NEWS

ဒလတံတားစီမံကိန်း ရေလယ်ပင်မတံတား Form Traveler ဖြုတ်သိမ်းခြင်းလုပ်ငန်းလုပ်ရန် သတ်မှတ်ထားသည့် ဧရိယာအတွင်း ရေယာဉ်များ မဖြတ်သန်း ဖို့ အသိပေး"

CoverLogo
204 Views
 
ဒလတံတား စီမံကိန်းရှိ ရေလယ်ပင်မတံတားမှ Form Traveler ဖြုတ်သိမ်းခြင်းလုပ်ငန်းတွေ ကို စက်တင်ဘာ ၁၇ ရက်နေ့မှ၂၀ရက်အထိ ဆောင်ရွက်မှာ ဖြစ်တဲ့ အတွက် လုပ်ငန်းများဆောင်ရွက်နေစဉ် သတ်မှတ်ထားတဲ့ ဧရိယာအတွင်း မည်သည့်ရေယာဉ်မျှ ဖြတ်သန်းခြင်းမပြုဖို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေးထုတ်ပြန်ထားပါတယ်။
 
မြန်မာ-ကိုရီးယား ချစ်ကြည်ရေးအထိမ်းအမှတ်တံတားတစ်စင်းဖြစ်တဲ့ ရန်ကုန်-ဒလ တံတား ရေလယ်ပင်မတံတားသံမဏိဆိုင်းကြိုး တပ်ဆင်ခြင်းလုပ်ငန်း ကို ၂၀၂၅ ခုနှစ် ဩဂုတ်လကုန် ပိုင်းမှာ တပ်ဆင်ပြီးစီးခဲ့ကာ ယခုအခါ ရေလယ်ပင်မတံတားသံမဏိဆိုင်းကြိုးများ တပ်ဆင်ခြင်းလုပ်ငန်းမှာ အသုံးပြုခဲ့တဲ့ Form Traveler ဖြုတ်သိမ်းခြင်းလုပ်ငန်းစဉ် ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ဖြုတ်သိမ်းခြင်းလုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း စက်တင်ဘာလ (၁၇) ရက်နေ့၊ နံနက် (၈) နာရီမှ (၁၈) ရက် နံနက် (၈) နာရီအထိလည်းကောင်း၊ စက်တင်ဘာလ (၁၉) ရက် နံနက် (၈) နာရီမှ (၂၀) ရက် နံနက် (၈)နာရီအထိလည်းကောင်း မည်သည့်ရေယာဉ်မျှ ဖြတ်သန်းခုတ်မောင်းသွားလာခြင်း မပြုဖို့ ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားပါတယ်။
 
ဒလတံတားကို စီမံကိန်း ကို ယခုနှစ်ဒီဇင်ဘာမှာ အပြီးဆောင်ရွက်မယ်လို့ စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Related posts

Cover
ရန်ကုန်တွင် ဘွဲ့ရသူ စာရင်းကောက်ယူနေ၍ ပြည်သူတွေစိုးရိမ်နေ
Dec 23, 2025
Cover
အမျိုးသမီး ၉ ဦးကို ပြည့်တန်ဆာ အဖြစ် ခိုင်းစေကာ ငွေကြေးအကျိုးမြတ် ခေါင်းပုံဖြတ်သူများကို လူကုန်တားဥပဒေဖြင့် အရေးယူ
Dec 18, 2025
Cover
NUG အလုပ်သမားဝန်ကြီးဌာန အပါ ဝန်ကြီးဌာန ၃ ခုကို ပေါင်းစည်းဖွဲ့မည်
Nov 30, 2025
Cover
စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဦးအောင်ကျော်ဟိုး လှိုင်သာယာမြို့နယ်ပြည်သူ့လွှတ် တော်နေရာ အတွက် ရွေးကောက်ပွဲဝင်ပြိုင်
Nov 30, 2025
Cover
နိုင်ငံခြားသားနှင့် ထိမ်းမြားလက်ထပ်ကျမ်းကျိန်လွှာပြုလုပ်မှု စိစစ်တင်းကြပ်
Nov 30, 2025
Cover
ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံ မကာအိုဒေသမှ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များအတွက် ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာ ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့်ပြု
Nov 21, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025
Cover
ပဲခူးမြို့အတွင်း ခရီးသည်တင်ယာဉ်လိုင်းများ ဖြတ်သန်းခွင့်မပေးတော့သဖြင့် ခရီးသွားများ အခက်တွေ့
Nov 15, 2025