NEWS

တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဒီဇင်ဘာ၂၉-ဇန်နဝါရီ၄)

CoverLogo
182 Views
 
 
Myanmar Labour News မှာ ၂၀၂၅ခုနှစ်ဒီဇင်ဘာ (‌၂၉) ရက်ကနေ၂၀၂၆ခုနှစ် ဇန်နဝါရီ(၄) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
 
ဒီဇင်ဘာ၂၉
 
ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်ရှိ မြစိမ်းရောင်စက်မှုဇုန်က Sky Fashion Myanmar Co.,Ltd ပိုင် အထည်ချုပ်စက်ရုံက အသက်မပြည့်ဟုဆိုကာ အလုပ်ထုတ်ထားတဲ့ လူရွယ်လုပ်သားတွေကို ပြန်လည် ခေါ်ယူပြီး နေ့စားလုပ်သားအနေနဲ့ ခိုင်းစေနေတာဟာ အလုပ်သမားအခွင့်အ‌ရေးနဲ့မညီ‌ေနဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
(၂၀၂၆) ခုနှစ် ပြက္ခဒိန်နှစ်အတွင်း အများပြည်သူ အလုပ်ပိတ်ရက်ပေါင်း ၃၂ ရက် ရှိ‌ကြောင်းထုတ်ပြန်ကြေညာလိုက်ပြီး အလုပ်ရုံနှင့်အလုပ်သမား စစ်ဆေးရေး ဦးစီးဌာနက သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ နဲ့ အလုပ်ဌာနတွေကို အကြောင်းကြားထားပါတယ်။
 
၂၀၂၅ခုနှစ် အတွင်း မလေးရှား နိုင်ငံတဝန်းမှာ အထောက်အထားမရှိတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေ ကို စီမံချက် တွေ နဲ့ ဖမ်းဆီးမှု များ ပြုလုပ်ခဲ့ရာမှာ မြန်မာနိုင်ငံသား ၁၀,၀၀၀ နီးပါး အဖမ်းခံရတဲ့အထဲမှာပါဝင် တယ်လို့ မလေးရှား နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန ရဲ့ ဒီဇင်ဘာ၂၇ရက် နေ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
ထိုင်းနိုင်ငံ လယောင် မြို့ မှာ နေထိုင်တဲ့ မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦးကို အိမ်စီးကား တစ်စီးမှ ဝင်တိုက်မိ ပြီး ဒဏ်ရာ အပြင်းအထန် ရရှိပေမယ့် ဝင်လာတိုက်သည့်ကားပိုင်ရှင်ဘက်မှနစ်နာကြေးပေးရန်အတွက်တာဝန်ယူမှု မရှိဘူး လို့ ၎င်းအမှု ကို ကူညီပေးနေတဲ့ WAG အလုပ်သမား မဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
 
ဒီဇင်ဘာ ၃၀
 
ထိုင်းနိုင်ငံ၊ ဖက်ခ်ျဘူရီခရိုင်ရှိ Cal-Comp အီလက်ထရောနစ် စက်ရုံ မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၁၆၀၀ဦး ကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ် လိုက်တယ်လို့ မြန်မာအလုပ်သမားတွေနဲ့ ထိုင်းဒေသတွင်းသတင်းတွေအရသိရပါတယ်။
 
၂၀၂၅ ခုနှစ် ဒီဇင်ဘာ လအတွင်း မှာ မလေးရှား နိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာလုပ်သား ၂၀၀ နီးပါးကို မြန်မာနိုင်ငံ သို့ ပြန်လည် ပို့ဆောင် ခဲ့တယ်လို့ မလေးရှားလူဝင်မူကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန် ချက်အရ သိရပါတယ်။
 
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီမြို့နယ် သလော်ကမ်းခြေ တွင် အလည်အပတ် လာတဲ့ မြန်မာလုပ်သား လူငယ်တစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပေါ် ခဲ့တယ်လို့ ထိုင်းဒေသတွင်း သတင်းတွေ အရ သိရပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်တွင်ရှိသော Xing Yuan စက်ရုံသည် အလုပ်သမားများအပေါ် အချိန်ပို အလကားဆင်းခိုင်းခြင်းများပြုလုပ်နေကြောင်း သိရပါတယ်။
 
ဒီဇင်ဘာ ၃၁
 
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်တွင် ဖွင့်လှစ်ထားသော Yangon Wan Ping Garment စက်ရုံမှာ အချိန်ပိုကို အလုပ်သမားဆန္ဒ မပါဘဲ အတင်းအကြပ် ဆင်းခိုင်းကာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေရှိနေ
တယ်လို့ Myanmar labour newsကို ပေးစာပေးပို့ထားပါတယ်။
 
ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင် မှာ အလှူက ပြန်လာတဲ့ မြန်မာအလုပ်သမား ၁၃ဦး စီးလာတဲ့ ကားဟာ တူးမြောင်းထဲ ထိုးကျ မှုဖြစ်တာကြောင့် မြန်မာလုပ်သား ၆ ဦး သေဆုံး မှုဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်နေ ကလေးသုံးယောက်မိခင် အသက်၃၂နှစ်အရွယ် အမျိုးသမီးတစ်ဦး ကို ပွဲစားလုပ်သူတွေက နေပြည်တော်တွင် ကလေးထိန်း(အိမ်အကူ) အလုပ် လုပ်ရမယ်လို့ လိမ်လည်ခေါ်ဆောင် ပြီး တရုတ် ပြည် ရွှေလီ တွင် တရုတ်မယား ပြုလုပ် ဖို့ အတင်းအကြပ် ခိုင်းစေမှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရပါတယ်။
 
၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း အလုပ်သမားဥပဒေနှင့် အခွင့်အရေး ချိုးဖောက်သည့် စက်ရုံလုပ်ငန်းပေါင်း ၂၃၃ ခု ရှိပြီး သတင်းပေါင်း ၄၈၉ ပုဒ်ကို Myanmar Labour News က ဖော်ပြခဲ့ပါသည်။
 
၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း အလုပ်သမားဥပဒေနှင့် အခွင့်အရေး ချိုးဖောက်သည့် စက်ရုံလုပ်ငန်းပေါင်း ၂၃၃ ခု ရှိတာကို Myanmar Labour News မှာ ဖော်ပြထားကယ အလုပ်သမား ဥပဒေနဲ့ အခွင့်အရေး ချိုးဖောက်ကြောင်း ဖော်ပြထားတဲ့ ချုပ်လုပ်ရေး လုပ်ငန်းအားလုံးက နိုင်ငံခြားငွေ လက်ခစား CMP လုပ်ငန်းအမျိုးအစားတွေ ဖြစ်တယ်လို့ဆိုပါတယ်။
၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း အလုပ်သမားဥပဒေနဲံ့အခွင့်အရေး ချိုးဖောက်တဲ့စက်ရုံလုပ်ငန်းပေါင်း ၂၃၃ ခု က ပြီးခဲ့တဲ့နှစ်က အရေအတွက်ထက်စက်ရုံ လုပ်ငန်း ၁၄ ခု ပိုများလာတာဖြစ်ရာ ထပ်ခါထပ်ခါ ဥပဒေနဲ့ အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတယ်လို့ Myanmar Labour Society က သုံးသပ်ထားပါတယ်။
 
ဇန်နဝါရီ၁
 
ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၊ဒဂုံဆိပ်ကမ်းစက်မှုဥယျာဉ်ထဲက Arao Garment စက်ရုံ က လုပ်သက်ရင့် ဌာနခေါင်းဆောင်တွေကို ရာထူးလျှော့ချတဲ့ အပြင် လစာပါ လျှော့ချ ခဲ့တယ်လို့အလုပ်သမားအခွင့်အရေးချိုးဖောက်တာတွေရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ပြည်ပကို အရေးကြီး၊အရေး ပေါ်သွားရောက်လိုသူတွေကို ဝန်ဆောင်ခ ၅၄၅,၀၀၀ကျပ် နဲ့ နိုင်ငံကူးလက်မှတ်(ပတ်စပို့)အမြန်ဆောင်ရွက်ပေးမယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး က အသိပေး ထုတ်ပြန်ပါတယ်။
၂၀၁၄ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ အလုပ်အကိုင် အမျိုးအစား ၇၁မျိုးအတွက် ကျွမ်းကျင်လုပ်သား လုပ်သား ၄၀၀၀၀ ကျော်ကို အသိအမှတ် ပြုနိုင်ခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။
 
မလေးရှားနိုင်ငံ ၊ Negeri Sembilan ပြည်နယ် ၊ နီလိုင် (NILAI)မြို့ မှာ တရားမဝင် ဖွင့်လှစ်ထားတဲ့ ဖျော်ဖြေရေးစင်တာ ကို မလေးရှား ရဲတပ်ဖွဲ့မှ ဝင်ရောက်စစ်ဆေးတာမှာ မြန်မာနိုင်ငံသား ၂၀ဦး အဖမ်းခံရတယ်လို့ မလေးရှား သတင်းတွေကဖေါ်ပြထားပါတယ်။
 
