NEWS

တစ်ပတ်တာ အလုပ်သမားရေးရာသတင်းအကြောင်းအရာများ အနှစ်ချုပ်ဖော်ပြချက် (ဒီဇင်ဘာ ၈-ဒီဇင်ဘာ ၁၄)

CoverLogo
361 Views
 
Myanmar Labour News မှာ ဒီဇင်ဘာ (‌၈) ရက်ကနေ ဒီဇင်ဘာ(၁၄) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
 
ဒီဇင်ဘာ ၈
 
ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်က ၊Max Technologyနာကြပ် စက်ရုံမှာ စက်ရုံဖယ်ရီ အလုပ်သမား မကြိုဘဲ ပစ်ထားတာတွေနဲ့အလုပ်သမားအခွင့်အရေးချိုးဖောက်တာတွေရှိနေတယ်လို့ Myanmar Labour News ကို အလုပ်သမားတွေက ပြောကြားထားပါတယ်။
 
ဒီဇင်ဘာ ၉
 
တနှစ်အတွင်း ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာလုပ်သား ၂၀၀၀ ကျော် ထိုင်းမှ စစ်ကော်မရှင်ထံ လွှဲပြောင်းခဲ့ ကြောင်း ရနောင်းခရိုင် ရေကြောင်း ဦးစီးဌာန၊ရေကြောင်းရုံး ထုတ်ပြန်ချက် စာရင်းတွေ အ ရသိရပါတယ်။
 
မလေးရှားတွင် မြန်မာလုပ်သား ၇၀၀ ကျော် ဖမ်းဆီးခံရတယ်လို့ မလေးရှားသတင်းဌာနတွေနဲ့ မလေးရောက် မြန်မာလုပ်သားကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
 
ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၃) က Chi Mei အထည်ချုပ် ခေါင်းဆောင်တချို့ ဆုကြေးပေးမယ် ပြောဆိုပြီး လိမ်လည် ခိုင်းစေ နေကြောင်း Myanmar Labour News ကို အလုပ်သမားတွေက ပြောထားပါတယ်။
 
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်၃ က Casico Garment Co.,Ltd အထည်ချုပ်က နိုဝင်ဘာလစာ မပေးကြောင်းမြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။
 
ဒီဇင်ဘာ ၁၀
 
နိုင်ငံတကာလူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁၀ရက်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ်သပိတ်လှုပ်ရှားမှုအနေနဲ့ ငါတို့အသံ၊ငါတို့သပိတ်၊ငါတို့အခွင့်အရေး ဆိုကာsilent strike အသံတိတ်လှုပ်ရှားမှုဆင်နွဲခဲ့ပါတယ်။
ဒီဇင်ဘာ ၁၀ ရက် ၊ (နိုင်ငံတကာလူ့အခွင့်အရေးနေ့) အသံတိတ်သပိတ်(မန္တလေးတိုင်း အမရပူရ)က လမ်းမထက်မှာ လူရှင်းနေတဲ့ပုံရိပ်တွေ ‌ ဝေမျှထားပါတယ်။
 
ဒီဇင်ဘာ ၁၀ ရက် ၊ (နိုင်ငံတကာလူ့အခွင့်အရေးနေ့) အသံတိတ်သပိတ်မန္တလေး အသံတိတ်သပိတ်
က လမ်းမထက် မှာလူရှင်း‌ေနတဲ့ပုံရိပ်တွေ ‌ ဝေမျှထားပါတယ်။
ဒီဇင်ဘာ ၁၀ ရက် ၊ (နိုင်ငံတကာလူ့အခွင့်အရေးနေ့) အသံတိတ်သပိတ်(ရန်ကုန်)ကလမ်းမထက်လူရှင်း‌နေတဲ့ပုံရိပ်တွေ ‌ ဝေမျှထားပါတယ်။
 
ဒီဇင်ဘာ ၁၁
 
ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ ၃၆ ခု ကို စည်းကမ်း မလိုက်နာလို့ ဆိုပြီး ပိတ်သိမ်းကြောင်းကို စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက ကြေညာထားပါတယ်။
ပန်းရောင်ကတ်အတွက်ရွှေ့ပြောင်းအလုပ်သမားတွေကို အမည်စာရင်းလျှောက်ထားနိုင်ပြီလို့ထိုင်းအစိုးရထုတ်ပြန်လိုက်ပါတယ်။
 
