NEWS

တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်

CoverLogo
230 Views
 
မတ်လ အတွင်း ပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေဟာ ယခင်ဖေဖေါ်ဝါရီ လကုန် ဈေးနှုန်းတွေ ထက် တစ်လီတာကို ကျပ်၂၀၀၀ကျော်မှ ကျပ်၃၀၀၀ ကျော်အထိ ဈေးမြင့်တတ်လာတယ်လို့စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ မတ်လ ၂၇ရက် အတွက် ထုတ်ပြန်တဲ့ ဈေးနှုန်းများနဲ့နှိုင်းယှဉ် မှု အရ သိရပါတယ်။
မတ်လ ၁ ရက် က ရန်ကုန် တိုင်းအတွက် စက်သုံးဆီဈေးနှုန်းတွေမှာ ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၄၁၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၄၈၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂,၅၆၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၂,၈၄၅ ကျပ် သာရှိခဲ့ပါတယ်။
 
ဒီကနေ့ မတ်လ၂၇ရက် မှာတော့ ဓာတ်ဆီ ၉၂ တစ်လီတာ ၄,၄၅၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၄,၉၇၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၅,၄၅၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၆,၀၈၅ ကျပ် အထိ ဈေးမြင့်တတ်ခဲ့ပါတယ်။
 
အရှေ့အလယ်ပိုင်းဒေသအတွင်း ဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် စက်သုံးဆီဈေးတွေဟာ တစ်ပတ် ထပ်တစ်ပတ် ပိုမိုမြင့်တတ်လာသလို စစ်ကော်မရှင် ရဲ့ စက်သုံးဆီ ချွေတာဖို့ ဆိုကာ စုံ/မ အလှည့်ကျ ယာဉ်မောင်းခွင့် အပါအဝင် စက်သုံးဆီ ဝယ်ယူခွင့်အတွက် မူဝါဒ အမျိုးမျိုးချမှတ် နေတာတွေကြောင့် စက်သုံးဆီ ဝယ်ယူ အသုံးပြုရသူတွေမှာ အခက်ခဲ တွေ ဖြစ်ပေါ်နေရတယ်လို့ သိရပါတယ်။
 
""တစ်နေ့တမျိုး မူဝါဒ တွေ ထုတ်နေတာ သူတို့ သတ်မှတ်ချက်နဲ့ မညီတဲ့ သုံးစွဲသူတွေက ပြင်ပ ဈေးနဲ့ ဝယ်ရတယ် အခု စက်သုံးဆီ ပြင်ပဈေးက ဂါလံ ၅၀ တစ်ပီပါကို သိန်း၂၀ကျော်တယ် တစ်လီတာ ၁၀၀၀၀ ကျော် ဖြစ်နေတယ် အခုသူတို့သတ်မှတ် ဈေးက ထပ်တတ်တော့ ပြင်ပဈေးလည်း ထပ်တတ်မယ် ထင်တယ်""လို့ လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
 
မတ်လ၂၇ ရက် ဒီကနေ့မှာ လည်း စစ်ကော်မရှင်က စက်သုံးဆီ ဝယ်ယူခွင့်ကို ယာဉ်တွေရဲ့ အင်ဂျင်ပါဝါအလိုက် စက်သုံးဆီဝယ်ယူခွင့်ပမာဏ ကို သတ်မှတ်ပေးထားသလို တစ်ပတ်ကို နှစ်ကြိမ်၊သုံးကြိမ် ဝယ်ယူခွင့် ရှိကြောင်း သတ်မှတ်ထုတ်ပြန်ထားပါတယ်။
 
"" တစ်ပတ် ၂ကြိမ်ပဲဝယ်ရမယ် လီတာ လည်းသတ်မှတ်ထားတယ် ဆိုတော့ တကယ် အလုပ် လုပ်နေရတဲ့ သူတွေ အဆင်ပြေမလား ဆီထုတ်ရောင်းမယ့် သူတွေဘဲ အဆင်ပြေသွားမလား စောင့်ကြည့်ရမှာဘဲ အခုကတော့ စက်သုံးဆီ အခက်ခဲကြောင့် ကုန်ဈေးနူန်းတွေက တော့တက်လာပြီ ပိုပြီးဆိုးသွားမှာဘဲ စိုးရိမ်တယ်""လို့ ရန်ကုန်မြို့​နေ ပြည်သူတစ်ဦးကပြောပါတယ်။
 
လက်ရှိ အခြေနေမှာတော့ စက်သုံးဆီ အခက်ခဲကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်တွေ ကြီးမြင့်လာသလို စက်သုံးဆီ လိုအပ်နေသူတွေ လွယ်ကူစွာ ဝယ်ယူမရတာကြောင့် စိုက်ပျိုးရေး မွေးမြုူရေး လုပ်ငန်းတွေ အပါအဝင် လုပ်ငန်းအများစု အခက်ခဲ တွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026