NEWS

တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက် ( ၁၂-၁-၂၀၂၅)

CoverLogo
707 Views

Myanmar Labour News မှာ ဇန်နဝါရီလ (၅) ရက်ကနေ ဇန်နဝါရီလ (၁၂) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါး တွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ပဲ ဖြစ်ပါတယ်။တစ်ပတ်တာသတင်း အနှစ်ချုပ် အစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေညတိုင်းမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

ဇန်နဝါရီ ၅

ယူနန်ကျင်းယောက် အထည်ချုပ်ကုမ္မဏီလီမီတက်မှာ အချိန်ပိုကြေးမပေးဘဲ ခိုင်းတဲ့အပြင် ချိုးဖောက်မှု လုပ်ဆောင်နေတာကို တိုင်ကြားရင် ရွှေလီမြို့ထဲက စက်မှုဇုန်တွေထဲမှာ အလုပ်မရအောင် လုပ်မယ်လို့  ခြိမ်းခြောက်ပြောဆိုတာတွေ ရှိနေပါတယ်။

ဇန်နဝါရီ ၇

စစ်ကောင်စီက ရန်ကုန်မြို့မှာ လျှပ်စစ်မီးရရှိမှုဟာ တစ်ရက်ကို (၄) နာရီတောင် အပြည့်အဝ မရရှိတဲ့အပြင် ရေပြတ်လပ်တာတွေပါ ရှိဦးမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ပါတယ်။

ဒီမိုကရေစီ အစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ဟာ အဖက်ဖက်မှာ ဖွံ့ဖြိုးမှု အရိပ်အယောင်တွေနဲ့ တောက်ပခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက်မှာတော့  ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေ အားလုံးဟာ ရပ်တန့်သွားပြီး ရန်ကုန်မြို့ကြီးဟာ အရာရာမှာ ခေတ်နောက်ပြန်ပြန်ဆွဲနေပါတယ်။ ဒီအခြေအနေတွေကို "ဒုက္ခမြို့တော် (သို့) ရန်ကုန်" မှာ ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းတွင် ပဋိပက္ခမှ ထွက်ပြေးလွတ်မြောက်ရန် အရပ်သားပြည်သူများအတွက် ဘေးကင်း လုံခြုံသည့်နေရာများမရှိတော့ကြောင်း နိုင်ငံတကာက ထောက်ပြပြောဆိုမှုတွေ ရှိနေပါတယ်။

SAFETY CLOTHING (Myanmar) Co.,ltd မှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်တာတွေ လုပ်ဆောင်နေတဲ့ အပြင် ဥပဒေမဲ့ အလုပ်ထုတ်နေလို့ အလုပ်သမားတွေ အခက်တွေ့နေပါတယ်။

ဇန်နဝါရီ ၉

မီးဖိုချောင်သုံးဂတ်စ် (LPG) အမျိုးအစားဟာ လက်ရှိမှာ ဈေးနှုန်းအပြောင်းအလဲ မရှိသေးပေမယ့် ဝယ်ယူရ ခက်နေ တယ်လို့ အရောင်းဆိုင်တွေက သိရပါတယ်။ လက်ရှိမှာ လျှပ်စစ်မီးပြတ်တောက်ချိန်ဟာ ပိုမိုဆိုးရွားလာပြီး ဂတ်စ် သုံးစွဲနှုန်း မြင့်တက်နေတာပဲ ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၀

Sheng Da Ming Apparel Co, Ltd အထည်ချုပ်စက်ရုံတွင် ရက်စားခေါ်ယူမှုနဲ့ လုပ်ခလစာပေးချေမှုကို တစ် ဖက်သတ်လုပ်ဆောင်နေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
 
Fitex (Myanmar) Garment Manufacturilg Co,Ltd တွင် အချိန်ပို မဆင်းပါက ခွဲခြားဆက်ဆံသည့်အပြင် ဝမ်တိန် ထိုးရမည်ဟု ပြောဆိုနေတာတွေ လုပ်ဆောင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၁

JOYFUL (Myanmar) Garment မှာ ဉပဒေပါခွင့်ရက်တွေကို ခံစားခွင့် မပေးတဲ့အပြင် ခွင့်တိုင်ကြားတာကို လက်မခံဘဲ ဥပဒေမဲ့ အလုပ်ထုတ်နေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

ဇန်နဝါရီလ (၁၂)

Myanmar Labour News က ဒီဇင်ဘာလတွင်းမှာ အလုပ်သမားဥပဒေနဲ့ အခွင့်အရေး ချိုးဖောက်တဲ့ စက်ရုံနဲ့လုပ်ငန်း (၂၉) ခုရဲ့ သတင်းစုစုပေါင်း (၃၃) ပုဒ်ကို ဖော်ပြခဲ့ပါတယ်။ ဒီထဲမှာ အမျိုးသား အလုပ်သားတွေမှာ လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံခံရတာနဲ့ စစ်မှုထမ်းဥပဒေကြောင့် မလုံခြုံမှုတွေ ခံစားနေရတာတွေလည်း ရှိနေပါတယ်။ ဒီအခြေအနေတွေကို ဒီဇင်ဘာလတွင်း လုပ်သားအခွင့်အရေးချိုးဖောက်မှုများ စစ်တမ်းမှာ ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

တပတ်တာ သတင်းအနှစ်ချုပ်ကို မမ ကစုစည်းပေးထားတာပါ။


Related posts

Cover
ပြည်တွင်းဆန်ဈေး အတက်ကြမ်းလာ
Jun 23, 2026
Cover
ရွှေဈေးအတက်ပြပြီး စက်သုံးဆီဈေးပြန်ကျလာ
Jun 07, 2026
Cover
သွင်းကုန်လျော့ချမှုဂယက်ကြောင့် စက်သုံးဆီဈေးပြန်တက်လာ
May 30, 2026
Cover
ကုန်ဈေးနှုန်း မြင့်တက်ပေမယ့် အခြေခံလုပ်ခ နိမ့်ပါးနေ
May 23, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
တပတ်တာ ကုန်ဈေးနှုန်း စုစည်းချက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 31, 2026
Cover
စက်သုံးဆီ အကျပ်အတည်း နဲ့ တပတ်အတွင်း စျေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 23, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026