NEWS

တစ်ပတ်အတွင်း ကိုဗစ်-၁၉ လူနာ ၅၀ ကျော် တွေ့ရှိ

CoverLogo
517 Views
 
ကိုဗစ် -၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၂ ဦး တွေ့ရှိထားတယ်လို့ ဇွန်လ ၁၆ ရက် ည ပိုင်းမှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဇွန်လ ၈ ရက်နကနေ ၁၅ ရက်အထိ ရက်သတ္တပတ်အတွင်း တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။
 
ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၂၈၅)ခုကို စစ်ဆေးခဲ့ ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၂)ဦး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၂.၂၈)ရာခိုင်နှုန်းဖြစ်ပြီး ပြင်းထန်လူနာ၊ အထူးကြပ်မတ် ကုသမှုပေးရတဲ့ လူနာနဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးခဲ့သူ မရှိဘူးလို့ ဆိုပါတယ်။
 
အတည်ပြုလူနာက မွန်ပြည်နယ်က ၂၄ ဦး ၊ ရန်ကုန်တိုင်းမှာ ၁၇ ဦး၊ မကွေးတိုင်းမှာ ၇ ဦး၊ မန္တလေးတိုင်းမှာ ၂ ဦး၊ နေပြည်တော်က ၁ ဦး၊ ရှမ်းပြည်နယ်က ၁ ဦး ဖြစ်ပါတယ်။
 
နိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက် ဖြစ်ပွား /သေဆုံးမှုမှာ စိုးရိမ်ဖွယ် အခြေနေ မရှိသေးပေမယ့် ရောဂါ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ဖို့ တကိုယ်ရေ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ သတိပေးထားပါတယ်။
 
ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနဲ့ အသက်ဆုံးရှုးနိုင်ခြေမြင့်မားတဲ့အတွက် အသက် ၆၀ နဲ့အထက် အသက်အရွယ်ကြီးသူတွေ၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူတွေ၊ ကိုယ်ဝန်ဆောင် ကာလ ၃ လနဲ့ အထက် ကိုယ်ဝန်ဆောင်မိခင်တွေကို ဦးစားပေးအစီအစဉ်နဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးသွားဖြစ်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026