NEWS

တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)

CoverLogo
131 Views
 
 
Myanmar Labour News ရဲ့ ဖေဖော်ဝါရီ၉ရက်မှ ဖေဖော်ဝါရီ၁၅ရက်အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
 
ဖေဖော်ဝါရီ၉
 
ရန်ကုန်မြို့လှိုင်သာယာမြို့နယ်၊ရွှေသံလွင် စက်မှုဇုန်က(Dishang Fashion (Myanmar) အထည်ချုပ် စက်ရုံမှာ စည်းကမ်း ထိန်းသိမ်း အရေးယူမှုတွေက မျှတမှုမရှိဘဲ အလုပ်သမားတွေရဲ့ နစ်နာမှု တိုင်းတန်းတာတွေကို စနစ်တကျ ဖြေရှင်း မပေးဘူးလို့ အလုပ်သမားတွေက Myanmar Labour Newsပြောပါတယ်။
 
ရန်ကုန်မြို့၊မှော်ဘီမြို့နယ်က General Textile (Myanmar) Apparel အထည်ချုပ်ဟာ ပြည်တောင်စုနေ့နဲ့ အစိုးရ ရုံးပိတ်ရက်တွေမှာ အတင်းအကြပ်အလုပ်ဆင်းခိုင်းတာတွေ ပြုလုပ်နေကြောင်း စက်ရုံအလုပ်သမားတွေ အနေနဲ့ Myanmar Labour Newsကို ပေးစာပို့ထားပါတယ်။
 
တောင်ကိုရီးယားနိုင်ငံရှိ မြန်မာနိုင်ငံ သားတွေ အတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် C of I လျှောက်ထားတဲ့ နူန်းထားကို ကိုရီးယားဝမ်ငွေ ၃သောင်း အဖြစ် ပြောင်းလဲ ကောက်ခံမယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ဖေဖေါ်ဝါရီ ၉ရက်မှာ ကြေညာလိုက်ပါတယ်။
 
ထိုင်းနိုင်ငံ စမွတ်ပရာကန် တွင် ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံသားအချို့နဲ့ မြန်မာနိုင်ငံသားအချို့ ကြား ဖြစ်ပွာခဲ့တဲ့ ပဋိပက္ခအရှိန်ကြောင့် လုံခြုံရေးစိုးရိမ်ရတဲ့ အတွက် အလုပ်ရှင်သူဌေးထံ အသနားခံကာ ခွင့်ယူခဲ့ကျတဲ့ မြန်မာလုပ်သား ၂၃ဦးကို အလုပ်ရှင်မှ အလုပ်ထုတ်ပယ်လိုက်တယ်လို့ ၎င်းကိစ္စကို ကူညီပေးနေတဲ့ MHACမဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
ဂျပန် နိုင်ငံကို ကျွမ်းကျင်လုပ်သား အဖြစ် သွားရောက် လုပ်ကိုင်ဖို့ လျှောက်ထားသူတွေ ထဲ မှ အချို့ဟာ အောင်လက်မှတ်အတု တွေ ပြုလုပ်ကာ တင်ပြလျှောက်ထားတာတွေ ရှိနေတယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာန မှ မြန်မာပြည်ပအလုပ်ကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)ထံ ပေးပို့တဲ့ အကြောင်းကြားစာအရသိရပါတယ်။
 
ဖေဖေါ်ဝါရီ-၁၀
 
ပြည်ပ ကို တရားဝင် အလုပ်သွားရောက် လုပ်ကိုင်မယ့် အလုပ်သမားတွေ အနေနဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်(OWIC)အတွက် ပေးသွင်းရမယ့် ငွေ ကို ၂၀၂၆ခုနှစ် မတ်လ ၁ရက်က စပြီး မြန်မာ့စီးပွားရေးဘဏ်ကနေ ပေးသွင်းရမယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက ဖေဖေါ်ဝါရီ၁၀ရက်မှာ အသိပေးကြေညာပါတယ်။
 
ဖေဖေါ်ဝါရီ-၁၁
 
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် စီလချာရှိ အလုပ်ရုံတစ်ရုံမှ မြန်မာအလုပ်သမား ၄၁ဦး ကို ဆန္ဒပြတယ်လို့ စွတ်စွဲ ပြီး အလုပ်မှ ထုတ်ပယ်လိုက်တယ် လို့ ၎င်းအမှု ကို ကူညီပေးနေတဲ့ MHACမဟာမိတ်အဖွဲ့ ထံမှ သိရပါတယ်။
 
