NEWS

တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဒီဇင်ဘာ၁၅-ဒီဇင်ဘာ၂၁)

CoverLogo
139 Views
Myanmar Labour News မှာ ဒီဇင်ဘာ (‌၁၅) ရက်ကနေ ဒီဇင်ဘာ(၂၁) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ 

ဒီဇင်ဘာ၁၅


လှိုင်သာယာမြို့နယ်၊ မြစိမ်း‌ရောင်စက်မှုဇုန် ကMyanmar Huasheng Golden Fashion အထည်ချုပ် စက်ရုံမှာ စစ်ကော်မရှင် အလုပ်သမားဝန်ကြီး လာရောက်ပြီး နောက် အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ်ခံခဲ့ရတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ် ။


Myanmar Labour News  ရဲ့ English ပိုင်း အင်တာဗျူးစကားဝိုင်းကဏ္ဍတင်ဆက်မှု


ဒီဇင်ဘာ ၁၆

လှိုင်သာယာမြို့နယ်၊ မြစိမ်း‌ရောင်စက်မှုဇုန်က Win Land Co,.Ltdစက်ရုံ မန်နေဂျာ ဆိုသူက လက်အောက်ဝန်ထမ်း အလုပ်သမာတွေကို ရိုင်းစိုင်းစွာ ဆဲဆို ခိုင်းစေပြီး တာဝန်မဟုတ်တဲ့ သီးခြားအလုပ်တွေကို ခိုင်းစေနေတယ်လို့  မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။


ထိုင်းရောက် မြန်မာရွေ့ပြောင်းလုပ်သားတွေ စာရွက်စာတမ်း အတု ဖြင့် လျော်ကြေးငွေ တောင်းခံ ခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဟု ဗန်ကောက်ရှိ မြန်မာသံရုံး ထုတ်ပြန်ထားပါတယ်။


လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂)ကMyanmar LNY (2) CAPS Co,Ltd (ဦးထုပ်)စက်ရုံမှာရှိတဲ့ အလုပ်သမားတွေကို ရာထူးချ ဌာနပြောင်း လုပ်ခလစာလျှော့ချတာတွေ ပြုလုပ်နေတယ်လို့  မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM)ကို အလုပ်သမားတွေက ပြောပါတယ်။

မြန်မာအလုပ်သမားကဏ္ဍက လူ့အခွင့်အရေး၊  နိုင်ငံတာအဖွဲ့အစည်းတွေနဲ့ ဥပဒေ ပြဌာန်းချက် ချိုးဖောက်မှု တွေကို စောင့်ကြည့်ပြီး တွေ့ရှိတဲ့ အချက်အလက်တွေကို Myanmar Labour Society က လစဉ် ထုတ်ပြန် နေပါတယ်။

ဒီဇင်ဘာ  ၁၇

ရန်ကုန်မြို၊ ရွှေသံလွင်စက်မှုဇုန်က Saifeom International Garment Myanmar အထည်ချုပ်စက်ရုံမှာ တနင်္ဂနွေ အလုပ်ပိတ်ရက်တွေမှာပါ လုပ်ကိုင်ခိုင်းနေလို့  ပိတ်ရက်မရှိ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM  ကို ပြောတယ်လို့ သိရပါတယ်။


လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင် စက်မှုဇုန်က Myanto Garment စက်ရုံမှာလစာအတွက် ဘဏ်ကတ် တွေအတင်းအကျပ် လုပ်ခိုင်းရာမှာ မှတ်ပုံတင်ကြောင့်အခက်ခဲဖြစ်နေတဲ့အခြေအနေတွေရှိနေကြောင်း အလုပ်သမားတွေက Myanmar Labour News ကိုပေးစာ ပေးပို့ထားပါတယ်။


ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက် လာလို့ အဖမ်းခံရတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ဒီဇင်ဘာ ၁၆ ရက် တစ်ရက် ထဲ မှာ တင်  အယောက် ၇၀ကျော် ရှိကြောင်း ထိုင်းသတင်းတွေရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။

ဒီဇင်ဘာ၁၈

လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်က
Haejii (Myanmar) apparel (အထည်ချုပ်) စက်ရုံ ခွင့်ရက်နဲ့ ခွင့်ခံစားခွင့် မပေးဘဲ လစာဖြတ်နေတယ်လို့ အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM  ကို ပြောတယ်လို့ သိရပါတယ်။




ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ၊ရွှေလင်ဗန်းစက်မူဇုန် ၊ဆိပ်ကမ်းသာလမ်းက Tianjin fashion Milestoneအထည်ချုပ်  စက်ရုံကမန်နေဂျာက ဝန်ထမ်း‌တွေ အပေါ်ကို ခွဲခြားဆက်ဆံနေသလိုQC မစစ်ဘဲ အထည်တွေကွန်တိန်နာတင်တာရှိနေကြောင်း Myanmar Labour Newsကို ပေးစာပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် ရှိ စက်ရုံ ကို အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးရာ အထောက်အထားမရှိ တဲ့   မြန်မာရွှေ့ပြောင်း လုပ်သား ၃၀၀ခန့် အဖမ်းခံရကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။


ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ပတ္တြမားလမ်း အမှတ် (၈၇/၈၈) တွင် ဖွင့်လှစ်ထားတဲ့ Bontech အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂဖြိုခွဲရေး ဖိအားပေးမှုများ ဖြစ်ပွားခဲ့တယ်လို့ ရွှေပြည်သာမြို့နယ် အထည်ချုပ်အလုပ်သမားအဖွဲ့အစည်းထံမှ သိရပါတယ်။


