NEWS

တစ်ပတ်အတွင်း ကုန်ဈေးနှုန်းများ စုစည်းချက်( မေ ၂၀-၂၆)

CoverLogo
564 Views

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့  ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေဟာ  တစ်ရှိန်ထိုးဖြစ်ပေါ်နေတာကြောင့်  ယခုတစ်ပတ်တာရဲ့မေလ၂၀ရက်ကနေ ၂၆ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့  ရွှေဈေး၊ ငွေဈေးနဲ့အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News ကစည်စည်း  ဖော်ပြပေးလိုက်ပါတယ်။ 

  • စက်သုံးဆီဈေး
  •  

တစ်ပတ်အတွင်း ပြည်တွင်းကစက်သုံးဆီဈေးနှုန်းတွေကတော့ မေ၂၀ရက်နေ့ရဲ့စက်သုံးဆီဈေးနှုန်းတွေဟာ  အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၆၂၅ ကျပ်၊ အောက်တိန်း ၉၅တစ်လီတာလျှင် ၂၇၅၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၃၄၅ ကျပ်နဲ့ ပရီမီယမ် တစ်လီတာလျှင် ၂၃၉၅ကျပ်ဖြစ်ပြီး မေ ၂၁ ၊ေမ၂၂၊ မေ၂၃ရက် ရက်နေ့အထိအဆိုပါဈေးနှုန်းအတိုင်းရှိနေခဲ့ပြီး မေ ၂၄ရက်နေ့မှာတော့  အောက်တိန်း၉၂တစ်လီတာလျှင် ၂၆၂၅ ကျပ်၊ အောက်တိန်း ၉၅တစ်လီတာလျှင် ၂၇၃၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၃၃၅ ကျပ်နဲ့ ပရီမီယမ် တစ်လီတာလျှင် ၂၃၈၅ကျပ်ဖြင့် အနည်းငယ်ဆီဈေးကျထားပြီး အဆိုပါဈေးနှုန်းအတိုင်းပင် မေလ ၂၆ရက်နေ့အထိရှိနေခဲ့တာဖြစ်တယ်လို့ ရန်ကုန်တိုင်းစက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူး ကြီးကြပ်ရေးကော်မ တီရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။  

  • ရွှေဈေး

တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့  မေလ၂၀ရက်နေ့ရဲ့ ကမ္ဘာ့ ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၄၄၂ ဒေါ်လာရှိပြီး ပြင်ပအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၅၁ သိန်းတစ်သောင်းသို့ စတင်မြင့်တက်လာခဲ့တာဖြစ်ပြီး မေလ၂၁ရက်နေ့မှာတော့ ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၄၁၀ ဒေါ်လာသို့ပြန်လည်ကျဆင်းလာခဲ့ပြီး ပြင်ပအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်၅၁သိန်း၇၅၀၀၀သို့ဆက်လက်မြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီနောက် မေ ၂၂ရက်နေ့မှာလည်း ကမ်ဘာ့ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၃၆၉ဒေါ်လာသို့ ဆက်လက်ကျဆင်းလာခဲ့ပေမဲ့  ပြင်ပအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၅၁ သိန်း၉သောင်းသို့ ထပ်မံမြင့်တက်လာခဲ့တာပါ။ မေ၂၃ရက်နေ့မှာလည်း ကမ်ဘာ့ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၃၃၀သို့ ဆက်လက်ကျဆင်းလာခဲ့ပြီး  ပြင်ပအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်၅၁သိန်းသုံးသောင်းသို့ ပြန်လည်ကျဆင်းလာခဲ့ပြီး မေ၂၄ရက်နေ့မှာလည်း ကျပ်၅၁သိန်း၆သောင်းဖြစ်ကာ မေ၂၅ရက်နေ့မှာတော့ ပြင်ပအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်၅၂သိန်း ၄သောင်းအထိထပ်မံမြင့်တက်လာခဲ့သလို  မေ၂၆ရက်နေ့မှာလည်း ၅၂သိန်း ၃သောင်းအထိ အမြင့်ဈေးဖြင့်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီလိုမျိုးပြင်ပပေါက်ဈေး ၅၂သိန်းကျော်အထိ မြင့်တက်နေခဲ့ပေမဲ့လည်း စစ်ကောင်စီလက်အောက်ခံ ရွှေလုပ်ငန်းရှင်များအသင်းကတော့ မေလ၂၀ရက်နေ့ကနေ ၂၅ရက်နေ့အထိ အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၉သိန်း၉သောင်းကျော်နှုန်းဖြင့်သာ သတ်မှတ်ကြေညာခဲ့တာပဲဖြစ်ပါတယ်။ 

