NEWS

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဇူလိုင် ၂၇ ရက်နေ့ ထုတ်ပြန်မည်

CoverLogo
398 Views
 
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ကို လာမယ့် ဇူလိုင် ၂၇ရက် နံနက် ၆နာရီ မှာထုတ်ပြန်ကြေညာမယ်လို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေညာပါတယ်။
 
အောင်စာရင်း ထုတ်ပြန်မယ့် ဇူလိုင် ၂၇ ရက်နေ့ ၊ မနက် ၄ နာရီကစပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဝဘ်ဆိုက် မှာ ဝင်ရောက်ကြည့်ရှုနိုင်သလို သက်ဆိုင်ရာမြို့နယ်က စာစစ်ဌာနကျောင်းတွေမှာ တချိန်တည်း ကြေညာ ကပ်ထားမှာဖြစ် တယ်လို့သိရပါတယ်။
 
ဝေးလံတဲ့ ဒေသ မှာရှိတဲ့ စာစစ်ဌာနတွေနဲ့ အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိတဲ့ စာစစ်ဌာနတွေရဲ့ အောင်စာရင်းကိုတော့ မြန်မာ့အသံရေဒီယို အစီအစဉ်ကနေ အောင်စာရင်း ထွက်တဲ့နေ့မှာ ကြေညာပေးမယ်လို့ဆိုထားပါ
တယ်။
 
ယခုထုတ်ပြန်မယ့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း မှာ ယခုနှစ်မတ်လ အတွင်းက ဖြေဆိုခဲ့တဲ့စာဖြေလွှာတွေနဲ့ အတူ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မီးလောင်မှုဖြစ်ပွားကာ ပျက်စီးခဲ့ရတဲ့စာဖြေလွှာ တွေ အတွက် ပြန်လည်ဖြေဆိုရတဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့နေပြည်တော်ရှိ ကျောင်းသားကျောင်းသူတွေရဲ့ အောင်စာရင်းတွေ ကို ပါ ထုတ်ပြန်မှာ ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
 
၂၀၂၅ ခုနှစ် မတ်လ မှာ ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ကို ဝင်ရောက်ဖြေဆိုတဲ့ကျောင်းသား ကျောင်းသူ ၁၅၀၀၀၀ ဝန်းကျင်ရှိခဲ့ပြီး ငလျင်ကြောင့် စာဖြေလွှာတွေ မီးလောင်သွားတဲ့ အတွက် ပြန်လည် ဖြေဆိုရတဲ့ ကျောင်းသား၊ ကျောင်းသူ ၆၀၀၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

Related posts

Cover
ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ မှ စပြီး အပိုင်း လိုက် ကျင်းပမည်ဟု စစ်ကော်မရှင် ကြေညာ
Aug 18, 2025
Cover
တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းကို တိုကင်စနစ် ဖြင့် ထုတ်ပေးမည်ဟုဆို
Aug 17, 2025
Cover
နိုင်ငံကူးလက်မှတ်ပြုလုပ်သူ နည်းလာ
Aug 14, 2025
Cover
လွတ်ရက်စေ့ပြီး ထောင်ဗူး၀တွင် ပြန်အဖမ်းခံရသည့် နိုင်ကျဉ်း ၇၄ ဦး အထိ ရှိလာ
Aug 11, 2025
Cover
လာမည့် ၁၀ရက် အတွင်း မြစ်ရေများ လက်ရှိရေအမှတ်ထက် ၁ ပေမှ ၅ ပေအထိ မြင့်တက်မည်
Aug 11, 2025
Cover
နိုင်ငံကူးလက်မှတ် PJ အမျိုးအစား မှ PE အမျိုးအစား သို့ ပြောင်းလဲ ပြုလုပ်ခွင့် ပိတ်ပင်ခံရ
Aug 11, 2025
Cover
တစ်နိုင်တပိုင်လုပ်ငန်းငယ်တွေ အလုပ်သမားခေါ်ဖို့အခက်တွေ့လာ
Aug 11, 2025
Cover
ဆာဗာချိုယွင်းမှုကြောင့်ဆိုကာ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်း ထုတ်ပေးမှု ယာယီရပ်ဆိုင်း
Aug 05, 2025