်ဦးအကျဉ်းထောင်တွင် ကျန်းမာရေးထိခိုက်စေသည့် အစားသောက်များ ကျွေးပြီး ဆေးဝါးပစ္စည်း ပါဆယ် ပို့မှုကို ပိတ်ပင်နေဟုဆို

CoverLogo
198 Views
 
ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင် မှာ နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် အကျဉ်းသားတွေကို ကျန်းမာရေးထိခိုက်စေတဲ့ အစားအသောက် တွေ ကျွေးနေပြီး ဆေးကုသမှုဆိုင်ရာ ပါဆယ်ပစ္စည်း ပို့တာကို ပိတ်ပင်နေတယ်လို့ နိုင်ငံရေး
အကျဉ်းသူများအဖွဲ့ (WOPP)ကထုတ်ပြန်ပါတယ်။
 
ဒိုက်ဦး အကျဉ်းထောင်ကို လွန်ခဲ့တဲ့ (၂) ပတ်ခန့်က ညွှန်မှူး လာရောက်စစ်ဆေးခဲ့ပြီး နောက် အကျဉ်းထောင်အတွင်း ကျွေးတဲ့ အစားအစာတွေဟာ စားသောက်လို့ မရတဲ့အထိ ဆိုးရွားလာကာ စားသောက်ပြီး နောက်ပိုင်းမှာလည်း အစာအိမ်နာခြင်း၊ဗိုက်အောင့်ခြင်းဖြစ်ပေါ်ပြီး အစာအိမ်ရောဂါ အခံ ရှိသူတွေ မှာ ရောဂါပိုမို ဆိုးရွားလာတဲ့ အခြေနေ ဖြစ်ပေါ်နေတယ်လို့ WOPPက ထုတ်ပြန် ထားပါတယ်။
 
အခုလို ကျန်းမာရေး အခြေနေ ဖြစ်ပေါ်လို့ အကျဉ်းသားတွေက ကျန်းမာရေးစောင့်ရှောက်မှု တောင်းခံရာ မှာလည်း ပါရာစီတမော့ ကိုသာ ပေးတဲ့ အပြင် မိသားစုဝင်တွေက ထောင်ဝင်စာပါဆယ်မှ တစ်ဆင့် ဆေးဝါးပေးသွင်းရာမှာလည်း ဆေးဝါးတွေကို ကြားဖြတ်ယူထားခြင်း၊ထောင်ဝင်စာပါဆယ် သွင်းခွင့်မပြုခြင်းနဲ့ အရည်သွေးညံ့ပစ္စည်းတွေ နဲ့ လဲလှယ်ခြင်း တို့ကို အကျဉ်းထောင်ဝန်ထမ်းတွေက ပေါ်ပေါ်ထင်ထင် ဆက်တိုက် နီးပါး ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
အဲ့ဒီအပြင် နိုင်ငံရေးအကျဉ်းသူတွေကို အကျဉ်းထောင်နံရံတွေကို သန့်ရှင်းအောင် တိုက်ခိုင်းတာအော်ဟစ်ဆဲဆိုတာ အခြေခံရပိုင်ခွင့်နဲ့အညီ နေထိုင်ခွင့်ပြုဖို့ ပြောဆိုတင်ပြတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို တိုက်ပိတ်အကျဉ်းချတာတွေ ပြုလုပ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ ကထုတ်ပြန်ပါတယ်။
 
ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသူတွေ အပေါ် အကျဉ်းထောင်ဝန်ထမ်းတွေက အမျိုးမျိုး ဖိနှိပ် မှု ပြုလုပ်တာဟာ တမင် ရည်ရွယ်ချက်ရှိရှိ လူ့အခွင့်အရေး ချိုးဖောက်နေခြင်းဖြစ်ကာ အခုလို လုပ်ဆောင်နေတဲ့ အပေါ် လူ့အခွင့်ရေးတတ်ကြွ လှုပ်ရှားသူများ မိတ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့ လေ့လာစောင့်ကြည့်ပေးဖို့ ကိုလည်း နိုင်ငံရေးအကျဉ်းသူများ အဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026