အမျိုးသမီးကိုးဦး ကို ပြည့်တန်ဆာ အဖြစ် ခိုင်းစေကာ ရရှိတဲ့ ငွေကြေးအကျိုးအမြတ်တွေကို ခေါင်းပုံဖြတ် ရယူသူတွေကို လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေဖြင့် အရေးယူခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။


ဒီဇင်ဘာ၁၉

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ စံခလပူရီမြို့နယ်ထဲ ရှိ တောထဲ မှာ ပုန်းအောင်းနေတဲ့  တရားမဝင် ဝင်ရောက်လာကြသော  မြန်မာနိုင်ငံသား ၄၃ဦးကို ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းမှာ  ထိုင်းလုံခြုံရေး ပူးပေါင်းအဖွဲ့တွေက စီးနင်းဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေရဲ့ ဖေါ်ပြချက်အရသိရပါတယ်။
တောင်ကိုရီးယား နိုင်ငံ ရှိ သစ်အချောထည် ထုတ်လုပ်တဲ့ စက်ရုံ မှာ လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား တစ်ဦးဟာ မိမိကိုယ်ကို ကြိုးဆွဲချ ကာ အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ် လို့ ကိုရီယားရောက် မြန်မာလုပ်သားအရေး ကူညီနေသူတွေထံကနေသိရပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေ အတွက် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် CIစာအုပ်သက်တမ်းတိုး ထုတ်ပေးရေး လုပ်ငန်းစဉ် ကို ၂၀၂၅ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ပြုလုပ်ပေးမယ်လို့စစ်ကော်မရှင်လက်အောက်ခံ ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးက ဒီကနေ့ မှာ ထုတ်ပြန်လိုက်ပါတယ်။


Myanmar Labour News ရဲ့ တပတ်ကြာအတွင်းကုန်ဈေးနှုန်းကဏ္ဍမှာတော့ရွှေ၊ ဒေါ်လာဈေးပြန်တက်လာကာ ရွှေ၁ကျပ်သားသိန်း၉၀ရှိပေမယ့် အခြေခံပြည်သူတွေ ဝင်ငွေထွက်ငွေမမျှတဖြစ်နေတဲ့အကြောင်းဖော်ပြခဲ့ပါတယ်။


ဒီဇင်ဘာ ၂၀

ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ ​တွေက တဆင့် ပြည်ပသွားရောက်မယ့်  အလုပ်သမား တွေ ဆီကနေ ဝန်ဆောင်ခ ကို သတ်မှတ်ထားတဲ့ ပမာဏ ထက် ပိုမိုကောက်ခံပါက ဝန်ကြီးဌာနထံ တိုင်ကြား နိုင်တယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမား ဝန်ကြီးဌာနက အသိပေးထားပါတယ်။


ထိုင်းနိုင်ငံ ချာချင်ဆောင်ပြည်နယ် က တရုတ်လုပ်ငန်းရှင်ပိုင် ကားအကူပစ္စည်းထုတ်လုပ်တဲ့  စက်ရုံမှာလုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၁၇ဦး ကို အလုပ်ရှင်က ကြိုတင်အကြောင်းကြားတာမျိုး မလုပ်ဘဲ အလုပ်မှ ထုတ်ပယ်လိုက်တယ်လို​့ ၎င်းကိစ္စ ကို ကူညီပေးနေတဲ့ M.H.A.C မဟာမိတ်အဖွဲ့ ထံမှ သိရပါတယ်။

တပတ်တာ သတင်းအနှစ်ချုပ်ကို မုဒြာက စုစည်းပေးထားတာပါ။ 
#MyanmarLabourNews #WeeklyHighlights

Related posts

Cover
စစ်အာဏာသိမ်းမှု ၅ နှစ်အောက် ပိုဆိုးရွားလာနေသော အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုများ တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ၂၇-‌‌ ဖေဖော်ဝါရီ၁)
Feb 02, 2026
Cover
ရွှေဈေးသိန်းရာကျော်ခဲ့ပြီး ရွှေဆိုင်တွေအရောင်းရပ်ထားရ၊ အခြေခံကုန်ဈေးနှုန်း လိုက်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 31, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(ဇန်နဝါရီ၁၉-ဇန်နဝါရီ၂၅)
Jan 27, 2026
Cover
ရွှေဈေးသိန်း ၁‌၀၀ကျော်မှာ လုပ်ခလစာမတိုးတဲ့ လုပ်သားပြည်သူတွေ အခက်ပိုကြုံ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 27, 2026
Cover
စစ်ကော်မရှင်ရဲ့ အဝင်ခက်အထွက်ခက် အလုပ်သမားမူဝါဒအသစ် နဲ့ ပိုပိုဆိုးရွားနေလာတဲ့ စက်ရုံအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံမှုများ အပါအဝင် တစ်ပတ်တာသတင်း အနှစ်ချုပ်
Jan 18, 2026
Cover
နိုင်ငံခြားငွေဈေးပြန်တက်လာပြီး၊ ရွှေဈေးနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်လာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 17, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ ၅-ဇန်နဝါရီ၁၁)
Jan 11, 2026
Cover
ပြည်ပက တင်သွင်းရတဲ့ ဆေးဝါးနဲ့ သွင်းကုန်ပစ္စည်းပြတ်လပ်ပြီး ကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 11, 2026