ဇန်နဝါရီ၂
 
ရန်ကုန်မြို့က Myanmar Ju Chuanမြန်မာကျွိချွမ်း ဖိနပ်စက်ရုံ မှာ လုပ်သက်ခွင့်ကို ချိုးဖောက်တာတွေ စက်ရုံအုပ်ချုပ်ရေးပိုင်းကလုပ်ဆောင်နေတယ်လို့ အလုပ်သမား‌ တွေက Myanmar Labour new sကိုပေးစာပေးပို့ထားပါတယ်။
အရှေ့ဒဂုံမြို့နယ် ၊ အရှေ့ဒဂုံ စက်မှုဇုန် ၊ ဖန်ချက်ဝန်ဦးရွေအိုးလမ်းမှာ ရှိတဲ့Yangon Oscar စက်ရုံမှာ အလုပ်ရှင် ၊ အလုပ်သမား ၊အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူညီချက်စာချုပ် EC ကို ချုပ်မပေးလို့အလုပ်သမား အခွင့်အရေးများ ဆုံးရှုံးနေ ရပါတယ်လို့ Myanmar labour newsကိုအလုပ်သမားတွေကပြောပါတယ်။
 
ရွေးကောက်ပွဲ ကာလ အတွင်း နိုင်ငံသားကတ်ပြား ပျက်စီး/ပျောက်ဆုံးသူတွေကို မြို့နယ် အသီးသီးရှိ လ၀က ရုံးတွေမှာ ရုံးပိတ်ရက်မရှိ ပျက်စီးပျောက်ဆုံးတဲ့ နိုင်ငံသား ကတ်ပြား တွေကို ပြုလုပ်ပေးနေတယ်လို့ စစ်ကော်မရှင်ရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန က အသိပေးကြေညာ ပါတယ်။
 
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း(သတင်းဆောင်းပါး)
တပတ်ကြာ Myanmar Labour News ရဲ့ကုန်ဈေး ကဏ္ဍမှာတော့ ရွှေဈေး၂ သိန်းကျော်ပြန်ကျပြီး ရာသီပေါ်သီးနှံတချို့ စျေးအနည်းငယ်ပြန်ကျ ကြောင်းဖော်ပြထားပါတယ်။
 
ထိုင်း နိုင်ငံ အယုဒ္ဓယကနေ ဖိချဘွန်ကို အလည်သွားတဲ့ မြန်မာနိုင်ငံသားများ စီးနင်းသယ်ဆောင်လာတဲ့ ဗင်ကား တိမ်းမှောက် မှု ဖြစ်တာကြောင့် ၁၂ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေထံမှ သိရပါတယ်။
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် မှ လူငယ် လေးဦး ကို ကမ္ဘောဒီးယား နိုင်ငံ တွင် အလုပ်လုပ်ရမယ်ဆိုကာ လိမ်လည် ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ကို ပို့ဆောင်ကာ အဓမ္မခိုင်းစေမှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။
 
ဇန်နဝါရီ ၃
 
ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity - CI) ထုတ်ပေးရေး လုပ်ငန်းစဉ်ကို ၂၀၂၆ခုနှစ် ဇန်နဝါရီ ၁၆ရက်အထိ ထပ်မံရက်တိုးဆောင်ရွက်ပေးသွားမယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန က ဇန်နဝါရီ ၃ ရက်မှာ အသိပေးကြေညာပါတယ်။
 
ထိုင်းနိုင်ငံ၊ နခွန်စဝမ်ခရိုင်အတွင်း ပွဲစား ခ အဖြစ် တစ်ဦး ဘတ်၂သောင်းစီးပေးခဲ့ရပြီး အလုံပိတ်ကား စီးနင်းလာရတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သား ၂၅ဦး ကို ထိုင်း အဝေးပြေးရဲတပ်ဖွဲ့က စစ်ဆေးဖမ်းဆီးနိုင်ခဲ့တယ်လို့ အဝေးပြေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
 
ဇန်နဝါရီ၄
 
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်၃ ကCOSTEC အထည်ချုပ်စက်ရုံတွင် လုပ်လစာထိုးပေးရန် ၆ ရက်ကြာ တောင်းဆိုပြီး JOC အထည်ချုပ်လို့အမည်ပြောင်းကာ တနာရီ လုပ်ခ ၂၅ ကျပ်တိုးပေးလိုက်တယ်လို့ Myanmar Labour Newsကို အလုပ်သမားတွေကပြောပါတယ်။
 
စစ်ကော်မရှင်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်တဲ့ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့အားဖြင့် အကျဉ်းထောင်၊အချုပ်ထောင်အသီးသီးမှ အကျဉ်းသား၊အကျဉ်းသူ ၆၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သက်ခွင့်ပေးတယ်လို့ ဇန်နဝါရီ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
 
တပတ်တာ သတင်းအနှစ်ချုပ်ကို မုဒြာက စုစည်းပေးထားတာပါ။

Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026