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက် တွင် ဖေဖေါ်ဝါရီ ၁၁ရက် မနက်ပိုင်းမှာ ယာဉ်မတော်တဆမှု ဖြစ်ပွား တာကြောင့် ယာဉ်ပေါ်လိုက်လာပါလာတဲ့ မြန်မာနှစ်ဦး သေဆုံးခဲ့တယ်လို့ ထိုင်းဒေသတွင်းသတင်းတွေ အရသိရပါတယ်။
 
စင်္ကာပူနိုင်ငံ ရောက် မြန်မာနိုင်ငံသားတွေ အတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လုပ်ငန်းကို ဆောင်ရွက်ပေးရာတွင် အသက် (၆၅)နှစ်နှင့်အထက်ရှိသူနေထိုင်ခွင့်သက်တမ်းတိုးရန်လိုအပ်သူများ (IPA letter ပါရှိသူ) နဲ့ နိုင်ငံကူးလက်မှတ်သက်တမ်း (၆) လအောက် ကျန်ရှိနေသူတွေကိုသာ walk-in စနစ်ဖြင့် ဆောင်ရွက်ပေးမယ်လို့ စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက ဖေဖေါ်ဝါရီ ၁၀ ရက်မှာ အသိပေးကြေညာထားပါတယ်။
 
လူ့အခွင့်အရေးကိုလေးစားလိုက်နာပြီးအလုပ်သမားအခွင့်အရေးချိူးဖောက်မှာမဟုက်ဘူးလို့ကတိပြုထား‌ေပမယ့်လည်းကမ္ဘာကျော်ကုန်အမှတ်တံဆိပ်ဖြစ်တဲ့ Heinken ဘီယာစက်ရုံက အလုပ်သမားအခွင့်ရေးချိူးဖောက်နေတဲ့အပြင်စစ်တပ်ကိုအခွန်ဆောင်ကာအာဏာရှင်ကိုပံ့ပိုးနေတယ်လို့သိရပါတယ်။
 
ဖေဖော်ဝါရီ ၁၂
 
ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်က Uni-Win Leatherပိုက်ဆံအိတ် စက်ရုံ မှာ အမျိုးသား အောစူပါမှ ဆဲဆို ခိုင်းစေတာတွေနဲ့ အတင်းအဓမ္မအလုပ်ခိုင်း‌ကာအလုပ်သမားအခွင့်အပေးချိုးဖောက်နေကြောင်း အလုပ်သမားတွေ အနေနဲ့ Myanmar Labour Newsကို ပေးစာပို့ထားပါတယ်။
 
ရန်ကုန်မြို့လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်ကTha Shu (Myanmar) Glory Fashion စက်ရုံတွင် တပတ် အချိန်ပို အော်လင်းအောနိုက် ၄ ရက် ဆင်းနေရကာ ကျန်းမာရေးထိခိုက်တဲ့အထိ အတင်အကြပ်အလုပ်စေခိုင်းမှုတွေရှိနေတယ်လို့ အလုပ်သမားတွေက Myanmar Labour Newsကိုပြောပါတယ်။
 
ရန်ကုန်မြို့လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန်ကVictory Fishion Co.,Ltd (Myanmar Huasheng Kefu Fashion Co.,ltd)မှာအထည်ချုပ်စက်ရုံက တနင်္ဂနွေ နားရက်တွေပိတ်မပေးတဲ့ အပြင် အောနိုက် အချိန်ပိုလုပ်ကိုင်ရလို့ တလ အချိန်ပို နာရီ ၁၂၀ နီးပါး လုပ်ကိုင်နေရတဲ့အထိ လုပ်သားအခွင့်အ‌‌ေရး ချိုး‌ဖောက်ခံ‌ေနရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
မြန်မာနိုင်ငံရဲ့ စစ်ရေးပဋိပက္ခတွေကြားမှာ တိုင်းပြည်အနာဂတ် လူငယ်လူရွယ်ကလေးသူငယ်တွေဟာ အမှောင်ထု ထဲကို တွန်းပို့ခြင်း ခံနေကြရပါတယ်။ (ပျောက်ဆုံးနေသည့်အနာဂတ်များ)ဆောင်းပါး
 
