NEWS

တရားစီရင်ရေးကိုအယုံကြည်မရှိသဖြင့် ရာဇဝတ်မှုကျူးလွန်ခံရသည့် လူငယ် ၈၀ ရာခိုင်နှုန်း တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေရ

CoverLogo
303 Views
 
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ အတွင်း က ရာဇဝတ်မှု ကျူးလွန်ခံရတဲ့ လူငယ် ၈၀ ရာခိုင်နူန်းကျော်ဟာတရားဥပဒေစနစ် ကို မယုံကြည်တဲ့ အတွက် တိုင်ကြားခြင်းမရှိတော့ဘဲ နှုတ်ဆိတ်နေကြရတယ်လို့ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ထုတ်ပြန်ပါတယ်။
 
UNDP ရဲ့ ထုတ်ပြန်ချက်ဖြစ်တဲ့ "ချောက်ကမ်းပါးထက်က မျိုးဆက်- မြန်မာ့လူငယ်များ၏ လုံခြုံရေး နှင့် လူမှုဘဝ စိန်ခေါ်မှုများ" အစီရင်ခံစာမှာဖေါ်ပြထားတာဖြစ်ပါတယ်။
 
ပြည်တွင်းက လူငယ်တွေဟာ ယနေ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်အပေါ် ယုံကြည်မှု လုံးဝ ပျက်ပြားသွားခဲ့ပြီး ရာဇဝတ်မှုကျူးလွန်ခံရတဲ့ လူငယ် ၂၀ ရာခိုင်နှုန်းသာ မိသားစုပြင်ပကို ဖြစ်စဉ်အကြောင်း သတင်းပို့ကြကာ ၈၀ ရာခိုင်နှုန်းကတော့အာဏာပိုင်များအပေါ် ယုံကြည်မှုမရှိခြင်း ကြောင့် မိသားစုပြင်ပကို ဖြစ်စဉ်များအကြောင်း တိုင်ကြားခြင်းမပြုဘဲ နေကြရတယ်လို့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။
 
လူငယ်အများစုဟာ ရဲနဲ့ တရားရုံးတွေ ကို အကာကွယ်ပေးနိုင်တဲ့ အဖွဲ့အစည်းလို့ မထင်မြင်တော့ဘဲ အမြတ်ထုတ်ခြင်း သို့မဟုတ် ထိခိုက်နစ်နာစေခြင်း ကို ဖြစ်စေတဲ့ အဖွဲ့အစည်း လို့ ရှု့မြင်လာတယ်လို့လည်းဆိုပါတယ်။
 
အခုလို ၎င်းအဖွဲ့စည်းတွေရဲ့ တာဝန်ယူမှု အားနည်းခြင်းကြောင့် လူငယ်တွေဟာ မိမိဘေးကင်းလုံခြုံရေး ကို ကိုယ့်အားကိုယ်ကိုးကာရင်ဆိုင်နေရသလို စွန့်ပစ်ခံထားရသလို ဖြစ်နေတဲ့ အတွက် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု တွေ ပိုမိုမြင့်မားလာစေတယ်လို့ အစီရင်ခံစာ က အသိပေးထောက်ပြထားပါတယ်။
 
လူငယ်အများစုအတွက် ရဲနှင့် တရားရုံးများဟာ ဘေးကင်းရေးနှင့် တရားမျှတမှု၏ အကာအကွယ်ပေးသူများ မဟုတ်တော့ဘဲ၊ ကြောက်ရွံ့မှု သို့မဟုတ် အမြတ်ထုတ်တာလို့ ထင်မြင်ကာ မတိုင်ကြားဘဲ နှုတ်ဆိတ်နေမှုဟာ ရာဇဝတ်မှု မြင့်တက်လာနိုင်တယ်လို့အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။
 
အစီရင်ခံစာရဲ့ တွေ့ရှိချက်တွေ ကို ကမ္ဘာလုံးဆိုင်ရာ လူသားလုံခြုံရေး (Global Human Security)အမြင်နဲ့ ချိန်ထိုး ကြည့်ပါက မြန်မာ့ လူငယ်တွေဟာ ပျက်စီးသွားတဲ့ အသက်မွေးဝမ်းကြောင်းမှု၊ ပညာရေးအတွက်သာ ရုန်းကန်နေရတာမဟုတ်ဘဲ လိုအင်ဆန္ဒ(Freedom From Want)ကြောက်ရွံမှု(Freedom From fear)နဲ့ဂုဏ်သိက္ခာမဲ့မှု (Freedom From Indignity) တို့မှ လွှတ်မြောက်ခြင်းဆိုတဲ့ အခွင့်အရေး တွေကိုပါ ဆုံးရှုံးနေရတယ်လို့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026