NEWS

တရုတ်နိုင်ငံသားနှင့် လက်ထပ်ပါက ကျပ်သိန်း ၁၀၀ ပေးမည်ဟုစည်းရုံးသူများနှင့် တရုတ်နိုင်ငံသားများကို အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်စီချ

CoverLogo
283 Views
 
မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသား နဲ့ လက်ထပ်ပါက ကျပ်သိန်း ၁၀၀ ရရှိမယ့်အပြင် တင်နေတဲ့ အကြွေးတွေ ဆပ်ပေးမယ်လို့ စည်းရုံးပြောဆိုကာ တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် လုပ်ဆောင်သူတွေနဲ့ပေါင်းသင်းတဲ့ တရုတ်နိုင်ငံသား၂ဦး ကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၂နှစ်စီ ချမှတ်ခဲ့တယ်လို့ စစ်ကော်မရှင်လက်အောက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှသိရပါတယ်။
 
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာနေ ဒေါ်ပြည့်(ခ)ဒေါ်ခင်ပြည့်နဲ့ ၎င်းရဲ့ သမီးဖြစ်တဲ့ တရုတ်နိုင်ငံနေ မသီတာသောင်း တို့က ၎င်းတို့ရဲ့ ခင်မင်ရင်းနှီး ကြသူများ ဖြစ်ကြတဲ့ မန္တလေးတိုင်းဒေသကြီး ပုသိမ်မြို့နယ် နေ မ----၂၈/၂၀၂၅နှစ်၊မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် နေ မ---၂၄/၂၀၂၅နှစ်နဲ့ရှမ်းပြည်နယ် နောင်ချိုမြို့နေ မ----၃၀/၂၀၂၅ နှစ်တို့ကို တရုတ်နိုင်ငံသားနဲ့ လက်ထပ်ပါက ငွေကျပ် သိန်း ၁၀၀ ရရှိမှာ ဖြစ်ပြီး တင်နေတဲ့ အကြွေးများဆပ်ပေးမယ်လို့ စည်းရုံးပြောဆိုကာ တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် နိုင်ငံကူးလက်မှတ် ကို မြ၀တီ မြို့ တွင်သွားရောက်လုပ်စေခဲ့တယ်လို့သိရပါတယ်။
 
နိုင်ငံကူးလက်မှတ်ရရှိပြီးနောက် ၎င်းအမျိုးသမီး သုံးဦးထဲမှ နှစ်ဦး ကို ရန်ကုန်မြို့လမ်းမတော်မြို့နယ်ရှိ MGM ဟိုတယ် တွင် တရုတ်နိုင်ငံသား ဝမ်ရှောင် ၊လျူရှုချန့် တို့နဲ့ပေါင်းသင်းနေထိုင်စေပြီး ကျန်တစ်ဦး ကိုတရုတ်နိုင်ငံသားနဲ့ ပေါင်းသင်းနေထိုင်ရန် စီစဉ်ဆောင်ရွက် စဉ်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
 
ပြစ်မှုကျူးလွန်သူတွေ ကို ပုသိမ်ကြီးမြို့နယ် အုန်းချောမြို့နယ်ရဲစခန်း(ပ)၄၁/၂၀၂၅၊(ပ)၄၂/၂၀၂၅နဲ့(ပ)၄၃/၂၀၂၅ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေပုဒ်မ ၃၅/၄၄တို့နဲ့အမှုဖွင့် တရားစွဲတင်ခဲ့တာမှာအောက်တိုဘာ၂၃ရက်က အောင်မြေသာစံတရားရုံးမှ ဖမ်းမိတရားခံတရုတ်နိုင်ငံသား ဝမ်ရှောင်၊ လျူရှုချန့်တို့ကို အလုပ်နဲ့ထောင်ဒဏ် ၁၂နှစ်ကျခံစေပြီး၊တရားခံဒေါ်ပြည့်(ခ)ဒေါ်ခင်ပြည့် ကို အမှုတစ်မှုချင်းစီ အတွက် အလုပ်နှင့်ထောင်ဒဏ်၁၂နှစ် စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း တိမ်းရှောင် တရားခံဖြစ်တဲ့ သီတာသောင်းကို ရာဇဝတ်ကျင့်သုံးဥပဒေပုဒ်မ ၈၇/၈၈အတည်ပြု ထုတ်ဆင့်ခဲ့တယ်လို့သိရပါတယ်။
 

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026