ဖေဖော်ဝါရီ ၁၃
 
ရန်ကုန်မြို့ ၊လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ကGolden Maple Leaf Myanmar Co.,Ltd ပိုင် အထည်ချုပ်စက်ရုံက အချိန်ပို မဆင်းနိုင်တဲ့ အလုပ်သမားတွေကို ဥပဒေမဲ့ အရေးယူနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ Work Permit နဲ့ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေ တရားဝင် ဆက်နေနိုင်ဖို့အတွက် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် CI စာအုပ်အသစ် ထုတ်ပေးခြင်းကို ဖေဖေါ်ဝါရီ ၁၇ ရက်မှ စတင်ပြီး စခန်း၅ခု ဖြင့် ဖွင့်လှစ် ပြုလုပ်ပေးမယ် လို့ ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးက ဖေဖေါ်ဝါရီ ၁၂ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
 
ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊မြစိမ်းရောင် စက်မှုဇုန်က Golden & Five Myanmar Co.,Ltd ပိုင် အထည်ချုပ်စက်ရုံက သတိပေးလက်မှတ်ထိုးခိုင်းခွင့်ကို အလွဲသုံးစား လုပ်ပြီး ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ မတရား အလုပ်ထုတ်မှုတွေ ကျူးလွန်နေတယ်လို့ အလုပ်သမားတွေကMyanmar Labour Newsကို ပြောပါတယ်။
 
မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေကို လက်ရှိအခြေအနေနဲ့ လိုက်လျောညီထွေဖို့ဆိုကာ အသစ်ပြင်ဆင်ပြဋ္ဌာန်းဖို့ စစ်ကော်မရှင်ဘက်က စီစဉ်ပြုလုပ်နေတယ် လို့ သိရပါတယ်။
 
ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်၊ အုန်းနွိုင်းမြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်တဲ့စက်ရုံ မီးလောင်မှု တွင် မြန်မာအလုပ်သမား ၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တဲ့အတွက် ဆေးကုသမှုခံယူနေရတယ်လို့ စစ်ကော်မရှင် လက်အောက်ခံ မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားပါတယ်။
 
ထိုင်းနိုင်ငံ၊ချွန်ဘူလီခရိုင်၊နောင်ခမ်း ကျလင်စီပင်ထောင် အဆောင် မှာ နေထိုင်ကျတဲ့ မြန်မာအလုပ်သမား၆၃ဦး ကို ပွဲစားတစ်ဦးက အလုပ်သွင်းပေးမယ်ဆိုကာ စမတ်ကြေး ဘတ်၅သိန်း ကျော်ကို လိမ်လည်သွားတယ်လိို့ ၎င်းအမှု ကို ကူညီပေးနေတဲ့ WAG အလုပ်သမား မဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
 
ဖေဖော်ဝါရီ ၁၄
 
ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊‌‌ ရွှေလင်ဗန်းစက်မှုဇုန်ရှိAsdet Myanmar Garment အထည်ချုပ်စက်ရုံက နေစဉ် အချိန်ပို ၅ နာရီလုပ်ကိုင်ရတဲ့ အပြင် စနေနေ့တွေ မိုးအလင်းအထိ လုပ်ကိုင်ရကာနေ့လယ် ထမင်းစား ပြီးကတည်းက အချိန်ပိုနားချိန်အထိ ၈ နာရီနီးပါး တဆက်တည်းအချိန်ပိုလုပ်ကိုင်ရတာ‌ေတွ ကိုအလုပ်သမားအခွင့်အ‌ေရးချိုး‌ ဖောက်
ကာ ခိုင်း‌ စေနေတယ်လို့Myanmar Labour Newsကို အလုပ်သမားတွေက ပြောထားပါတယ်။
 
Myanmar Labour News ရဲ့ ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း ကဏ္ဍမှာရွှေ နှင့် စက်သုံးဆီလုပ်ငန်းရှင်ကြီးများ ဖမ်းဆီးခံရပြီးနောက် ကုန်စျေးနှုန်းများ အနည်းငယ်ပြန်ကျ နေကြောင်းဖော်ပြခဲ့ပါတယ်။
တပတ်တာ သတင်းအနှစ်ချုပ်ကို မုဒြာက စုစည်းပေးထားတာပါ။

Related posts

Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
ရွှေ နှင့် စက်သုံးဆီလုပ်ငန်းရှင်ကြီးများ ဖမ်းဆီးခံရပြီးနောက် ကုန်စျေးနှုန်းများ အနည်းငယ်ပြန်ကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 17, 2026
Cover
ရွှေအသင်းခေါင်းဆောင်ပိုင်းတွေ အဖမ်းခံရပြီးနောက် ရွှေအရောင်းအဝယ်တန့်ပြီး ဈေးပြန်ကျသော်အခြေခံကုန်ပစ္စည်းတွေ ဈေးနှုန်းတက်နေဆဲ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 07, 2026