  • ဒေါ်လာဈေး

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ မေလ ၂၀ ရက်နေ့ကနေ မေ၂၂၇ရက်နေ့တွေမှာတော့  ပြင်ပပေါက်ဈေးအမေရိကန်တစ်ဒေါ်လာလျှင်ကျပ် ၄၀၅၀ ကနေ  ၄၁၀၀ အထိရှိခဲ့တာဖြစ်ပြီး မေ ၂၃ရက်နေ့မှာ တစ်ဒေါ်လာလျှင် ကျပ်၄၁၂၀ ဖြစ်ပြီး မေ ၂၄ရက်နေ့မှာတော့ တစ်ဒေါ်လာလျှင် ကျပ် ၄၁၅၀ဖြစ်ကာ မေ၂၅ရက်နဲ့ ၂၆ရက်နေ့မှာတော့  တစ်ဒေါ်လာလျှင် ၄၂၀၀ ကနေ  ၄၃၀၀ အထိရှိခဲ့တာပဲဖြစ်ပြီး ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၉၀၀ ဝန်းကျင်နှုန်းနဲ့ဖြတ်နေတယ်လို့  သိရပါတယ်။ 

  • ဘတ်ဈေး

ပြင်ပပေါက်ဈေးထိုင်းဘတ်ငွေတစ်ဘတ်လျှင် မြန်မာငွေ ၁၀၉ ကျပ်မှ  ၁၁၂ကျပ်ပေါက်ဈေးရှိပြီး အဆိုပါဈေးတန်းနဲ့မေလ ၂၃ရက်နေ့အထိရှိလာခဲ့ကာ  မေ၂၄ရက်နေ့မှာတော့  ထိုင်းတစ်ဘတ်လျှင် မြန်မာငွေ ၁၁၁ ကျပ်ကန ၁၁၅ကျပ်အထိ ပေါက်ဈေးရှိနေကာ  မေ၂၆ရက်နေ့အထိ ဈေးငြိမ်နေတယ်လို့ ပြင်ပဈေးကွက်တွေအရ စုံစမ်းသိရှိရပါတယ်။ 

  • စားအုန်းဆီ

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက   မေ၂၀ရက်မှ မေလ ၂၆ရက်နေ့အထိ စားအုန်းဆီအခြေခံရည်ညွှန်းဈေး တစ်ပိဿာလျှင် ၅၂၀၀ကျပ်သတ်မှတ်ထားတာဖြစ်ပြီး ပြင်ပပေါက်ဈေးနှုန်းတွေမှာလည်း တစ်ပိဿာလျှင် ကျပ်၉၀၀၀ပေါက်ဈေးရှိနေပြီး  ပြင်ပလက်ကားဈေးမှာတော့ တစ်ပိဿာလျှင် ကျပ် ၇၀၀၀ကျော်ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။ 

  • ဟင်းသီးဟင်းရွက်၊ အသားငါးဈေး

အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ မေ၂၀ရက်နေ့က  ခရမ်းချဉ်းတစ်ပိဿာလျှင် ကျပ် ၃၀၀၀ ကျော်ကနေ ယခုမေ၂၅ရက်နေ့၂၆ရက်နေ့မှာတော့ တစ်ပိဿာလျှင် ကျပ် ၅၀၀၀ အထိဖြစ်ပြီး၊ ပန်းဂေါ်ဖီတစ်ပွင့်(အလတ်)လျှင်ကျပ်၂၀၀၀၀န်းကျင်အထိဖြစ်နေပါတယ်။

အိမ်ရှင်မတွေ သုံးစွဲမှုများတဲ့ ငြုပ်သီးစိမ်းအနည်းဆုံးကျပ် ၅၀၀ ဖိုးသာပေး၀ယ်နေရတယ်လို့ သိရပြီး ငါးဈေးနှုန်းတွေကတော့ မည်သည့်ငါးမဆိုအနည်းဆုံးကျပ်သုံးထောင်ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလိုရနေတာဖြစ်သလို ပဲသီးတစ်စီးလျှင်  ၇၀၀ကျပ်၊  ချဉ်ပေါင်ရွက်တစ်စီးလျှင် ၃၀၀၊ ဗူးရွက်တစ်စီး ၄၀၀၊ စူးပုတ်ရွက်တစ်စီး ၅၀၀ကျပ်နဲ့ ကြက်ဥတစ်လုံး ၃၅၀ကျပ်၊  ဘဲဥတစ်လုံး ၄၀၀ကျပ်ဖြစ်လာပြီး အခြားသောအခြေခံအသီးအရွက်စားသောက်ကုန်တွေဟာ ယခင်ကအနည်းဆုံး ၅၀၀ ဖိုး၀ယ်ယူရနိုင်ပေမဲ့ ယခုအခါကျပ် ၁၀၀၀ အထက်သို့ပေး၀ယ်နေရတယ်လို့ သိရပါတယ်။  