မလေးရှားနိုင်ငံ ၊ ကလန်တန်ပြည်နယ်၊ ကိုတာဘာရူးမြိုအနီးမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၆ ဦးနဲ့အတူ မလေးရှား နိုင်ငံသား ပွဲစား ၃ ဦး ကို ဖမ်းဆီးခဲ့တယ်လို မလေးရှားလူဝင်မှုကြီးကြပ်ရေး ဌာန (JIM)ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
 
ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၁) ကZARA တံဆိပ်ချုပ်လုပ်နေတဲ့ JIMMY GARMENT MYANMAR အထည်ချုပ်စက်ရုံက အလုပ်သမား ၂၆၁ ဦးကို လုပ်ခလစာ ဖြတ်တောက်ပြီး အကြောင်းပြချက်မရှိ အလုပ်ကနေ ထုတ်ပယ်ခဲ့တယ်လို့ Solidarity Of Trade Union Myanmar ကို အလုပ်သမားတွေက ပြောပါတယ်။
 
ဒီဇင်ဘာ ၁၂
 
တရားရုံးတွေမှာ တရားမျှတမှုမရှာနိုင်သေးတဲ့ အခြေအနေမှာမတရားမှု ကျူးလွန်သူ‌တွေကို ဘယ်လို အပြစ်ပေးအရေးယူမှုလုပ်ရမလဲဆိုတဲ့ အမျိုးသမီး အဖွဲ့အစည်းတွေရဲ့ စကားဝိုင်းဆွေးနွေးပွဲ အစီစဉ်ကို တင်ဆက်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဆုန်ခလာခရိုင်၊ ရတ်တဖွန်မြို့နယ်အနီး ရှိ လမ်းမကြီးပေါ် တွင် အလုံပိတ်ကား ဖြင့် တင်ဆောင်လာတဲ့ မြန်မာလုပ်သား ၂၂ဦး ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
 
ပြည်တွင်းက လုပ်သား ၄၀၀၀ကျော် အတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်မယ့် ရင်းနှီးမြုပ်နှံမှု ၁၄ ခု ကို စစ်ကော်မရှင် လက်အောက်ခံ ဖြစ်တဲ့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ အုန်းနွဲ့ ရှိ တရုတ်နိုင်ငံသားလုပ်ငန်းရှင်ပိုင်တဲ့ ဦးထုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၂၀၁ ဦးအား နေထိုင်ခွင့် သက်တမ်းတိုးခြင်းနဲ့ သူဌေးပြောင်းမည်ဆိုကာ ဘတ်၂ သန်းကျော် တောင်းယူပြီး မြန်မာပွဲစားဆိုသူက တာဝန်မယူဘဲ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ထိုအမှုကို ကူညီပေးနေတဲ့ မြန်မာအလုပ်သမားအခွင့်အရေးဆောင်ရွက်ပေးသော MHAC မဟာမိတ်အဖွဲ့ ထံမှ သိရပါတယ်။
 
လိုင်စင်အသိမ်းထားခံရတဲ့ အေဂျင်စီတစ်ခုက ဂျပန်မှာ အလုပ်ရမယ်ဆိုကာ လူငယ်ထောင်ချီထံမှ ငွေကျပ်သိန်းသောင်းချီ လိမ်လည်သွားတယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)ထံမှ သိရပါတယ်။
ထိုင်းနိုင်ငံ ချွန်ဘူလီခရိုင်၊ လယောင်မြို့နယ်တွင်ရှိတဲ့ စည်ပင်ဌာန မှ အမှိုက်သိမ်းယာဉ်တွင် အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား တစ်ဦး ကို အလုပ်လုပ်နေရင်း ကားတစ်စီးမှ အနောက်မှ ဝင်တိုက်သဖြင့် သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီပေးနေတဲ့ WAG မဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။
 
Myanmar Labour News ရဲ့ တပတ်ကြာအတွင်းကုန်ဈေးနှုန်းကဏ္ဍမှာတော့ရွှေ၊ ဒေါ်လာဈေးအနည်းငယ်ပြန်ကျပြီး တက်မြဲတက်နေတဲ့ အခြေခံကုန်ဈေးနှုန်းများ အကြောင်းဖော်ပြခဲ့ပါတယ်။
 
ဒီဇင်ဘာ ၁၀ ရက် လူ့အခွင့်အရေးနေ့တုန်းက ရခိုင်မှာအရပ်သားတွေကိုပစ်မှတ်ထားဗုံးကြဲခဲ့တဲ့ စစ်အုပ်စုကို လေယာဉ်ဆီ ပိတ်ဆို့ဖြတ်တောက်ဖို့ Justice For Myanmar တောင်းဆို လိုက်ပါတယ်။
 
လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် က Sunlong Sprot စက်ရုံမှာ ဖူလုံရေးခွင့်ယူလို့ဆိုပြီး အောစူပါက ဖိအားပေး ပြောဆိုတာတွေ ပြုလုပ်တဲ့အကြောင်း မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။
 
ဒီဇင်ဘာ ၁၃
 
လာမယ့်၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ဟာ ၄သန်းအထိ မြင့်တတ်လာနိုင်ပြီးလူဦးရေ ၁၂ သန်းကျော်ဟာ ဆာလောင်မွတ်သိပ်မှုကို ကြုံတွေ့ခံစားရနိုင်တယ်လို့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဒီဇင်ဘာ ၁၁ရက် က သတိပေးထုတ်ပြန်တယ်လို့ သိရပါတယ်။
 
ထိုင်းနိုင်ငံအတွင်း အကြောင်း အမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံ ပြီးတဲ့ မြန်မာလုပ်သားတွေကို ထိုင်းအာဏာပိုင်တွေက နယ်စပ်က တစ်ဆင့် စစ်ကော်မရှင် ထံပြန်လည် လွှဲပို့နေခြင်းဟာ ထိုင်းဥပဒေနှင့်နိုင်ငံတကာဥပဒေအရ ညှင်းပမ်းနှိပ်စက်မှု အတင်းအဓမ္မ ပြန်လည်လွှဲပို့ခြင်းနဲ့ လူကုန်ကူးမှုအဖြစ် သတ်မှတ်နိုင်တယ်လို့ လူ့အခွင့်အရေးချိုးဖောက်မှုများအား စောင့်ကြည့်၊ မှတ်တမ်းတင်နေတဲ့ Fortify Rights အဖွဲ့က ထုတ်ပြန်ပါတယ်။
 
ထိုင်းနိုင်ငံ စမွတ်စခွန် အုန်းနွဲ့ရှိ တရုတ်လုပ်ငန်းရှင်ပိုင်တဲ့ ဦးထုပ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၂၀၁ဦးရဲ့ နေထိုင်ခွင့်သက်တမ်းတိုးခြင်းနှင့်သူဌေးပြောင်းခြင်းခ ဘတ်၂သန်းကျော် ကို ပွဲစားက လိမ်လည် ထွက်ပြေးသွားတဲ့အမှုနဲ့ ပက်သက်ပြီး ဒီဇင်ဘာ၁၂ရက်နေ့မှာ 𝐌.𝐇.𝐀.𝐂မဟာမိတ်အဖွဲ့ရဲ့ အကူညီဖြင့်နစ်နာသူအလုပ်သမားတွေက မြို့နယ်ကျဟာငန် (အလုပ်သမားရုံး)ကို သွားရောက်တိုင်ကြားရာမှ လုပ်ငန်းရှင်က ပြန်တာဝန်ယူပေးမယ်လို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။
 
ဒီဇင်ဘာ၁၄
 
ဧရာဝတီတိုင်း ၊ပုသိမ်မြို့ ၊က Hakers အထည်ချုပ်စက်ရုံရဲ့ အလုပ်သမားအဖွဲ့အစည်း WCC အဖွဲ့ဝင်အား စိတ်ကြိုက်ခန့်လိုက်လို့ အလုပ်သမားတွေက မကျေနပ်ကြောင်းMyanmar Labour News ကို အလုပ်သမားတွေက ပြောထားပါတယ်။
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၃)Myanmar Zande Garment စက်ရုံလုပ်သားတဦးကို အလုပ်သမားရုံးတိုင်ကြားလို့ ဆိုပြီး တာဝန်ရှိသူတွေက အလုပ်ကနေ ထုတ်ပယ်ခဲ့တယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။
 
တပတ်တာ သတင်းအနှစ်ချုပ်ကို မုဒြာက စုစည်းပေးထားတာပါ။

Related posts

Cover
ရွှေဈေးအတက်ပြပြီး စက်သုံးဆီဈေးပြန်ကျလာ
Jun 07, 2026
Cover
သွင်းကုန်လျော့ချမှုဂယက်ကြောင့် စက်သုံးဆီဈေးပြန်တက်လာ
May 30, 2026
Cover
ကုန်ဈေးနှုန်း မြင့်တက်ပေမယ့် အခြေခံလုပ်ခ နိမ့်ပါးနေ
May 23, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
တပတ်တာ ကုန်ဈေးနှုန်း စုစည်းချက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 31, 2026
Cover
စက်သုံးဆီ အကျပ်အတည်း နဲ့ တပတ်အတွင်း စျေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 23, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026