ကြက်သားဈေးဟာလည်း ယခင်ကနဲ့မတူဘဲ  အခြေခံကျတဲ့အလုပ်သမားတွေအတွက် ကျပ် ၃၀၀၀ ဖိုးပေး၀ယ်မှသာရရှိတဲ့အနေအထားသို့ရောက်ရှိနေတာဖြစ်ပြီး  အမဲသားနဲ့၀က်သား ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ကျပ်နှစ်သောင်းဈေးသို့ရောက်ရှိနေတာကြောင့်  အခြေခံအလုပ်သမားတွေအတွက်  စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင်ဆန်တစ်ပြည်လျှင် ကျပ် ၅၀၀၀ ကျော် ၆၀၀၀ အထိဖြစ်လာပြီး  အထက်ပါဖော်ပြခဲ့တဲ့တစ်ပတ်အတွင်းပြောင်းလဲမြင့်တက်နေတဲ့  ကုန်ဈေးနှုန်းတွေအရ အလုပ်သမားတစ်ဦးရဲ့  တစ်နေ့တာကုန်ကျစရိတ်ဟာ  ကျပ်တစ်သောင်းအထက်ကိုရောက်ရှိနေတာကို မြင်တွေ့နေရတာဖြစ်ပါတယ်။ 

  • အခြေခံလုပ်အားခ

ပြောင်းလဲသတ်မှတ်ခြင်းမရှိသေးတဲ့  ၂၀၁၈ခုနှစ်ရဲ့ အနည်းဆုံးအခကြေးငွေ တစ်နေ့ ၄၈၀၀ ကျပ်ကိုလည်း  ယခုလိုကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေချိန်မှာ  အမြန်ဆုံးတိုးမြှင့်သတ်မှတ်ပေးဖို့လိုအပ်နေတာပဲ ဖြစ်ပါတယ်။  ဒါမှသာ တိုးမြှင့်သတ်မှတ်လိုက်တဲ့နှုန်းထားအတိုင်း အလုပ်သမားများအားလုံးတစ်ပြေးညီခံစားရမှာဖြစ်သလို အလုပ်ရှင်များအားလုံးလည်းတိုးမြှင့်ပေးရမှာဖြစ်တာကြောင့်  အလုပ်သမားတွေကလည်း အချို့သောအလုပ်ရှင်အနည်းစုတွေက တိုးမြှင့်ပေးလာခြင်းထက်  တစ်နိုင်ငံလုံးတရား၀င်တိုးမြှင့်သတ်မှတ်ပေးဖို့ လိုအပ်တယ်လို့တောင်းဆိုနေကြတာပဲဖြစ်ပါတယ်။

 


Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဒီဇင်ဘာ၁၅-ဒီဇင်ဘာ၂၁)
Dec 22, 2025
Cover
ရွှေဈေး၊ စက်သုံးဆီဈေး ပြန်တက်လာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း) ဒီဇင်ဘာ ၁၉၊ ၂၀၂၅
Dec 20, 2025
Cover
တစ်ပတ်တာ အလုပ်သမားရေးရာသတင်းအကြောင်းအရာများ အနှစ်ချုပ်ဖော်ပြချက် (ဒီဇင်ဘာ ၈-ဒီဇင်ဘာ ၁၄)
Dec 14, 2025
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (နိုဝင်ဘာ၁၇-နိုဝင်ဘာ၂၃)
Nov 30, 2025
Cover
ကုန်ဈေးနှုန်းမြင့်ကာ ထိုက်သင့်တဲ့ ၀င်​ငွေမရလို့ ပြည်သူတွေပိုကြပ်တည်းလာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Nov 22, 2025
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (နိုဝင်ဘာ၁၀-နိုဝင်ဘာ၁၆)
Nov 21, 2025
Cover
၀င်ငွေနည်း မိသားစုတွေ အခက်တွေ့ရတဲ့ ကုန်ဈေးနှုန်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Nov 15, 2025
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (နိုဝင်ဘာ၃-နိုဝင်ဘာ၉)
Nov 10, 2025